တပ်သားကျော်ဇင်ဝင်း၏နောက်ဆက်တွဲသတင်း

အင်းကောင်းအမြောက်တပ်၏တပ်ရင်းမှုးမှာ ဗိုလ်ချုပ်မြ၀င်းဖြစ်ပြီးလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦးဖြစ်သည်ဟုသိရှိရသည်။
တပ်သားကျော်ဇင်ဝင်းအားဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စအားကန့်ကွက်ကြောင်းနှင့် ထိုကိစ္စနှင့်ပါတ်သက်၍ဖြေရှင်းပေးပါရန်၊ အမှန်တကယ်ဖမ်းဆီးထားခြင်းမဟုတ်ပါကလည်း
တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကော်မရှင်ရုံး
သို့စာတင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
တပ်သားကျော်ဇင်ဝင်း၏နောက်ဆက်တွဲသတင်း ဖြည့်စွက်ချက်
အင်းကောင်း အမြောက်တပ်သည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ဟောင်း ဦးမြ၀င်း တပ်ရင်းမှူးလုပ်ခဲ့သည့် တပ်ဖြစ်သည်။
ယခုလ ၆ ရက်က တပ်သားကျော်ဇင်ဝင်းလွတ်မြောက်လာသည်ဟု သတင်းရသောကြောင့် NLD အဖွဲ့ဝင်များက လိုအပ်သည်များကူညီဖြည့်ဆည်းပေးရန် သွားရောက်တွေ့ဆုံခွင့်တောင်းရာ တွေ့ခွင့်မရခဲ့ဘဲ မြေအောက်ခန်းထဲတွင်ချုပ်နှောင်ထားသည်ကို သိရှိခဲ့ရကြောင်း တောင်ကြီးမြို့ NLD အဖွဲ့ဝင်တစ်ဦးကပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရရှိသေးပေ။
Source :YPI