May 04, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Aman Ullah  RB History August 25, 2016 The ethnic Rohingya is one of the many nationalities of the union of Burma. And they are one of the two major communities of Arakan; the other is Rakhine and Buddhist. The Muslims (Rohingyas) and Buddhists (Rakhines) peacefully co-existed in the A...

Rohingya History by Scholars

Dr. Maung Zarni's Remark: The best research on Rohingya history: British Orientalism which created the pseudo-scientific biological notion of "Taiyinthar" or "real natives" of #Myanmar caused that country's post-colonial cancer of official & popular genocidal Racism.  This co...

Report @ RB

(Photo: Soe Zeya Tun, Reuters) RB News  October 5, 2013  Thandwe, Arakan – Rakhinese mob in Thandwe started attacking Kaman Muslims on September 28, 2013. As a result, 5 Kaman Muslims were mercilessly killed and 1 was died in heart attack while escaping the attack. 781 Kaman Mus...

Report by Media/Org

Rohingya families arrive at a UNHCR transit centre near the village of Anjuman Para, Cox’s Bazar, south-east Bangladesh after spending four days stranded at the Myanmar border with some 6,800 refugees. (Photo: UNHCR/Roger Arnold) By UN News May 11, 2018 Late last year, as violent repressi...

Press Release

(Photo: Reuters) Joint Statement: Rohingya Groups Call on U.S. Government to Ensure International Accountability for Myanmar Military-Planned Genocide December 17, 2018  We, the undersigned Rohingya organizations worldwide, call for accountability for genocide and crimes against...

Rohingya Orgs Activities

RB News December 6, 2017 Tokyo, Japan -- Legislators from all parties, along with Human Rights Now, Human Rights Watch, and Save the Children, came together to host the emergency parliament in-house event “The Rohingya Human Rights Crisis and Japanese Diplomacy” on December 4th. The eve...

Petition

By Wyston Lawrence RB Petition October 15, 2017 There is one petition has been going on Change.org to remove Ven. Wira Thu from Facebook. He has been known as Buddhist Bin Laden. Time magazine published his image on their cover with the title of The Face of Buddhist Terror. The petitio...

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

Facebook တွေက ပြောနေကြတဲ့ ဦးခင်ညွန့် အကြောင်း

                                 မြန်မာစစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် (ယခင်)



ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာ လဲ ဖြစ်နိုင်တယ်။သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရား ခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရ တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန် အောင် ကြူပင်ခုတ် ကြူငုတ်မကျန် လုပ်ခဲ့တာ သူပါပဲ။


ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာသူ့စနက်တွေ ချည်း ပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာက အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမ သိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက် သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။

ဦးနေ၀င်း ဆင်းပြီးသူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင် ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန် ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။

သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံမရှိတဲ့ ဗိုလ်ခင် ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်း ရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်းအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျော ထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းအဖွဲ့တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်းနဲ့ပဲ လုပ် တတ်ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပိုကြောက်စရာကောင်းလဲ စဉ်းစားကြည့် ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ပဲ။ တခြားတိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင် တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ဘဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP

…………………………………..

ဦးခင်ညွန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား

၁- စစ်အစိုးရ တတ်ခါစမှာ သူတဦးတည်းမှာ ပါဝါအပြည့်ရှိတယ်လို့ ပြောလို့ရလောက်အောင်ကို ပါဝါရှိပါတယ်။ အဲ့ဒီ အ ချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့လူ့ဘောင်သစ်ပါတီဝင်တွေကို ဘယ်လို့ဘ၀တွေရိုက်ချိုးခဲ့တယ်ဆိုတာ ပြန် ပြောပြဖို့လိုမယ် မထင်ပါဘူး။ မန္တလေး သံဃာ့အရေးအခင်းကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်းအကျဉ်း ချခဲ့ပါသလဲ….

