Latest Highlight

ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်၍ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာစိုးမင်း ရွေးချယ်ခံမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲံ့ဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ဖေဖော်ဝါရီ(၁)ရက်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့်အပြိုင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့်သူမှာ ဒေါက်တာစိုးမင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ဖြူဖြူသင်း၊ ဒီမိုကရက်တစ်(မြန်မာပြည်)မှ ဦးသုဝေတို့ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည့် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်တွင် ပြည်ခိုင်းဖြိုးပါတီမှ ဒေါ်လဲ့လဲ့အေးက ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော စာရင်း၌ တွေ့ရသည်။

NLD မှ ဇေယျာသော်ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးသာဌေး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ NLD မှဦးဖြိုးမင်းသိမ်းနှင့်အပြိုင် ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူက လှည်းကူးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံကြမည်ဖြစ်သည်။

ပြည်ခိုင်းဖြိုး၏ ကိုယ်စားလှယ်လောင်း ၄၈ ဦးစာရင်းတွင် လက်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဆန်း၏သား၊ နေပြည်တော် ဘောလုံးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက တာဝန်ပေးအပ်ထားသည့်ကိုယ်စားလှယ်များအားလုံးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များ၊ ကြေညာချက်များနှင့်အညီ တရားသဖြင့်ယှဉ်ပြိုင်ပြီး အနိုင်ရရှိရေးအတွက် ပြည်သူများနှင့် ၀ိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် အကြောင်းကြားပါသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက လက်မှတ်ရေးထိုး၍ ညွှန်ကြားထားသည်ကိုလည်း တွေ့ရသည်။


Source : 7 day News Journal

Write A Comment

Rohingya Exodus