Latest Highlight

ဖျာပုံမြို့နယ်မှာပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (ရုပ်/သံ)


ဖျာပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း (ရုပ်/သံ)


ဖျာပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း




ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ လွတ်လွတ်လပ်လပ် စည်ရုံးခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီလို လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ ဒီမိုကရေစီ လမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့လည်း ကျွန်မတို့ ကတော့ ဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် စည်းမျဉ်းစည်းကမ်းနဲ့ပဲ လုပ်မှာပါ။ ဒီလိုကန့်သတ်ခြင်းဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေခြင်းကို အနှောက်အယှက်ဖြစ်နိုင်တယ်ဆိုတာကို ကျွန်မတို့ရဲ့ အဖွဲ့ကနေပြီးတော့ တရားဝင် ရွေးကောက်ပွဲကော်မရှင်ကို စာတင်ပြီးတော့ တိုင်ထားပါတယ်။
(ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့တွင်း၌ လူထုအား ပြောကြားခဲ့သည့် မိန့်ခွန်း မှ ကောက်နှုတ် ချက်။ မဲဆွယ်စည်းရုံးခြင်းနှင့် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ်ဘောလုံးကွင်းအား အသုံးပြုခွင့်ပိတ်ပင်ခဲ့ခြင်းအပေါ် သူမက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။



၂၀၁၂ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁း၃၀ နာရီ ဖျာပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းစကား ပြောခဲ့ပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေနှင့် အတူ တွေ့ရစဉ်








Source :ဒီဗွီဘီ

Write A Comment

Rohingya Exodus