၂- အာဏာတည်ဆောက်ပုံ…ကြမ်းတဲ့နေရာမှာ သူ့လောက်ဘယ်သူမှ မကြမ်းပါဘူး။ သူ့အထက်က ဦးစောမောင်၊သူ့လယ် ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည် တို့အုပ်စု၊ သူတွေကို ဘယ်လိုရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေ တောင် သူ့ပါဝါသူအသာလေး စုနေရတဲ့အဆင့်ပဲ ရှိသေးပါတယ်။ နောက် ဦးတင်ဦး ကေစ့် မသေမချင်း လုပ်ကြံခံရတာ သူ့ကြောင့်မဟုတ်ဘူး ဆိုရင်တောင် သူအကာအကွယ် မပေးနိုင်ခဲ့တာဟာလည်း သူ့ကိုယ်သူလုံလှပြီလို့တော့ ပြောလို့မရ နိုင်ပါဘူး။ နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ်သုတ်ခအလုပ်မှာ တချက်၊ သူ့လူတွေ လည်လွန်းပြီး ချီးနင်းမိနေချိန်မှာ တချက်အ ခြေပျက်သွားလို့သာ သူခံလိုက်ရတာပါ။

အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန်အရှိဆုံးလည်းဆိုတာ ပေါ်လောက်ပါပြီ။ ဦးသန်းရွှေက သူ့လောက်မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာလုပ်ရင် လူသိတာများတယ်။ သူမဟုတ်တာလုပ်တာ လူသိပ်မသိဘူး။ သူက ဆင်ဖြုမရှင်နဲ့ စုဘု ရားလတ် ပုံစံ တဘက်ကပွဲခင်းပြီး တဘက်က လူသတ်တဲ့သူစားမို့ပါ… သူလုပ်သွားတာ အားလုံးဟာ ဆန်းဆန်းပြားပြား မပါပါဘူး။ တကယ်တော့ သူသိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက်ငခြောက်ကောင်ကလည်း အဲ့လိုနေရာလေး သာရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ရတယ်လို့ ကြွေးကြော်ချင်ပါတယ်… ဘာကြောင့်လဲ မေးရင် တော့ မြန်မာလူမျိုးတွေက မြန်မာလူမျိုးတွေမို့ ပါပဲ။

အခုတောင် ဖေ့စ်ဘုတ်မှာ အရင်ထောက်လှမ်းရေးအတွက် အသုံးတော်ခံခဲ့တဲ့ 7days voice eleven တို့က တဖြည်းဖြည်း နဲ့ မင်းကိုနိုင် တပုံ သူ့ပုံ တပုံတင်ပြီး စည်းရုံးရေးဆင်းနေပါပြီ။ အားလုံးကလည်း ဘဘကြီးနေကောင်းလားတို့ အရမ်း ၀မ်း သာတာပဲတို့ ဖြစ်ကုန်ကြရော။ ကျုပ်တို့လူမျိုးကလည်း မေ့တတ်တာကိုး ၁၉၈၈ အရေးအခင်းဖြစ်တယ် အရေးအခင်းပြီး တာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့၊ မေ့ကုန်ပြီ၊ မသေတဲ့ မိသားစုတွေက ၁၉၉၀ ရွေးကောက်ပွဲလုပ်တယ် မနက် ဖြန်ပဲပေးမလိုလို လုပ်နေလိုက်တယ်။ ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော၊ အမှတ်မမှားရင် လွတ်တော်ခေါ်မယ်ကို ၁၉၉၁- ၉၂ နှစ်လောက်မှ ကြေငြာတာ ရွေးကောက်ပွဲပြီးတယ်။ ၁၉၉၃ ညီလာခံခေါ်တယ်။ တနှစ်တကြိမ် တခါတလေ ၂-၃ ကြိမ်ခေါ်တယ်၊ လူတွေဆူပူမှာဆိုးလို့ မြို့တော်ဝန် မာရသွန် ပြေးလိုက်ကြတာပဲ။ တီကိုကားရအောင်လို့ နအဖ ဖလား လှေသဘင်၊ မြင်းခင်းသဘင်၊ ဟောပြီးတော့ အမျိုးသားအားကစားပွဲတော်၊ နောက်တော့ ကျောင်းသားအားကစားပွဲ တော်လုပ်ပေးတယ်။

ဒါတွေဟာ ပုံမှန်ပါပဲ။ တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတယောက်အတွက် တကယ့်ကို ပုံမှန်ပါပဲ။ အခုအွန်လိုင်းမှာဟော့နေတဲ့ မြန်မာ့အင်တာနက်ဖောင်ဒါဆိုတဲ့ စကားလုံးမှားတယ် ပုဂံဆိုက်ဘာ ကို စလုပ်တဲ့ ရည်ရွယ်ချက်ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်းအတွက်ရည်ရွယ်ပြီး လုပ်ခဲ့တာ ပါ။ သူမလုပ်ရင် သူကျန်ခဲ့တော့မယ်။

