Latest Highlight

အကြွေးပြန်ဆပ်ရန် မြန်မာကို ကမ္ဘာ့ဘဏ်သတိပေး

မြန်မာနိုင်ငံအနေနဲ့ ယူထားတဲ့အကြွေးတွေ ပြန်ဆပ်ဖို့ ကမ္ဘာ့ဘဏ်က သတိပေး ပြောကြားလိုက်ပါတယ်။
အကြွေးတွေ ပြန်ဆပ်မှသာ ကမ္ဘာ့ဘဏ်ရဲ့ ဘဏ္ဍာရေး အကူအညီ၊ အထောက်အပံ့၊ ချေးငွေအသစ်တွေ မြန်မာနိုင်ငံက ထပ်ရနိုင်မယ်လို့ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ကြွေးကျန်နိုင်ငံ ဘယ်နိုင်ငံကိုမဆို ရန်ပုံငွေထောက်ပံ့ခွင့် မရဘူးလို့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံလိုက်ရစဉ်က ကမ္ဘာ့ဘဏ်အနေနဲ့ ချေးငွေပေးလို့ မရခဲ့ကြောင်း ကမ္ဘာ့ဘဏ် စီမံခန့်ခွဲမှု ဒါရိုက်တာ ဂျူအန် ဟိုဆေး ဒါဘောက်က အေဘီစီ သြစတြေးလျသတင်းဌာနမှာ ပြောကြားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ဆီမှာ အကြွေး ဘယ်လောက် တင်နေသလဲဆိုတာတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာတော့ မြန်မာနိုင်ငံမှာ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် (ဒေါ်လာ သန်းပေါင်း ၁သောင်း ၁ ထောင်ကျော်) ပေးဖိုး ရှိတယ်လို့ ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက ထုတ်ဖော် ကြေညာခဲ့ပါတယ်။

၁၉၈၈ခုနှစ်မတိုင်ခင်ကသန်းပေါင်း၈,၄၀၀ ကျော်နဲ့၁၉၈၈ နောက်ပိုင်း ဒေါ်လာသန်းပေါင်း၂,၆၀၀ ကျော် ဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင် ယူထားတဲ့ အကြွေးတွေအနက် အများစုဟာ ဂျပန်နိုင်ငံကဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၆,၃၀၀
 ကျော်ရှိပါတယ်။၁၉၈၈ နောက်ပိုင်းယူခဲ့တဲ့အကြွေးတွေအနက်အများစုဟာတရုတ်နိုင်ငံကဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။

ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲနေမှုတွေကို တွန်းအားပေးတဲ့အနေနဲ့  ၂၅ နှစ်ကြာ ရပ်ဆိုင်း
ထားတဲ့စီးပွားရေးဆိုင်ရာ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံမှာ ပြန်စတော့မယ်လို့ မကြာခင် ရက်ပိုင်းက ကြေညာထားပါတယ်။

Credit Here:

Write A Comment

Rohingya Exodus