အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏မြန်မာနိုင်ငံဆ မူဝ |
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး Mr.Derek Mitchell သည် မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက်ခရီးစဉ်အဖြစ် မတ်လ ၁၁ရက်နေ့တွင် လာရောက်ခဲ့ပြီး ယနေ ၁၄-၃-၂၀၁၂ ညနေ ၄နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် နှစ်နာရီနီးပါးခန့် တွေ့ဆုံးဆွေးနွေးကြကြောင်းသိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုအပြီးတွင် သတင်းထောက်များအားရှင်းလင်းပြောကြားရာတွင် အမေရိကန်နိုင်ငံ၏ မြနိမာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်Mr.Derek Mitchell က ´´ခုနှစ်လအတွင်း မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက်လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများမှာ အလွန်ပင်အကျိုးရှိသည့် ဆွေးနွေးမှုဖြစ်ပါကြောင်း၊ နေပြည်တော်တွင် တွေဆုံဆွေးနွေးမှုများမှာလည်း အလွန်အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှုများဖြစ်ကြောင်း ၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေးအတွက် နေပြည်တော်တွင် ဆွေးနွေးခဲ့သော်လည်း တိကျသေချာသောအာမခံမှုမျိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ရေးသည် မိမိတို့အတွက် အလွန်အရေးကြီးပါကြောင်း´´ ဟု ရှင်းလင်းပြောကြားပါသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အောက်ပါအတိုင်းဆက်လက်ပြောကြားပါသည်။
´´လာမယ့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို စဉ်ဆက်မပြတ်စောင့်ကြည့်စေလိုကြောင်း၊ ပြည်သူသည်သာ ပထမဆိုသည့်နိုင်ငံရေးမျိုးကို မိမိတို့လိုလားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် ပြည်သူများကို ကိုယ်စားပြုနိုင်ရေးအတွက် မိမိတို့၏ရာထူးများကို အပြည့်အ၀အသုံးချသင့်ကြောင်း´ စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မြန်မာ့မီဒီယာသတင်းများမှကောက်နှုတ်ဖော်ပြပါသည်။