အဲ့နောက်ကနေမှ လူတွေမသုံးနိုင်တဲ့ ဈေး၊ လူတွေမသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထားပေးလိုက်တာပါ။ ဒါ လည်း လေးစားလောက်စရာမရှိပါဘူး။ သူနိုင်ငံအုပ်ချုပ်နေတဲ့ သူတယောက် သူ့အလုပ် သူလုပ်ရမှာပေါ့။ ဒါ ကျနော်တို့ က ပိုပြီး ချီးကျူးထောပနာပြုနေစရာ ဘာလိုလို့လဲ။ ကောင်းတာကို ချီးကျူးခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူ လုပ်ပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့။ နောက် လူတွေပြောတဲ့ မာလ်တီမီ ဒီယာ ဟားတိုက်တာ ရယ်ချင်ရဲ့ စက်ရှိတယ် ရုပ်ပြ၊ အင်တာနတ်ကနေ စာသင်မယ်တဲ့ မီးမလာဘဲ အဲ့တော့ အဲ့တာတွေ ဟာ အပိုဆိုတာ သဘောပေါက်ပေါ့။ ထမင်းကျွေးလို့ ထိုင်စားမယ့်လူကို ထမင်းသိုး ဟင်းသိုးကျွေးတာ ထုတ်ပြီး ချီးကျူး လောက်တဲ့ သူဟာ ထမင်းသိုးဟင်းသိုးကြိုက်တဲ့သူပဲ ဖြစ်မှာပေါ့။

နောက်တခု မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း ဒါဟာ တပ်တွင်းအားပြိုင်ဖို့ လောက်နေရာတခုပါ။ အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ။ သူ့မိန်းမက ဒေါက်တာဆိုတော့ ပိုပြီးလူဝင်ဆန့်တော့ ဒါကိုတည်ခဲ့တာပဲ။ နောက် အတန်းပညာရေးကို ဘယ်လောက်ထိဖျက်ဆီးပစ်တယ်ဆိုတာ အားလုံးအသိပါ။ မအောင်မနေရ အတန်းတင်ပညာရေး စနစ်ဟာသူ့ကြောင့် ပေါ်ထွန်းလာတာပါ။ အဲ့ဒီ ပညာရေးစနစ်ကထွက်လာတဲ့သူတွေ အခုအချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ ချင်းတူရင် ဒီပလိုမာချင်းတူရင် ဘယ်သူက ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ပါသလဲ၊ ကိုယ့်ဘာသာကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်။ အဲ့လောက်ဆိုရင် သူဘာလဲ သိလောက်ပါပြီ။

သူဟာ ရုပ်ရှင်သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်) ရဲ့ ညီလို့ မပြောရဘူး။ သရုပ်ဆောင် ကောင်းသူပါ။ ဘုရားထီးတော်တင်ရင် ဆုတခုပဲတောင်းတယ်။ နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီးအေးချမ်းပါစေ တဲ့ (နည်းနည်းတော့ စကားလုံးကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန်ပါပါနဲ့ဆုတောင်းလို့ လူကောင်းထင်နေရင်တော့ မှားမှာ ပေါ့။

ကျနော် အိမ်ကနေ ရှေ့တပြက ဘုရားသူထီးတင်ခဲ့သလို ကျနော့် လမ်းထိပ်က ကကလှမ်းရုံးမှာလည်း သူ့တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်။ အဲ့တော့ မိချောင်းမျက်ရည်လို့သာ ပြောချင်တယ်။ သူ့အကြောင်း ထဲကနေ ကောင်းတာ လေး တခုနှစ်ခုလောက်တော့ ရှိတာပေါ့။ သူ့ တပ်မတော်ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်းယူဖို့အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ပုံစံ ချိုးယူတာမျိုး၊ အာစီယံမှာ သူ့တပည့် ဦးဝင်းအောင် ကို အလှည့်အပြောင်းလာတော့မယ် ဆိုတဲ့ စကားထွက်စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ်ဆိုရင်ပေါ့။ ဒါပေမယ့် ဒီလူဟာ ကျနော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလိုပြောရရင် မှင်အနက်ပဲ။ ဘယ်လိုမှင်နဲ့မှ သူ့ကိုအရောင်ပြောင်းလို့ မရနိုင်ဘူး။ သူဟာ လူမကြမ်းဘဲ စိတ်ဓါတ် ကြမ်းတဲ့ အတွင်းကောက်သမားပါ။

ကျေးဇူး ဗလ (MMCP)

………………………………………..

ရွေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသားအရေးအခင်းဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျမသိဘဲလို့ ဆိုရ အောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင်လတ်လတ်ကြီး ညွှန်ကြားနေ တာကွယ့်။ လှည်းတန်းမှာ နံနက်လင်းအားကြီး ကတ္တရာလမ်းပေါ်ထိုင် လက်ချင်းချိတ်တွဲထားတဲ့ ကျောင်းသားတွေကို မီး သတ်ပိုက်နဲ့ အနီးကပ်အတင်းထိုးခွဲ ကားပေါ်ပစ်တင်ခိုင်းတာ အခု ရွှေဘိုထောင်ကလွှတ်တဲ့ထဲပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင် တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူးထင်တယ်။ အမိန့်အရ အနီးကပ်ညွှန်ကြားသူပေါ့။ထောက် လှန်းရေးတစု ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ မန်းလေး သံဃာ့အရေးအခင်းဆိုတာလဲ မီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသားတယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်းကျောင်းသူတောင်မချန်) ထောင်ထဲ ဖမ်းထည့်ပစ်လိုက် တာကော သူတော်တဲ့အချက်လို့ ပြောဦးမလား။ မျှားခေါ်တတ်လိုက်တာ ပေါ့နော် အဲဒီတ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံအကြောင်း အကောင်းအ ဆိုး နည်းနည်းတောင် မဟ၀ံ့၊ ကချင်ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစုပုံတောင် မထားရဲတဲ့ သာမန်ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်းစကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီးအကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။

…………………………………………….

ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော်ဘွဲ့တွေ ရွတ်နေကြပါစေ ကျနော်တော့ သူ့မျက်နှာမြင်တာနဲ့ ပထမဆုံး ပြေးမြင်မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့် ဘာလုပ်ခဲ့သလဲတော့ မသိပါဘူး။ အဘညွှန့်ရဲ့ သားသမီး အမ်အိုင်တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ် ပေါ်တင်တင် ဖွင့်ရဲလာတာတော့ အတော်ထင်ထင်ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီးကျေးဇူးတင်ရမယ်ဆိုရင် ကိုရင်ချက် ကြီး တို့ ပြည်တွင်းဖြစ် ကုန်ကြမ်းရစေဖို့ စတင်မိတ်ဆက် ကျေးဇူးပြုခဲ့တာ အဘညွှန့်ရဲ့ အမ်အိုင်တွေပဲ။

…………………………………………….

ဒါပေမယ့် သူလွတ်ခြင်းမလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစားမိပါဘူး၊ အကျဉ်းကျနေသူ လွတ်မြောက်တဲ့ အ တွက် မုဒိတာပွားပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရားနွံထဲ ဆွဲချခဲ့တဲ့ အဖွဲ့အစည်းကြီးတခုကို ဦး ဆောင်ခဲ့တဲ့ သူတယောက်ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး

………………………………………..

မခံခဲ့ရဘူးတဲ့သူတွေကတော့ ခံခဲ့ရတဲ့အမြင်ကို ဘယ်သိမလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ ဖြစ်ခဲ့တာတွေ၊ လူ့ ဘ၀ သက်တမ်းတ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ်ကိုယ်နေတာတောင် ကြီးလန့်စာစား နေ ခဲ့ရတာတွေ၊ ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ်ပေးတဲ့သူတွေ facebook ပေါ်မှာ လဲ အတော်များသားကလား။ ဒီလူကြီးရဲ့လက်တံက တော်တော်ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့်ဟောင်းတွေ တော်တော်များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့အတိုင်း ဉာဏ်နီဉာဏ်နက်၊ က လိမ်ကကျစ် ဉာဏ်ကတော့ တော်တော်ကြောက်ဖို့ ကောင်းရိုးအမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျ တာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

သွားလေသူကြီးက မြွေပွေးတကောင်ကို ပခြုပ်ထဲထည့်လိုက်တာပါ။ (သူတို့ အာဏာထိပါးမှာ မြင်လို့လားမသိ) ခုတော့ မြွေပွေးတကောင် ပြန်လွတ်လာပြီပေါ့။

MMCP

………………………………..

