Latest Highlight

Tomás Ojea Quintana နှင့်ဒေါ်အောင်ဆန်းစုကြည်-၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့-တိုင်းရင်းသားအဖွဲ့များနှင့်တွေ့ဆုံ


ယနေ့ညနေ ၃း၃၀ နာရီတွင် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ Mr.Ojea Quintana လာရောက်ပြီးဒေါ်အောင်ဆန်းစုကြည်အား တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်.(Video)


ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့အား ဖေဖော်ဝါရီလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ရစဉ်


ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့အား ဖေဖော်ဝါရီလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ရစဉ်


ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် ၈၈မျိုးဆက်၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံခဲ့သည့် နည်းတူ တိုင်းရင်းသား အဖွဲ့များနှင့်လည်း ယနေ့ ညနေပိုင်းတွင် သီးခြားတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသား ကွန်ကရက်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဦးအေးသာအောင်တို့ အပါအ၀င် ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့် ကချင် တိုင်းရင်းသားအဖွဲ့များ ပါဝင်ခဲ့သည်ဟု သိရပါသည်။

"အဓိက ကတော့ဗျာ၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ သူ သိချင်တာတွေ ရှိတယ်။ အဲတာတွေကို မေးပါတယ်။ ကျွန်တော်တို့က ဒါတွေကိုပဲ ပြောပြ လိုက်ပါတယ်။ သူကတော့ ပြောတာတွေကို နားထောင်ချင်တဲ့ သဘောပါပဲ" ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဌ ဦးခွန်ထွန်းဦးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana နှင့် ၈၈ မျိုးဆက် ကျောင်းသားများ၊ ၂၀၀၇ မျိုးဆက် aကျာင်းသားများ ယနေ့ညဦးပိုင်းတွင် တွေ့ဆုံခဲ့ရာ၌ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီနှင့် ၂၀၀၇ မျိုးဆက်ကျောင်းသားများဘက်မှ ကိုကျော်ကိုကိုနှင့် ကိုစည်သူဇေယျတို့ ပါဝင်ခဲ့ကာ ညနေ ၆ နာရီမှ ည ၇နာရီ မိနစ် ၃၀ အချိန်ခန့်အထိ တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

မစ္စတာ Quintana နှင့် ၈၈ မျိုးဆက်ကျောင်းသားများတွေ့ဆုံရာ၌ ၈၈ မျိုးဆက်ကျောင်းသားများဘက်မှ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်စေရေး ကိစ္စ၊ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များထံသို့ ကူညီထောက်ပံ့ရေး လမ်းကြောင်း လျောလျောလျူလျူ ရောက်ရှိစေရေး ကိစ္စ၊ ပြည်တွင်း လူ့အခွင့်အရေး တိုးတက်မှုဖြစ်ပေါ်စေရေး ကိစ္စရပ်များကို ပြောဆိုခဲ့ကြောင်း တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ၈၈မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုပြုံးချိုက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

၈၈မျိုးဆက် ကျောင်းသားများ၏ ပြောဆိုမှုအပေါ် မစ္စတာ Quintana က ပြောကြားခဲ့ရာတွင် သူ့အနေဖြင့် ဖော်ပြပါ ကိစ္စရပ်များနှင့် ဆက်လျဉ်းသော အချက်များကို လုပ်ဆောင်ရန် အစိုးရတာဝန်ရှိသူများကို တိုတ်တွန်းခဲ့ကြောင်း၊ လူအခွင့်အရေးဆိုင်ရာ တိုးတက်မှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ဆောင်သင့်သည့် အချက်များကို ယခင်ခရီးစဉ်များကတည်းက တင်ပြထားကြောင်းနှင့် ထိုအချက်များကိုပင် ဆက်လက် အကောင်အထည်ဖော်ရန် ယခုခရီးစဉ်၌ အစိုးရ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်းနှင့် အရာအားလုံးမှာ ဖြည်းဖြည်းမှန်မှန်ဖြင့် တစ်ဆင့်ချင်း ဖြစ်လာလိမ့်မည်ဟု ထင်မြင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရပါသည်


Source : EMG


Write A Comment

Rohingya Exodus