Latest Highlight

ကုလသမဂ္ဂထိပ်တန်းအရာရှိကြီး များပါဝင်သောနိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်


ကုလသမဂ္ဂထိပ်တန်းအရာရှိကြီးများပါဝင်သော စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေး ပွဲကြီးတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ရှိ MICC ( Myanmar International Convention Center ) တွင် ကျင်းပသွားရန် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးမှ သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲအတွက် UM မှ တာဝန်ရှိသူများက ပြည်တွင်းရှိအဝေးပြေးကားဝန်ဆောင်မှု လုပ်ငန်းစုကြီးများထံတွင် အဆင့်မြင့်ကားကြီးများ လိုက်လံငှားရမ်းမှုများရှိခဲ့သည်ဟု သိရသည်။
´´ဖေဖော်ဝါရီလ ၁၂ အတွက် ကားကြီးတွေလာပြီးငှားနေတယ်။ အသက်အာမခံကိစ္စတွေရော၊ အာမခံမျိုးစုံအတွက်ပါ စုံစမ်းကြတာ´´ဟု JJ Express မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ´´လာမည့် ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲကြီးတစ်ခုရှိတယ်။ နေပြည်တော် MICC မှာလုပ်မှာ။ UN က အရာရှိကြီးတွေလာကြမယ်´´ ဟု UN ၏ အရာရှိတစ်ဦးဖြစ်ခဲ့ဖူးသူ ပါမောက္ခ ဒေါက်တာတင်မြင့်ဦးက ပြောကြားသည်။ 

´´ဘန်ကီမွန်း ပါ မပါတော့မသိပါဘူး။ UN ရဲ့ အကြီးအကဲတွေ ပါလာမယ်လို့ ပြောတယ်။ စာတမ်းဖတ်ပွဲက သုံးရက်၊ အလုပ်ရုံဆွေးနွေးပွဲက တစ်ရက်ကြာ မယ်။ မြန်မာနိုင်ငံဘက် အစိုးရ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ နိုင်ငံရဲ့ ထိပ်တန်ပုဂ္ဂိုလ်တွေပါလာမယ်။ ဆရာကိုယ်တိုင်လည်း Workshop တစ်ခုကို ဦးဆောင်ပြီးလုပ်ပေးရဦးမယ်´´ဟု UN ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။ 

Source : အေ၀ိုင်အီး(ပြည်မြန်မာသတင်းဂျာနယ်)


Write A Comment

Rohingya Exodus