သူတို့တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ်သားသား အသာစီးရ အပေါ်စီးကနေပြီး လုပ် ခြင်သလို လုပ်ခဲ့ကြတယ်။ ကျတော်တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပေခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီးရ လာရင် ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ခြေမှုန်းဖို့ ဆိုတာတွေကို စိတ်မ၀င်စားတော့ဘူး။ အားလုံး အတူတကွ လက်တွဲ့ နေထိုင်ရေးကို ပိုဦးစားပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီးခံခဲ့ကြရတယ်။

တခါတလေတော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ခြင်လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစာန် မဟုတ်ဘူးလို့ ပြန် စဉ်းစားလိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ်သွားတယ်။ လူအဖြစ်ကို အဆုံးရှုံးခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစားစရာတွေ ဖြစ်လာခဲ့တယ်။

အခုအချိန်မှာ အခုလို လွှတ်ပေးလိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့်သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာ အောင် လုပ်ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေအားလုံး ရင်သပ် ရှုမောစရာ ဖြစ်သွားတယ်။ မြစ်ဆုံကိစ္စ အကျဉ်း သား လွတ်ပေးရေး ကိစ္စတွေမှာ သေသေချာချာ ပလန်ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက်တွေလို ကျနော်လည်း အစ်ကို တချို့နဲ့ အမြင်တူတယ်။

သစ်တာကြီးပေါ် ကျောက်တုံးတင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုးဆိုတဲ့ အဖြစ်မျိုးဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တပြိုင်နက် ထွက်ပြီးမှ ဆိုတာလေးကို ပိုပြီးသိခြင်လာ တယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေးပါလား။

အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန်နေ တယ်။ ခွင်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အဖျောက် မခံသင်ဘူး။ အရေးယူတာ မယူတာက နောက်တပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိကျန်ရစ်ဖို့ နောက်တပိုင်းပါ။ ထိုအတူ ဒီပဲယင်းဆိုတာလည်း လူအများအပြား လူမသိသူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့် လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်င်ချိန်ပြီး ခွင့်လွှတ်အုန်းတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အ ပြည်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။ အခုပဲကြည့် ဘာမှ မကြာသေးတဲ့ နှစ်ကာလတွေတုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင့် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်းသင်တာပါဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန်အမှတ်ရကြပါ။

ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်းသလား ဆိုးသလား တော်သလားဆိုတာတွေ ဆွေးနွေးချင်ရင် နိုင် ငံရေး သရက်ထဲမှာ သူအမည်နဲ့ သီးခြား တခုရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျော်လေးမလားလို့ အကြံပေး တာပါ။ ကျတော် ဂရုပြုမိသလောက် အမည်ကျော်တွေထဲမှာ ကိုယ်ကိုကိုယ် publicity ဖြစ်အောင် promotion ကို သေ သေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန်အကုန်ခံပြီး လုပ်ယူတဲ့လူ နှစ်ယောက်ကို တွေ့မိတယ်။ တယောက်က ကျော် ဟိန်း ပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ်အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တကျ လုပ်သွားတာပါ။ နောက်တ ယောက် အခု မြို့မေတ္တာ ခံယူနေသူကြီးပါ။

လူတွေဟာ တခုခုကို အများထဲက ရွေးရတော့မယ်ဆိုရင် ယဉ်ပါးနေတဲ့ ကြားဖူးတဲ့ အရာကိုပဲ ရွေးတယ်ဆိုတာ စနစ်တ ကျ လေ့လာချက်များမှာ တွေ့ရှိရတဲ့ လူ့အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ပဲ ဖြစ်ဖြစ် ဆိုးတဲ့ကိစ္စနဲ့ပဲ တွဲပြီးတော့ပဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စီထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါတလည်းလည်း ၀င်အောင်လုပ် ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည်လူဟာ တခုခုကို ရွေးရတော့မယ်ဆိုရင် မသိစိတ်ကနေပြီး သူမကြာခဏ ကြား ဖူးနေတဲ့ အမည်ကိုပဲ ရွေးတော့တယ်ဆိုတာ အခြေခံ မာကက်တင်း နိယာမ တခုပါ။ ဒါကို တီဗီမင်းသားကြီးက ကောင်း ကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုးနေတဲ့ မဆ လ မာကက်တင်း နည်းစနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည်တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူလုပ်ခဲ့သူတွေ ကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး လက် ခံသွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။

