(နစက)များမှ လူသေအလောင်းများသင်ဂြိုတ်ခြင်းမပြုရန်တားမြစ်
Photo :Kaladan Press |
(မောင်တော)။ ။မောင်တောမြို့နယ်၊ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှု ဌာန (နစက) နယ်မြေ အမှတ် ၈ အတွင်း မြင်းလွှတ်ကျေးရွာ အုပ်စုအနီးရှိ နတ်မြတ် တလျှောက်တွင် ၁၀ ဦးထက်များ သော လူသေ အလောင်းများ ပေါလောပေါ်နေသည့်ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မှ စ၍ တွေ့နေရကြောင်း မြင်းလွှတ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။
၎င်းလူသေ အလောင်းများ ကို သယ်ယူခြင်းနှင့် သင်ဂြိုတ်ခြင်းမပြုရန် နစက နယ်မြေ ၈ ၏ နယ်မြေမှူးမှ တားမြစ် ထားကြောင်းသိရသည်။
၎င်း လူသေ အလောင်းများ မှာ လွန်ခဲ့သော လေးရက်နေ့တွင် နယ်မြေ ၈ နစက များမှ လူတဦးလျှင် ငွေ ၅၀၀၀၀ ယူ၍ ခွင့်ပြုထားသော မလေးရှာသွား ရိုဟင်ဂျာ စက်လှေစီးသမားများဖြစ်နိုင်ကြောင်း၊ ၎င်းစက်လှေမှာ ဘင်္ဂါလာ ပင်လယ်အော် တွင် ပျက်စီးနှစ်မြှုပ်သွားသည့်အတွက် သေဆုံးသူများဖြစ်နိုင်ကြောင်း ၎င်းကပင် ပြောပြသည်။
နစကများသည် လှေလူကုန်ကူးမှု တွင် ပါဝင် ပတ်သက် နေသည့်ကို ဖုံးကွယ်ရန် အတွက် နတ်မြစ်ထဲမှ လူသေ အလောင်းများကို သယ်ယူ၊ သင်ဂြိုတ်ခွင့် မပေးခြင်းဖြစ်သည့်ဟု ၎င်း ကျေးရွာနေ ကျောင်းဆရာတဦး၏ ပြောပြချက်အရ သိရသည်။
လူသေ အလောင်းများ မြစ်ကမ်းနားသို့ကပ်လာပါက မြစ်အတွင်းသို့ တွန်းချပေးရန် နစက မှ ရွာသားများကို ညွန့်ကြား ထားကြောင်း သိရသည်။
နစကများသည် လူသေ အလောင်းများကို ပျက်စီး ပျောက်ကွယ်ချင်သောလည်း လွန်ခဲ့သောနှစ် နိုဝင်ဘောလ ၂၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော နယ်မြေ ၇ နစကများမှ ငွေယူပြီး မလေးရှာ သွားရန် ခွင့်ပြုမှု၊ လူ ၁၃၈ ပျောက်သွားမှု၊ အလောင်း ပျောက်မှု စသည့်တို့ကို စစ်ဆေးရန် လူကုန်ကူးမှု အဖွဲ့ လာရောက်ခဲ့သည်များကို ကြောက် ၍ မလုပ်ကြောင်း နစက အကျိုးတော်ဆောင် တဦး မှ ပြောပြသည်။
ဘင်္ဂါလာဒေးရှ် နှင့် မြန်မာနိုင်ငံ မှ မလေးရှာသို့သွားသည် ပင်လယ်ခရီးသည် ကြမ်းတမ်း၍ အန္တရာယ်အများဆုံး ခရီးဖြစ်ကြောင်း၊ ၎င်းခရီးတွင် စက်လှေ မှောက်ပြီး လူ အမြောက်အများ သေဆုံးသည့် အပြင် ထိုင်း နှင့် မြန်မာ အစိုးရ များ၏ ဖမ်းဆီးခြင်းလည်း ခံရကို မကြောက်၍ ယနေတိုင် ၎င်းခရီးကို ဆက်လက် သွားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးတို့သည် ယခင်နည်းတူ ဖိနှိပ်ချုပ်ချယ်မှုများသော ခရီးသွားလာမှု၊ ထိမ်းမြားမှု၊ ပညာရေး၊ ကျန်းမာရေး နှင့် အလုပ်အကိုင် ရရှိရေးများ ဆက်လက်ခံနေရကြောင်း သိရသည်။
နစကများသည် ရိုဟင်ဂျာ လူမျိုးများ ထံမှ ငွေယူပြီး နိုင်ငံခြားသို့ ထွက်ခွါ ခွင့်ပြု ခြင်းသည် ခဲတလုံးဖြင့် ငှက် နှစ်ကောင် ပစ်နည်းကို သုံးနေခြင်းဖြစ်ကြောင်း၊ နစက စီမံကိန်းတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ လူဦးရေး လျှော့ချရေး အတွက် အသုံးဝင်သလို ငွေ လည်း ရနေသည်ဟု ဆိုလိုသည်။
__________________________________________________________
Dead bodies floating in the Naf River
Maungdaw, Arakan State: More than ten dead bodies are floating in the Naf River since February 7 along the Burma side near the Myinthlut village tract under Burma border security force (Nasaka) area number 8, said a village administration office member from Myinthlut village.
“The dead bodies floating in the Naf River are not allowed to collect and bury by their relatives and villagers. The order was given by the commander of Nasaka area number 8.”
“The dead bodies are hopefully belonging to Malaysia bound voyagers who left four days ago from Nasaka area number 8 with the cooperation of Nasaka where the Nasaka collected 50,000 kyats per head. The Malaysia voyage’s boat may capsize in the Bay of Bengal. But no one confirm it.”
The Nasaka personnel and the commander are denying collecting and burying of the dead bodies from river as fear of exposing their involvement in the boatpeople trafficking, said a school teacher from the village.
“The Nasaka also ordered the villagers to push the dead bodies to the river if any dead body reaches the shore.”
The Nasaka personnel want to destroy the dead bodies, but they afraid of investigation by Human Trafficking department which occurred last November 23, 2011 where more than 138 were missing while a Malaysia voyage’s boat capsized in the Bay of Bengal where the dead bodies were drowned in the sea by the Nasaka personnel after fastening heavy stone with dead bodies for destroying the evidences of the event, said an aide from Naska camp.
The voyage to Malaysia from Bangladesh and Burma is a risky route where some boatpeople were died on the way with risky boat which sank in the sea, some were arrested by Thailand and Burma, but voyagers from Burma and Bangladesh are still not stopped to go that risky route.
The Rohingya community in northern Arakan is facing same as before such as discriminations - restriction of movement, marriage, education, health, employment and etc.-. Though there is some reforms appear to be marked in the Burma, the repression and oppression of the Rohingya community are not stopped, said a trader from Maungdaw.
The Nasaka is using the policy of “killing two birds in one shot” means the Nasaka is trying to reduce the population of Rohingya community from Arakan soil and earning money by giving permission to go abroad. But, there is no permission for Rohingya community to enter their homeland again.
Source : Kaladan Press