Latest Highlight

အင်တာနက် နှေးကွေးရခြင်းကို ပြည်ပနှစ်နှစ် နိုင်ငံအကူအညီဖြင့် စစ်တမ်းကောက်ယူပြီးစီး

                                  picture : Irrawaddy News
 မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ နှေးကွေးရခြင်းကို ပြည်ပ နိုင်ငံ(၂)ခုအကူအညီဖြင့် စစ်တမ်းကောက်ယူထား ပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ၉-၁-၂၀၁၂ရက်တွင်ပြောကြားခဲ့သည်။

“စကာင်္ပူနဲ့ ထိုင်းနိုင်ငံမှ နည်းပညာကျွှမ်းကျင်သူတွေက Survey ကောက်ယူမှုကို အာဆီယံဆက်သွယ်ရေးအရ ၊ အခမဲ့ကူညီတိုငးတာပေးခဲ့ပါတယ်။ အဲဒီလိုတိုင်းတာတဲ့အခါတွေ့ရှိချက်က internatipnal Bandwidth ပြတ်တောက်နေမှုကြောင့်ဖြစ်နေသလို လက်ရှိမှာ အင်တာနက်လိုင်းတစ်ခုလည်း မချိတ်ဆက်နိုင်နေသေးတာကြောင့် နှေးကွေးနေခြင်းဖြစ်တယ်လို့ ကောက်ယူမှုစစ်တမ်းအရ တွေ့ရပါတယ်။” ဟုအရာရှိကြီးကဆိုသည်။

ထိုပြင် လက်ရှိအသုံးပြုနေသော SEA-ME-WEA 3 ရေအောက် အင်တာနက်လိုင်းပြတ်တောက်ခြင်း ကလည်း၊ အိန္ဒိယနိုင်ငံတွင်း ဖြစ်ပွားနေခြင်း ဖြစ် သည်ဟု သိရသည်။ “လိုင်းပြတ်တောက်မှုဖြစ်ပွားတာကလဲ တဘက်နိုင်ငံတွင်းမှာဖြစ်နေတဲ့အတွက် စာသားဖြင့်ပြုပြင်ပေးရန် ပြုလုပ်နိုင်ပါတယ်။ သွားပြင်လို့ကလဲ မရဘူး။ ဒါကြောင့်အချိန်က အရမ်းကြန့်ကြာသွားတာပါ ။ ဒါကြောင့် ပြည်တွင်းရဲ့ အင်တာနက်ကောင်းမွန်စေဖို့ ထပ်မံချိတ်ဆက်မဲ့ အင်တာနက်လိုင်းတစ်ခုကို China Unicom အဖွဲ့က အာဆီယံဆက်သွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာပြော ကြားပြီးဖြစ်ပါတယ်” ဟု ၄င်းက ပြောပါသည်။

SEA-ME-WE A-3အင်တာနက်လိုင်းကို မြန်မာနိုင်ငံတွင် ဖျာပုံမြို့မှ အကွာအဝေး ၁၁၄၃ ကီလိုမီတာ (၇၁၀)မိုင်ကျော်တွင် ရေအောက် ကေဘယ်လ်ဖြင့် ဆက်သွယ်ထားရှိပြီး Channel ပေါင်း နှစ်သောင်းခန့်ဖြင့် နိုင်ငံပေါင်း ၃၃ နိုင်ငံတို့နှင့် တိုက်ရိုက်ဆက်သွယ်ထားရှိကြောင်းသိရသည်။

Source:   ဟေမာ (ပြည်မြန်မာ ဂျာနယ်)

Write A Comment

Rohingya Exodus