အောင်အောင်ဦး
………………………………………

ဒေါ်စုကို အပျော့ဂိုဏ်း ခင်ညွန့်က စကားပြောချင်နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့်ဆိုပြီး ဆရာတပဲ့ နှစ်ယောက် အ ပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။ ထောက်လှမ်း ရေးတွေကို သန်းရွှေက လိုက်ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေအိမ်မှာ ရွှေတွေ ပိဿာများစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွ နံရံမှာမြုတ်ထားတယ်။ ထူးခြားတာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင်တွေမှာ ဘုရားမရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။

ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်းအလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက်ဖြုတ်ရာ မှာ အဓိကဇာတ်ကောင်လို့ စွပ်စွဲခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန်ပို့ ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့နေရာမှာ ကျော်ဝင်း ခိုးဝှက်ထားတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ (ဆယ်ဂဏန်းလို့ နီးစပ်သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီအချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာသံရုံးမှာ ရှိနေတုန်းပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ်က အကုန်စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့အခါ ထောက်လှမ်းရေး ဗိုလ် ချုပ်ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏနေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်း လဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်း စိမ်ခံနိုင်မှာမို့ ဟန်ကိုကျလို့။ ကနေ့ အမေရိကန်အစိုးရက အောင်လင်းထွဋ် ကို လုံးဝ နိုင်ငံရေးခိုလှုံခွင်မပေးပါ။ အမေရိ ကန်မှာ နေခွင့်သာပေးတယ်လို့ နိုင်ငံခြားသတင်းတခုမှာ ဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြားမတန်အောင် မြန်မာ့အလင်းသတင်းစာကနေ ဆောင်းပါးမျိုးစုံနဲ့ အပုတ်ချ ခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေးအရာရှိတွေဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်ဒီကို အောက်လမ်းနည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါ။
ခင်ရတနာ

………………………………………….

(မြင့်မိုဦး .. facebook မှ စုစည်းတင်ပြချက်)


Video of U Khin Nyunt Meet Press






  1. တာဝန်ရှိလို့ နိုင်ငံအတွက် လုပ်စရာရှိတာကို လုပ်ခဲ့ရတာပါ ဆိုတာလေးနဲ့ မလုံလောက်ဘူးဆိုတာ ဦးခင်ညွန့် နားလည်မှာပါ၊ အမှန်တကယ်ရိုးရိုးသားသား အမြင်ပြောင်းခဲ့ဘူးတယ်၊ ပြောင်းလာတယ်ဆိုရင် အများပြည်သူရှေ့မှာ အရေးယူခြင်းမယူခြင်းထက် အတိတ်က အရိပ်တွေကို သမိုင်းမှန် အတိုင်း ဖြေရှင်းရပါလိမ့်မယ်၊ ၀န်ချတောင်းပန်တာဝန်ယူရဲရပါလိမ့်မယ်၊ မြန်မာပြည်သားတွေဟာ သဘောထားကြီးတတ်ကြပါတယ်၊

  2. ဒီလို လူဆိုးတွေ ထောင်ထဲက ထွက်လာတာဟာ တော်တော်လေး ဝမ်းနည်းစရာကြီးပါ။ ဒီကောင် အာဏာရပြီး မြန်မာနိုင်ငံသားတွေကို လူကို ခွေးတောင်မထင်ကြခဲ့ဘူး။ သူ့မှာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ အားလုံးမှ တောင်းပန်ရမယ်။ တောင်းပန် တောင်မှ ခွှင့်လွှတ်ချင်မှ ခွင့်လွှတ်နိုင်မှာပါ။

Write A Comment

Pages 22123456 »
Rohingya Exodus