မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန Department for International Development- DFID ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်
လေ့လာခဲ့သည်။
မြိုင်မြို့နယ်ရှိ ပေပင်တိုက်နှင့် ကျစ်တီးရွာ နှစ်ရွာတွင် DFID ၏ အကူအညီဖြင့် ပြုလုပ်နေသည့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရန်ကုန်အခြေစိုက် ဗြိတိသျှနှင့် သြစတြေးလျ သံအမတ် တို့နှင့် အတူ ဗြိတိသျှ သံရုံး၏ အစီအစဉ်ဖြင့် အင်္ဂါနေ့က သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။
|
ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ်.. |
|
ညောင်ဦးမှ ကြိုဆိုနှုတ်ဆက်နေသူ ပြည်သူလူထု.. |
|
ကားပေါ်မှ လက်အုပ်ချီလျှက်... မြင်ကွင်း |
|
ပခုက္ကူမှာ ဖြတ်သန်းသွားချိန်မှာ တိုးကြကြိတ်ကြနဲ့ ဝမ်းပန်းတသာ ကြိုဆိုနေတဲ့ ပြည်သူလူထု |
|
ဗြိတိန်နိုင်ငံရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ မြိုင်မြို့နယ်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက်ပါ.. |
မြိုင်မြို့နယ်က ကျေးရွာတွေမှာ ဗြိတိန်အစိုးရရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ အခြေခံအပ်ချုပ်သင်တန်းကို ဝင်ရောက်လေ့လာစဉ်...။
ဓာတ်ပုံများ Ap,Getty Images, Reuters
Credit : ဒီမိုဝေယံ