Latest Highlight

မြန်မာ-တရုတ်နှစ်နိုင်ငံမှဆွေးနွေးပွဲများ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ယူနန်နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ် ပြည်နယ်ပြည်သူ့ကွန်ဂရက် နိုင်ငြာံခးရေးဌာနမှူးတို့နှင့် တွေ့ဆုံဆွေးနွေးနေစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထွက်ခွာလာခဲ့ပြီး ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ ရောက်ရှိနေခြင်းဖြစ်သည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပြည်သူ့လွှတ်တော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်တို့အကြား ချစ်ခင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းမှလာရောက်စဉ်အတွင်း ကူမင်းလေဆိပ်၌ ခေတ္တရပ်နားစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ကိုယ်စားလှယ်များသည် ယူနန်နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်၊ ယူနန် ပြည်နယ်၊ ပြည်နယ်ပြည်သူ့ကွန်ဂ ရက်နိုင်ငံခြားရေးဌာနမှူးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ နာရီဝက်ခန့်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ လွှတ်တော်ဖွဲ့စည်းပုံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်ဂရက်ဖွဲ့စည်းပုံတို့ကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chen Bing De နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

Source :EMG

_________________________________________________________

နယ်စပ်လုံခြုံရန် သူရ ဦး​ရွှေမန်း​ကို တရုတ် ​တောင်း​ဆို



မြန်မာအစိုး​ရအ​နေနဲ့​ နယ်စပ်​ဒေသလုံခြုံ​ရေး​ကို ​သေချာ​အောင် ​ဆောင်ရွက်ဖို့​တရုတ်အစိုး​ရက ​တောင်း​ဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​ကို တရုတ်အစိုး​ရ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ အကြီး​အကဲ ဂျာချင်လင်း​ (Jia Qinglin) က ​ပြောကြား​ခဲ့​တာပါ။
မြန်မာအစိုး​ ရဟာ တိုင်း​ရင်း​သား​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခကို ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ​ဖြေရှင်း​နိုင်လိမ့်​မယ်လို့​ တရုတ်အစိုး​ရက ​မျှော်လင့်​တဲ့​ အ​ကြောင်း​ တရုတ်နိုင်ငံခြား​ရေး​ဌာနရဲ့​ ​ပြောဆိုချက်ကို ကိုး​ကား​ပြီး​ ​အေပီသတင်း​မှာ ​ဖော်ပြပါတယ်။
တရုတ်နယ်စပ်မှာ မြန်မာအစိုး​ရနဲ့​ ကချင်လက်နက်ကိုင်တပ်​တွေ တိုက်ပွဲ​တွေ​ကြောင့်​ ဒုက္ခသည်​တွေ တရုတ်နိုင်ငံထဲထိ ​ရောက်ရှိလာမှုနဲ့​ ထိုင်း​-မြန်မာ နယ်စပ် မဲ​ခေါင်မြစ်ထဲမှာ တရုတ်သ​င်္ဘော​တွေ တိုက်ခိုက်ခံရမှု​တွေ​ကြောင့်​ တရုတ်က နယ်စပ်လုံခြုံ​ရေး​ စိုး​ရိမ်ပူပန်​နေတာပါ။
တရုတ်အစိုး​ ရပိုင် ဆင်ဟွာသတင်း​မှာ​တော့​ တရုတ်အစိုး​ရ အကြံ​ပေး​ပုဂ္ဂိုလ် ဂျာချင်လင်း​က မြန်မာနိုင်ငံနဲ့​ ကုန်သွယ်​ရေး​၊​ ယဉ်​ကျေး​မှု ကဏ္ဍ​တွေမှာ ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ အပါအဝင် မဟာဗျူဟာ​မြောက် ဆက်ဆံ​ရေး​ကို တိုး​မြှင့်​ ​ဆောင်ရွက်မယ်လို့​ ကတိပြု ​ပြောကြား​လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ​ ရင်း​နှီး​တဲ့​ အိမ်နီး​ချင်း​နိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​ရေး​လမ်း​ကြောင်း​ကို ​ထောက်ခံအား​ပေး​ပြီး​ နိုင်ငံတည်ငြိမ်ဖွံ့​ဖြိုး​ရေး​ အား​ထုတ်​နေမှု​တွေကိုလည်း​ ဆက်လက် အား​ပေး​နေမယ်လို့​ပြောပါတယ်။
နယ်စပ်​ဒေသ ငြိမ်း​ချမ်း​တည်ငြိမ်​ရေး​ကို အကာအကွယ်​ပေး​ဖို့​ ကိစ္စဟာ နှစ်နိုင်ငံစလုံး​ရဲ့​ ဘုံအကျိုး​စီး​ပွား​ ဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။
မြန်မာကိုယ်စား ​လှယ် အဖွဲ့​ခေါင်း​ဆောင် သူရဦး​ရွှေမန်း​က​တော့​ ယခုနှစ်ပိုင်း​တွေအတွင်း​ မြန်မာနိုင်ငံအ​ပေါ် တရုတ်ရဲ့​ အား​ပေး​ ​ထောက်ခံမှုကို ​ကျေး​ဇူး​တင်တဲ့​အ​ကြောင်း​ အစိုး​ရနဲ့​ ပြည်သူ​တွေဟာ တရုတ်နဲ့​ ချစ်ကြည်​ရေး​ကို တန်ဖိုး​ထား​တယ်လို့​ တုံ့​ပြန်​ပြောကြား​ခဲ့​ပါတယ်။
သူရ​ရွှေမန်း​ ခေါင်း​ဆောင်တဲ့​ မြန်မာကိုယ်စား​လှယ်အဖွဲ့​ဟာ တရုတ် အမျိုး​သား​ပြည်သူ့​ ကွန်ဂရက်ဥက္ကဋ္ဌ ဝူဘန်ကို့​ရဲ့​ ဖိတ်ကြား​ချက်အရ မြန်မာနိုင်ငံက​နေ ​ဖေ​ဖော်ဝါရီ ၂၂ – ၂၆ ရက်အထိ ၅ ရက်ခရီး​စဉ် အဖြစ် ​ရောက်ရှိ ​နေတာပါ။
ဒီခရီး​ စဉ်အတွင်း​ တရုတ်ပြည်သူ့​လွတ်​မြောက်​ရေး​တပ် စစ်ဦး​စီး​ချုပ် အပါအဝင် တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။
Source :ဒီဗွီဘီ



Write A Comment

Rohingya Exodus