Latest Highlight

အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား ပြောကြားလိုက်သော သူရဦးရွှေမန်း

မစ္စတာ ကန်တားနား အား ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌ












အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား
ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ နေ့ လည်
၁ နာရီ ၅ မိနစ်တွင် မစ္စတာ ကန်တားနားနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
 
" လာမည့် ကြားဖြတ်ရွေးကောက်ပွဲ မှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ
ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် များစွာ အခွင့်အလမ်းကောင်းတွေ ရလာမယ်လို့ ပြောတယ်။ ကိုယ့်ဘက်ကလည်း ကတိပေးလိုက်တယ်။ တို့ ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။

စောင့်ကြည့်ပါ၊ အပြော မဟုတ်ဘူး၊ အလုပ်နဲ့ စောင့်ကြည့်ပါလို့ ပြောခဲ့တယ် " ဟု
သူရဦးရွှေမန်း က တွေ့ ဆုံပြီး ရလာဒ် အခြေအနေကို ပြောပြကြောင်း နှင့်
မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေးနှင့် ပတ်သက်၍လည်း မစ္စတာ ကန်တားနားမှ UN ကို တင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ သတင်းအချက်အလက်များ လာရောက်စုစည်း
ရယူခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်သတင်းထောက်က ဖေဖေါ်ဝါရီ ၂ ရက်နေ့ 
နေ့ လည်ပိုင်းမှာ နေပြည်တော်မှ သတင်းပေးပို့ ပါသည်။

Source: ပေါ်ပြူလာဂျာနယ်

__________________________________________________________________
Credit :သစ်ထူးလွင်
မစ္စတာကင်တာနားရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အတွင်းတွေ့  ဆုံမည့်သူများနှင့် တွေဆုံမဲ့နေရာ အချိန်စယား


မြန်မာနိုင်ငံကို ၆ ရက်ကြာခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တာနားဟာ ဒီကနေ့ နေပြည်တော်မှာ အစိုးရခေါင်းဆောင်တွေ တွေ့ဆုံပါတယ်။ မစ္စတာကင်တာနားဟာ လွှတ်တော်ပိုင်းက ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရှိတဲ့အပြင် နို်င်ငံရေးပါတီကခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့မယ်လို့ သိရပါတယ်။ မစ္စတာ သောမတ်အိုဟေး ကင်တာနား ရဲ့  မြန်မာနိုင်ငံအတွင်းတွေ့ ဆုံမည့်သူများနှင့် တွေဆုံမဲ့နေရာ အချိန်စယား အသေးစိတ်ကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

Write A Comment

Rohingya Exodus