အဲကမ္ဘောဇလေယာဉ် သံတွဲတွင်ရှေ့ဘီးကျိုးသဖြင့် ဗိုက်ဖြင့်ဆင်းသက်ခဲ့ရ
အဲကမ္ဘောဇလေကြောင်လိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၁၀နာရီ ၅၅ မိနစ်တွင် ဟဲဟိုးလေဆိပ်မှပျံသန်းထွက်ခွာလာပြီး သံတွဲလေဆိပ်သို့အဆင်းတွင် လေယာဉ်ရှေ့ဘီးကျိုးသွားသဖြင့် ၀မ်းဗိုက်ဖြင့်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
အဆိုပါလေယာဉ်တွင် ခရီးသည် ၅၂ ယောက် လိုက်ပါစီးနင်းခဲ့ပြီး၊ ခရီးသည်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သံတွဲလေဆိပ်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် ပြင်သစ်နိုင်ငံလုပ်ART- 72(500) လေယာဉ်အမျိုးအစားဖြစ်ကြောင်း အဲကမ္ဘောဇလေကြောင်းလိုင်းမှ စုံစမ်းသိရှိရပါသည်။
Source : သန်းနိုင်ဦး ( Yangon Media Group )
အဆိုပါလေယာဉ်တွင် ခရီးသည် ၅၂ ယောက် လိုက်ပါစီးနင်းခဲ့ပြီး၊ ခရီးသည်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သံတွဲလေဆိပ်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။
အဲကမ္ဘောဇ ဝမ်းဗိုက်နှင့် ဆင်းသက်ခဲ့ ရပုံ |
အဲကမ္ဘောဇလေယာဉ်က ဟဲဟိုးလေဆိပ်ကနေထွက်ခွာလာပြီး သံတွဲလေဆိပ်ကိုဆင်းသက်မှုပြုလုပ်ရာတွင် ယခုကဲ့သို ဖြစ်ပွားခြင်း ဖြစ်တာပါ။ ခရီးသည်တွေအားလုံးကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ လေဆိပ်မှာ စောင့်ရှောက်ထားပါတယ်၊ ယခုခရီးသည်တွေကို ရန်ကုန်ပြန်နိုင်အောင် အဲကမ္ဘောဇလေယာဉ်တစ်စီးထပ်မှာထားပါတယ်´´ဟု သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါလေယာဉ်သည် ပြင်သစ်နိုင်ငံလုပ်ART- 72(500) လေယာဉ်အမျိုးအစားဖြစ်ကြောင်း အဲကမ္ဘောဇလေကြောင်းလိုင်းမှ စုံစမ်းသိရှိရပါသည်။
Source : သန်းနိုင်ဦး ( Yangon Media Group )
Photo: Caution Point