Latest Highlight

သီးလေးသီးအငြိမ့် ကပြခွင့်ပါမစ်အပိတ်ခံရ

Credit : သစ်ထူးလွင်(Myanmar News Now) 


မြပုဏ္ဍာမာနှင့်သီးလေးသီး တောင်ငူမြို့ မှာကပြခဲ့စဉ်

ယ္ခုလအတွင်း ပွဲချီခက်စိပ်စိပ်ကပြနေတဲ့၊ပြည်သူ့အချစ်တော် လူရွင်တော်ကိုဇာဂနာ တည်ထောင်ပေးခဲ့တဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်ကို သံလျှင်ကျိုက်ခေါက်ဘုရားပွဲမှာ အာဏာပိုင်တွေက ပွဲကပြခွင့်ပိတ်ပင်
လိုက်တယ်လို့သိရပါတယ်။သီးလေးသီး အငြိမ့်အဖွဲ့ဟာ ကျိုက်ခေါက်ဘုရားပွဲမှာ ( ဇန်န၀ါရီ 1 ရက်မှ 3 ရက်နေ့ထိ ) ကပြဖျော်ဖြေပါ့မည်ဆိုပြီး သန်လျင်မြို့ သို့ ကားဖြင့် လှည့်ပတ်ကြေငြာခဲ့တာဖြစ်ပါတယ်။

သီးလေးသီးအငြိမ့်ကို ကပြခွင့်ပိတ်ပင်လိုက်တာနဲ့ ပါတ်သတ်လို့ ဘုရားပွဲကို ကိုယ်တိုင်သွားရောက်ခဲ့သူ သံလျှင်မြို့ ခံတဦးက Myanmar News Now ကို အခုလို ပြောပြပါတယ်--

"ကျွန်တော်လည်း အလွန်အားပေးချင်ဆုံး အငြိမ့်အဖွဲ့ဖြစ်သည့်အတွက် အားရ၀မ်းသာစွာ နောက်ဆုံးနေ့တွင်သွားကြည့်ရု့အားပေးမည်ဟုစိတ်ကူးမိခဲ့ပါသည်။
အမှန်တကယ် 3ရက်နေ့တွင် သွားရောက်အားပေးဖို့ ကျိုက်ခေါက်ဘုရားပွဲသို့ သွားရောက်ခဲ့ပါတယ်။ ဟိုလဲ ရောက်ရော ကဇာတ်ရုံတစ်ခုလုံး အမှောင်ချထားပီးရုံရှေ့မှာ စာတမ်းတစ်ခုကို ဖတ်ပီး စိတ်ပျက်မှူများ စိတ်မကောင်းမှူများ ဆုဆောင်းမှူများနဲ့လှည့်ပြန်ခဲ့ရပါတယ်။ ရောက်လာတဲ့လူအပေါင်းက လဲ ဒီအတိုင်းပါပဲ။
ရုံရှေ့က စာသားလေး ဒီလို ဗျ " သီးလေးသီးအဖွဲ့ ကပြချင်သော်လည်း ဘုရားဂေါဘဂအဖွဲ့မှ ခွင့်မပြုသဖြင့် မကနိုင်တော့ပါ " ဘာကြောင့်လဲ ဘာဖြစ်လို့လဲ စသည်ဖြင့် စကားလုံးမျိုးစုံပေါ့ဗျာ အသံတွေဆူညံနေတာပဲ ရုံရှေ့မှာပေါ့။ ကျွန်တော်လဲ ရုံထဲကို ၀င်ကြည့်လိုက်တယ် ရုံထဲမှာ အမှောင်ချတယ် ဒါပေမယ့် ရုံထဲမှာ လူတွေအများကြီးပဲ ဝေဖန်နေကျတာပေါ့နော် တချို့က ငါ့တို့ရွာက အဝေးကြီးကွ သီးလေးသီးကို အားပေးချင်လို့ လာတာ အခုတော့ကွာ ဆိုပီး မေတ္တာပို့တာပေါ့.... သက်ဆိုင်ရာတွေကို -- " လို့ ပြောပြထားပါတယ်။

သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သားများဟာ ၂၀၀၇ ခုနှစ်မှာ ပြည်ပဖျော်ဖြေပွဲများသွားရောက်
ဖျော်ဖြေရင်း၊စစ်အစိုးရ၏ချို့ယွင်းနေမှုများကိုအပြုသဘော ဟာသပျက်လုံးများထုတ်ခြင်းကြောင့်၊ပြည်တော်ပြန်ရန်မဖြစ်နိုင်တော့ပဲ ပြည်ပတွင်လေးနှစ်ခန့်နေထိုင်ခဲ့ကြပြီး၊အမေရိကန်၊စင်္ကာပူ၊ဂျပန်

ကိုရီးယား၊မလေးရှား၊ထိုင်းနိုင်ငံအနှံ့အငြိမ့်များကပြရင်းနေခဲ့ရာမှ ကိုဂေါ်ဇီလာ၊စိန်သီး၊ဇီးသီးနဲ့ချောစုမျိုးတို့လေးဦးက ၂၀၁၁နှစ်က၊ရပ်သားအစိုးရ၏ပြည်ပရောက်မြန်မာနိုင်ငံသားများပြန်ခေါ်ရာတွင် ပထမဆုံးပြန်သွားကြသူများဖြစ်ပါတယ်။

ကြယ်သီး၊ပန်းသီး၊မြစပ္ဂါယ်ငုံတို့သုံးဦးက သူတို့ဆရာကိုဇာဂနာလွတ်မှပြန်ကြမယ်ဆိုပြီး ချင်းမိုင်နှင့်၊မဲဆောက်တို့တွင် အနုပညာလုပ်ငန်းများလုပ်ကိုင်ရင်း၊ထောင်မှလွတ်လာသော ကိုဇာဂနာ၏ပြန်လည်ခေါ်ယူသဖြင့်ပြည်တွင်းသို့ပြန်ဝင်ပြီး၊ကိုဇာဂနာအပါအ၀င်
မြတ်ပုဏ်ဏမာအဖွဲ့နှင့်သီးလေးသီးဆေးရောင်စုံအငြိမ့်ပူးပေါင်းဖျော်ဖြေမှုဖြင့်
အစိုးရသစ်၏ချွတ်ချော်နေသေးသည့် အခြေအနေများကိုရဲရဲဝံ့ဝံ့ပျက်လုံးထုတ်ခဲ့တာကြောင့် လူထု၏အားပေး
မှုနဲ့အတူ ပွဲခွင်စိပ်စိပ်ကပြနေသောအချိန်မှာ အခုလိုပွဲပါမစ်အပိတ်ခံရခြင်းဖြစ်ပါတယ်။



Write A Comment

Rohingya Exodus