သတ္တိရှိမှုကို ပြသနိုင်သလို စည်းကမ်းရှိမှုနဲ့ ညီညွတ်မှုကိုပါ ပြသဖို့ ကိုမင်းကိုနိုင် တိုက်တွန်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ မတ်လ ၅ ရက်နေ့က ချောက်မြို့ NLD ဆိုင်းဘုတ်တင်ပွဲအပြီး မကွေးမြို့ကိုအသွား ရေနံချောင်းမြို့မှာ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပြီး နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရေနံချောင်းမြို့က ကျောင်းသားတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ဂုဏ်ပြုပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။ အဲ့ဒီနောက် ရေနံချောင်းမြို့ပြည်သူတွေကို သတ္တိရှိတာကို ပြနိုင်သလို စည်းကမ်းရှိမှုနဲ့ ညီညွတ်မှုကိုလဲ ပြသနိုင်ရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။