ဒေါ်အောင်ဆန်းစုကြည် အားဂုဏ်ထူးဆောင်နိုင်ငံသား အဖြစ်ခွင့်ပြုရန်အီတလီအစိုးရသို့ တင်ပြထား
အဆိုပါ အသင်းအနေဖြင့် မြန်မာပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးများအား အကောင်အထည်ဖော် ထောက်ပံ့ပေးရန် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ် ပြီး ယခုနှစ်အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အီတလီနိုင်ငံ၏ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ခွင့်ပြုရန် အီတလီ အစိုးရထံအသင်းမှ တင်ပြတောင်းဆို ထားကြောင်း ၄င်းကဆိုသည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအပေါ် လေးစားချစ်ခင်တဲ့အပြင် အများကြီးကူညီမှုတွေ ပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်း အနေနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုဖလှယ်ရေး၊ ပြည်ပမှာ သွားရောက်ပညာသင်ကြားနိုင်ရေးနဲ့ မြန်မာအမျိုးသမီးများ အား ထောက်ပံ့ကူညီရေး အစီအ စဉ်တွေကို လုပ်ဆောင်သွားဖို့ရှိပါတယ်။ အီတလီနိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအပေါ် နှစ်ထောင်းအား ရ ကျေနပ်မှုရှိတဲ့အပြင် အသိအမှတ်လည်း ပြုပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။