အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများသို့

by Swe Swe Kyi

by Swe Swe Kyi

နယူးရောက်မြန်မာသံအမတ် ဦးသန်းဆွေ
လေးစားစွာဖြင့်
-မြန်မာအစိုးရဟာ ဆန်ရှင်ရုတ်သိမ်းရေးအတွက် စစ်အစိုးရလက်ထက်မှစပြီး အောက်လမ်းနည်းမျိုးစုံ သုံးခဲ့သော်လည်း သက်သေပြနိုင်ဖို့ ခက်ခဲ့ပါတယ်။
-သမ္မတဦးသိန်းစိန်အစိုးရဟာ အမေရိကန်ဆန်ရှင်ရုတ်သိမ်းရေးအတွက် နယူးရောက်ရှိ ကုလသမဂ္ဂ မြန်မာအမြဲတန်းကိုယ်စားလှယ်အဖွဲ့ကတဆင့် နယူးရောက် တရုတ်မြန်မာအသင်းကို ခုတုံးလုပ်ပြီး အိုဘားမားနှင့် ဆီနိတ်တာများကို ဖိအားပေးတဲ့ အောက်လမ်းနည်းသုံးလာတာတွေ့ရပါတယ်။
-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးသန်းဆွေကနေ နယူးရောက် တရုတ်မြန်မာအသင်းကို ဖိအားပေးပြီး ဆန်ရှင်ဖွင့်ပေးအောင် အမေရိကန်သမတကို စာရေးခိုင်းတာ သက်သေအထောက်အထားနဲ့တကွ တတ်နိုင်သူတွေက ဖော်ထုတ်တင်ပြထားပါတယ်။ ဒီအထောက်အထားတွေဟာ လွယ်လွယ်ကူကူ ရခဲ့တာမဟုတ်ပါ။ ခုဆိုရင် ဒီအထောက်အထားတွေ ပေါက်ကြားမှုအတွက် နေပြည်တော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီဖြစ်ပါတယ်။
-ဒီအထောက်အထားတွေကို အင်္ဂလိပ်ဘာသာပြန်ပြီး မြန်မာအစိုးရ ကလိမ်ကကျစ်နည်းနဲ့ ဆန်ရှင်ဖွင့်အောင်လုပ်နေတယ်ဆိုတာ သမ္မတ အိုဘားမားနဲ့ အမေရိကန် ဆီနိတ်တာတွေထံ Burma Campaign U.S ဦးအောင်ဒင်တို့လို စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းတို့လို ပုဂ္ဂိုလ်တွေက အမြန်ဆုံးတင်ပြမယ်ဆိုရင် မြန်မာအစိုးရ အရှက်ရပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေကို အမြန်ဆုံးပြုပြင်ပေးအောင် ဖိအားပေးနိုင်မှာဖြစ်ပါတယ်။
-နယူးရောက်မှ မိုးသီးဇွန်တို့လို လှုပ်ရှားသူတွေကလဲ အလားတူ သမ္မတ အိုဘားမားနဲ့ အမေရိကန် ဆီနိတ်တာတွေထံ စာရေးကြမယ်ဆိုရင် ဦးသိန်းစိန်အစိုးရကို ဖိအားပေးနိုင်တဲ့ ကြီးမားတဲ့ ကမ်ပိန်းကြီး ဖြစ်လာနိုင်ပါကြောင်း တိုက်တွန်းအပ်ပါတယ်။
အမေရိကန် သမ္မတနှင့် ဆီနိတ်တာများထံရေးသည့်စာတွင် ပူးတွဲတင်ပြသင့်သည့် အထောက်အထားများ