Latest Highlight

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကျင်းပ

Credit : Written by ကိုကို (ရွှေလုံး)

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ အခမ်းအနားကို ယနေ့ (မတ်လ ၂၇ ရက်နေ့) ညနေ ၄ နာရီ အချိန်က၊ ရန်ကုန် တက္ကသိုလ် ယုဒဿန် ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသော ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေး​ဖော်ဆောင် ရန် ငြိမ်းချမ်းရေး လှုပ်ရှားမှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၂၄ နှစ်တာ ကာလအတွင်း ရန်ကုန် တက္ကသိုလ်မြေသို့ ပထမဆုံး ရောက်ရှိလာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က “အများစုက ငြိမ်းချမ်းရေးကို ဘယ်လောက် တောင့်တယ်ဆိုတာ ဖော်ထုတ်နိုင်ဖို့  ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ကိုလုပ်ဖို့ လိုအပ်ပါတယ်။ အရင် အမှောင်ခေတ်တုန်းက အကျဉ်းထောင်တွေ၊ လမ်းတွေပေါ်မှာ အသက်ပေးခဲ့ရတယ်။ ဒါကြောင့် အခုခေတ် အချိန်မှာ ပြောရဲ၊ ဆိုရ၊ဲ နားထောင်ရဲ၊ ကြည့်ရဲရမယ်။ ငြိမ်းချမ်းရေးအတွက်၊ တရားမျှတမှုအတွက် အကြောက်တရား မရှိရဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပက်သက်လို့ ပြောရင် အခု စစ်ခေါင်းဆောင်တွေ အချင်းချင်း ငြိမ်းချမ်းရေး ဆွေနွေးကြ တာ မအောင်မြင်ကြဘူး။ ဒါ ကျွန်တော်တို့ အပြစ်တင်တာ မဟုတ်ပါဘူး။ ပကတိကို ပြောနေတာပါ။ စစ်ဘေးရဲ့ ဒုက္ခတွေကို တက်​ခေါက်​နေတဲ့ တိုင်းရင်းသားတွေ၊ ကလေးတွေရဲ့ ငိုသံတွေ၊ နာကျဉ်း ရှိုက်နေတဲ့ ပြည်သူတွေ၊ သူတို့ကိုယ်စား ကျွန်တော် တို့​တွေ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမယ်။ ဒါကို နိုင်ငံတကာက ကြားအောင် ကမ္ဘာ့ခေါင်မိုးပေါ် တက်ပြီး အော်ရမယ်။” ဟု​ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဖိတ်ကြားထားသူများနှင့် မီဒီယာများ တက်ရောက်ခဲ့ ကြပြီး၊ တက်ရောက် လာသူများက ငြိမ်းချမ်းရေးအတွက် ဆုတောင်းမှု ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းရေး ကဗျာများလည်း ရွတ်ဆို ခဲ့ကြသည်။



Photo by ကိုကို (ရွှေလုံး)

Write A Comment

Rohingya Exodus