ဒိန်းမတ် ၀န်ကြီးရဲ့ မြန်မာပြည်ခရီး
မြန်မာပြည်က အပြန်ခရီးမှာတော့ ဘန်ကောက်ကို ၀င်ပြီး ဧရာဝတီသတင်းဌာန အယ်ဒီတာ အောင်ဇော် အပါအ၀င် ထိုင်းနိုင်ငံရောက် မြန်မာပြည်အရေး ဆောင်ရွက်နေသူတချို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ယခင် ၀န်ကြီး Ulla Tørnæs လည်း မြန်မာပြည်ကို ရောက်ဖူးပါတယ်။ ၂၀၀၉ နှစ်ဆန်းမှာပါ။
ဥရောပနိုင်ငံတခုဖြစ်တဲ့ ဒိန်းမတ်နဲ့ မြန်မာပြည်အရေး ဆက်စပ်မှုတချို့ကို ဘန်ကောက်မြို့ ဒိန်းမတ်သံရုံး ၀က်ဆိုက် http://www.ambbangkok.um.dk/en/menu/DevelopmentDanida/DanidainBurma-Myanmar/ActivitiesInBurma-Myanmar/ မှာ ဖတ်ရှုနိုင်ပါတယ်။ ဖွံ့ဖြိုးရေး အကူအညီတွေပေးတဲ့အကြောင်း ဖော်ပြထားတာပါ။
ဒိန်းမတ်က မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို ကုလသမဂ္ဂက စစ်ဆေးဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ဆိုတာကို ထောက်ခံထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ (ပြီးခဲ့တဲ့ မတ်လအထိ ထောက်ခံထားတာ ၁၆ နိုင်ငံ ရှိပါတယ်)
နှစ်ဆန်းပိုင်း ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်မလာခင် ရက်ပိုင်းအလိုမှာ ဒိန်းမတ်က ထောက်ခံလိုက်တာပါ။