Latest Highlight

မတ်လ ၁ ရက်မှစ၍ လိုင်းဖုန်းများ Preapaid စနစ် စတင်ပြောင်းလဲမည်

Photo : myanmartimes
၂၀၁၂ ခုနှစ် မတ် ၁ ရက်မှ စတင်၍ (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း(လိုင်းဖုန်း)များကို Postpaid စနစ်မှ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ် ဏမနစငေိ စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့်ပုံစံများကို အော်တိုတယ်လီဖုန်းရုံး အမှတ်(၁၀၃) လမ်း (၄၀) ကျောက်တံတားမြို့နယ်တွင် အခမဲ့ရယူဖြည့်သွင်း ဆန္ဒပြုနိုင်ကြောင်း သိရှိရသည်။

ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ရာ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ကြောင်း၊ Prepaid စနစ်သို့ ပြောင်းလဲလိုသည့် တယ်လီဖုန်းများသည် ၁-၃-၂၀၁၂ ရက်မှ စတင်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်းတွင် ငွေဖြည့်ကတ် (Top-Up-Card) များဖြင့် ငွေဖြည့်သွင်း၍ အသုံးပြုရမည်ဖြစ်သည်။

Prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများသည် Prepaid စနစ်သို့မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်းခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး ကြိုတင်ငွေပေးသွင်းထားသော တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက် ပိုငွေကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည်ဖြစ်သည်။

ဌာနဆိုင်ရာနှင့် All in FE တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့်ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ Prepaid Top-Up-card များကို အမှတ်(၁၀၃) လမ်း(၄၀) ကျောက်တံတားမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ်(၄၆၅/၄၆၉) မဟာဗန္ဓုလလမ်း ပန်းဘဲတန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းရုံးတို့တွင် ဦးစွာ ရောင်းချပေးသွားမည်ဖြစ်ပြီး တယ်လီဖုန်းအခွန်ငွေ လက်ခံသည့် စခန်းများတွင်ပါ ရောင်းချပေးသွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Call Center ဖုန်း-၁၈၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

Source : Planet 

Write A Comment

Rohingya Exodus