Latest Highlight

ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများ သတ်မှတ်ချိန်တွင်း မဲရုံသို့ မရောက်ရှိပါက ပယ်မဲများအဖြစ် သတ်မှတ်မည်



၂၀၁၀ရွေးကောက်ပွဲမှာ လိုသလောက်ထုတ်ယူနိုင်တဲ့ ကြိုတင်မဲဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများသတ်မှတ်ချိန်တွင်း မဲရုံသို့ မရောက်ရှိပါက ပယ်မဲများအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲ ကော်မရှင်မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်၌ နေပြည်တော်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှမြို့နယ်အသီးသီး၏ ကော်မရှင်အဖွဲ့များဝင်များနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၇ တို့မှသက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သူလွှတ်တော်ကိုယ်စား လှယ်များထံမှ သိရှိရသည်။

“သူတို့ သတ်မှတ်ထားတဲ့အတိုင်း မြို့နယ်၊ ကျေးရွာများက မဲရုံများဆို မနက်မဲရုံဖွင့်ပြီဆိုတာနဲ့ကြိုတင်မဲတွေကို သက်ဆိုင်ရာ မဲရုံမှုးတွေဆီမှာ လာရောက်အပ်နှံရမယ်။ ပြည်ပနိုင်ငံတွေ၊အဝေးရောက် နေတဲ့သူတွေရဲ့ ကြိုတင်မဲတွေဆိုရင် ညနေမဲရုံပိတ်ချိန် ဥပမာ ၄ နာရီဆိုရင်နောက်ဆုံးထားပြီးပေးရမယ်။ အဲဒီလို သတ်မှတ်ချိန်အတွင်းမရောက်တဲ့ မဲတွေဆို Cancelအဖြစ်သတ်မှတ်မယ်လို့ ပြောတယ်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူ တစညပါတီမှဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းရီက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေသည် အောက်ခြေအဆင့်ဆင့်ရှိရွေးကောက်ပွဲကော်မရှင် များနှင့် သက်ဆိုင်ရာ မဲရုံစောင့်သူများကိုလည်းသင်တန်းများပေးထားကြောင်း အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်သူမှ ပြောကြားခဲ့ကြောင်းလည်း သိရသည်။

"ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာတရားအမျှတဆုံးနဲ့ အလွတ်လပ်ဆုံးဖြစ်အောင် လုပ်သွားမယ်လို့ ကျွန်တော်တို့ကိုပြောကြားခဲ့ပါတယ်" ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှဥက္ကဌဦးသုဝေက ပြောသည်။

ကော်မရှင်မှ ခေါ်ယူပြောဆိုခဲ့သည့်အတိုင်း ကျင့်သုံးပါက ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်သည်ဟုတက်ရောက်ခဲ့သူများက သုံးသပ်ပြောကြားသည်။

Source :ရန်နိုင်(ရွှေမြစ်မခ)


Write A Comment

Rohingya Exodus