Latest Highlight

ဝတ်ပြုနေချိန် ပိတ်ခံလိုက်ရတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း (ရုပ်/သံ)



Source :Burma VJ

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်အုပ်စု မြသီတာရပ်ကွက် မြသီတာ မိသာဟာရ ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ဇန်န၀ါရီလ ၂၉ ရက် တနင်္ဂနွေနေ့က ဘုရားဝတ်ပြုနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးလေးနွယ်က ကျူးကျော်နယ်မြေဆိုပြီး လာရောက်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ဒီဘုရားကျောင်းကို သင်းအုပ်ဆရာ ဖိလမွန်က ၂၀၀၀ ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ တနင်္ဂနွေနေ့တိုင်း လာရောက်ဝတ်ပြုသူ အယောက်သုံးဆယ်လောက်က ရှိနေပြီဖြစ်ပါတယ်။အခုလိုလုပ်တာဟာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာ စာတမ်း အပိုဒ်(၁၈)ဖြစ်တဲ့ လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်ဆိုတဲ့ အချက်ကို ချိုးဖောက်နေတာလဲဖြစ်ပါတယ်။၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရရှိခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားထုတ်ပြန်ချက် နံပါတ် (ဃ) မှာ လူမျိုးမရွေး ဘာသာမရွေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိစေရမယ်လို့ ထုတ်ပြန်ထားပါတယ်ခင်ဗျား။

  1. What is going on in Burma? Are they plan to distress by religious Inappropriate restriction , this is one of the old tradation method of dictator motivator to make sure the citazin of Burma to come out with strike and reform with occupy the whole country like 1988 revolution end by dictator state that country is unstable and they have to control and they make themselves their responsible. Another way of grandma chicken moving story in the valliage.
    We, citizens of Burmese keep on eye of politic game with relagion, race,athetcity, color

    Finally they will come up and end the show with religious attack, race attack, color attack many more in our Burma politic with dictator lies.
    I hope citizens of Burma will not fall in this game again. Every one of Burmese whether you are Buddhist, Christian, Hindu, ro

Write A Comment

Rohingya Exodus