ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် တွင် ဟောပြောသောမိန့်ခွန်းမှ ကောက်နှုတ်ချက် (အသံဖိုင်)
“ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် လမ်းပျဉ်းမနားရွာမကွင်း မိန့်ခွန်းပြောကြားစဉ်နှင့် ပောာကြားသောမိန့်ခွန်းကောက်နှုတ်ချက်´
“ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရသလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ”
“ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ”
“တစ်ခြားလူကို အားကိုးလို့မဖြစ်ဘူး ကိုယ့်ကိုယ်ကို အားကိုရမယ် ။ ဒီတော့ပြည်သူတွေကထင်တယ် ငါတို့ဒီလောက်တောင်အားနည်းနေတာ ၊တို့ဒီလောက်တောင်ဆင်းရဲနေတာ တို့မှာရှိစုလယ်တွေယာတွေတောင် ပျောက်သွားပြီဆိုကတည်းက ဘယ်လိုလို့ကိုယ့်ကိုယ်ကို အားကိုနိုင်မှာလည်းလို့ အဲဒီလို တစ်ချို့က စိတ်ထဲမှာတွေးတယ်။ ဒါပေမယ့်ပြည်သူတွေမှာဘာဖြစ်လဲဆိုတော့ တကယ်စဉ်းစားကြည့်လို့ရှိရင်ပြည်သူတွေရဲ့အင်အားဆိုတာနည်းတာမဟုတ်ဘူး ။ပြည်သူမရှိရင် နိုင်ငံဆိုတာ မရှိနိုင်ဘူး အဲဒါဘဲ။ အမြဲမှတ်ထားပါ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူရှိမှ တည်နိုင်မယ်ဆိုတာအမြဲမှတ်ထားပါ”
“နိုင်ငံဆိုတာ ထောက်ထားတဲ့ပြည်သူရှိရင် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး ဘယ်တော့မှ မမြင့်မားနိုင်လာနိုင်ဘူးဆိုတာ သေသေချာချာ စွဲစွဲမြဲမြဲ မှတ်ထားပါ´´
” ပြည်သူတွေရဲ့သြဇာလွှမ်းမိုးတဲ့စနစ်ဆိုတာ ဒီမိုကရေစီဘဲ ။ ဒီမိုကရေစီရဲ့အဓိပ္ပါယ်ဟာ ဒါပါဘဲ
“လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကိုတော့ လုပ်နိုင်အောင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်စွာလုပ်ရမယ်။ အဲဒါဟာဘ၀မှာ တိုးတက်ချင်ရင် ဒီလိုဘဲလုပ်ရမှာဘဲ
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရီ မြို့နယ်က ဟောပြောချက်။ (၀၅-၀၃-၂၀၁၂၊ ညနေ ၅ နာရီ) ဒီဗွီဘီ အသံဖိုင်နားဆင်ရန်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟောပြောပွဲ လူတသိန်းခန့် တက်ရောက်
ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနား ကျေးရွာတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
ယင်းမဲဆွယ် ဟောပြောပွဲသို့ ဒေသခံ လူတစ်သိန်းခန့်တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းမှ ဇေယျာသီရိမြို့နယ် ဂုံးမင်းအင်း ကျေးရွာ သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။
ရန်ကုန်တိုင်းမ်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ယင်းမဲဆွယ် ဟောပြောပွဲသို့ ဒေသခံ လူတစ်သိန်းခန့်တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းမှ ဇေယျာသီရိမြို့နယ် ဂုံးမင်းအင်း ကျေးရွာ သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။
ရန်ကုန်တိုင်းမ်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)