Latest Highlight

ဝန်ကြီး ဦးခင်ဇော် နဲ့ ဦးကျော်စွာခိုင်ရာထူးကနေ ထွက်ခွင့်ပေးလိုက်ပါပြီ




ဦးခင်ဇော် နဲ့ ဦးကျော်စွာခိုင် ကျန်းမာရေးမကောင်းတဲ့အတွက် ရာထူးကနေ ထွက်ခွင့်ပေးလိုက်ပါပြီ တဲ့။ ဒီနေ့ မြန်မာ့အလင်းကြေးမုံ မျက်နှာဖုံးမှာ ပါလာပါတယ်။ကျန်းမာရေး ဘယ်လို မကောင်းသလဲ ဆိုတာ မသိရသေးပါ။

ဝန်ကြီးဖြစ်ပြီးမှ ကျန်းမာရေး မကောင်းတာလား၊ နဂိုကတည်းက မကောင်းတာလား ဆိုတာလည်း မသိရသေးပါ။ဦးကျော်စွာခိုင် ဆိုတာကတော့ သိပ်မကြာသေးခင်က "စက်မှု(၂) ဒု-၀န်ကြီး ဗိုလ်ချုပ် ကျော်စွာခိုင်" ဆိုသူ ဖြစ်ပါတယ်။




ပေါ်ပြူလာသတင်းဂျာနယ် ဝက်ဘ်ဆိုဒ်မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် ရာထူးကနေ အနားပေးခံရတယ်လို့ ရေးထားတာတွေ့ရပါတယ်။ မနေ့က ထားဝယ်က တယောက်ကလည်း ဟုတ်တယ်၊ အဲဒီဝန်ကြီးချုပ် ပြုတ်ပြီလို့ ပြောပါတယ်။ အဲဒီဘက်မှာ အင်တာနက်က ရက်ပေါင်းများစွာ လိုင်းပြတ်တောက်နေခဲ့ပါတယ်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်း ၈ လအကြာ၌ တိုင်းဒေသကြီး ဝန် ကြီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးခင်ဇော်မှာ ယမန်နေ့က ရာထူးမှ အနားပေး ခြင်း ခံလိုက်ရကြောင်း ဗဟို အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

”ဒီနေ့ ရန်ကုန်ကို ဦးခင်ဇော် ရောက်လာပြီး အထုတ် အပိုးတွေ အများကြီးနဲ့၊ ဒီတော့ ကြည့်ရတာ ရာထူးက အနားပေးခံရတာ သေချာ သလောက်ရှိသွားပြီ” ဟု အမည် မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယခင် အစိုးရ လက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ် ဘက်ဆိုင်ရာ တာဝန်များကို ထမ်း ဆောင်ခဲ့ဖူးပြီး ယခု အစိုးရသစ် လက်ထက်၌ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးခင်ဇော်မှာ မည်သည့် အချက်ကြောင့် ယခုကဲ့သို့ ရာထူးမှ အနားပေးခံရသည်ကို မည်သူမှ တိကျစွာ ထုတ်ဖော်ပြောဆို နိုင်ခြင်း မရှိသည်ကိုလည်း ပေါ်ပြူလာ နယူးစ်မှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်လပိုင်း အတွင်းက လည်း ရှမ်းပြည်နယ်အဆင့်ရှိ ဝန် ကြီးတစ်ဦး၏ တရားဝင်နှုတ်ထွက် သွားခဲ့မှုလည်း ရှိခဲ့ကြောင်း အစိုးရ မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။

credit here

Write A Comment

Rohingya Exodus