Latest Highlight

ဖုန်းမော် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မည်



  ၁၉၈၈ အရေးအခင်း ဖြစ်ပွားရခြင်း အကြောင်းအရင်း များအနက် တစ်ခု အပါအဝင် ဖြစ်သော ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကွယ်လွန်ရခြင်း (၂၄) နှစ်မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီ ခန်းမတွင် မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တစ်ဦးက ပြောကြားသည်။

ယင်းအခမ်းအနားတွင် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ၁၉၈၈ ခုနှစ် မတ် ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ တို့တွင် အသီးသီး ကျဆုံးခဲ့သော ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့အတွက် အောက်မေ့ဖွယ်ရာများ ပြောကြားမည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း ယင်းအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။



မတ်လ (၁၃)ရက်၊ ၂၀၁၂ ခုနှစ်။ 
ကိုဖုန်းမော်ကျဆုံးခြင်း (၂၄)နှစ်မြောက် အမှတ်တရအခမ်းအနားတစ်ခုကိုရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများက ဦးစီးပြီး
ကျင်းပပြုလုပ်သွားဖို့  ပြင်ဆင်စိုင်းပြင်းနေကြတယ်လို့  သိရှိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ အနေနဲ့ ကိုဖုန်းမော်နေ့ အခမ်းအနားကို
ဝိုင်းဝန်းပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားကြောင်း၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ယောက်က ပြောဆိုပါတယ်။

ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ နေရက်ကို"မြန်မာ့လူအခွင့်အရေးနေ"အဖြစ်ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများက အစဉ်တစိုက် ဖော်ညွှန်းသတ်မှတ်ခဲ့ကြပါတယ်။

Source : The Voice News

Write A Comment

Rohingya Exodus