Latest Highlight

မရမ်းကုန်းမဲဆန္ဒနယ်မြေ အတွင်း မဲစာရင်းနောက်တိုးပြင်ဆင်ချက် ၄သောင်းနီးပါးထိရှိနေ

ဧပြီလ၁ရက်တွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက်ဆန္ဒမဲပေးနိုင်သည့်မဲအရေအတွက်ကွာဟမှု
များဖြစ်ပေါ်လျှက်ရှိရာ မရမ်းကုန်းမဲဆန္ဒနယ်မြေအတွင်း မဲစာရင်းနောက်တိုးပြင်ဆင်ချက်မှာ ၃၆၀၀၀ကျော် ရှိနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းကပြောသည်။

“မရမ်းကုန်းမဲဆန္ဒနယ်မြေ တစ်ခုတည်းမှာကိုပဲစာရင်းကွာလို့ ပြင်တာအယောက် ၃၆၀၀၀ ကျော်နေပြီ မဲစာရင်းမမှန်တဲ့တွက် တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် လိုက်ပြင်နေရတယ် သူတို့မဲစာရင်းပြင်ဖို့ ရက်တိုးပေးထားတဲ့ ၂၄ ရက်နေ့ အထိပြီးမယ် မထင်ဘူး တစ်ခြားနေရာတွေမှာလဲ မဲစာရင်းကွာဟနေတာတွေရှိသေးတယ်” ဟု၎င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ရမည့် လစ်လပ်နေရာ များမှာ ကော့မှုး၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့ဖြစ်သည်။
Credit Here :

Write A Comment

Rohingya Exodus