Latest Highlight

မ.မ.လ အဖွဲ့ချုပ်၏ စတုထ္ထ အကြိမ်မြောက် ပြည်လုံးကျွတ် အစ္စလာမ့် ညီလာခံကျင်းပ


                                                မ.မ.လ အဖွဲ့ချုပ် ဥက္ကဌ အဖွင့်မိန့်ခွန်းပြောကြားစဉ်

မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) မ.မ.လအဖွဲ့ ၏ စတုထ္ထအကြိမ်မြောက် ပြည်လုံးကျွတ် အစ္စလာမ့်ညီလာခံ ဖွင့်ပွဲအား မင်္ဂလာ ဒုံမြို့နယ် ဘိုခါရီရှားဟ် ဒရ်ဂါတော်တွင် ၂၁.၁.၂၀၁၂ နေ့ တွင် ကျင်းပခဲ့ကြောင်းမွတ်စလင် သတင်းစဉ်မှ သိရသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေ သကြီး သာသနာ ရေးဦးစီးဌာန မှ ညွန်ကြားရေးမှူး၊ နှင့်တာဝန်ရှိသူများ၊ အစ္စလာမ့် ဘာသာရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ၊ဖိတ်ကြားထားသော နိုင်ငံခြား သံတမန်များ ၊ရခိုင် ပြည်နယ် အပါအ၀င် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှ မ.မ.လ ဦးစီးအဖွဲ့ဝင်များ နှင့် စိတ်ပါဝင်စားသူ မြန်မာမွတ်စလင် လူငယ် စုစုပေါင်း ၇၀၀ကျော် တက်ရောက်ခဲ့သည်။

ပြည်ထောင်စု သာသနာရေးဝန်ကြီးမှ ပေးပို့သော သ၀ဏ်လွှာကို ရန်ကုန်တိုင်း ဒေသကြီး သာသနာ ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးကဖတ်ကြားသွားပါသည်။ “မ.မ.လအဖွဲ့ အားသိမ်ဖြူဦးကြွယ် က စတင် ထူထောင်ခဲ့သည့် သက်တမ်းရှည်ဆုံးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း ၊ မ.မ.လအဖွဲ့ချုပ်၏ ရည်ရွယ်ချက် လေးရပ် အတိုင်း အကောင်အထည် ဖေါ်ဆောင်ရွက်နေမှုများ၊ အတ္တမဖတ် ကိုယ်ကျိုးမစွက် ဘာသာတရားအတွက် ဆောင်ရွက်နေမှု များအတွက် ၀မ်းမြောက်မိ ပါကြောင်း၊ယခုညီလာခံ ၌ အသစ် ရွေးချယ် မည့် သူများကိုနာယကဂုဏ်ခြောက်ပါး နှင့်အညီရွေးချယ်စေလိုကြောင်း ၊ နိုင်ငံသားကောင်းသမီးကောင်းများကိုမွေးထုတ် ပေးစေလို ကြောင်း ၊ ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရေးတွင် အင်တိုက် အားတိုက် ပါဝင်စေ လိုကြောင်း ” ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီး ဌာန ညွန်ကြား ရေးမှူး က ပြည်ထောင်စု ၀န်ကြီးသူရမြင့်မောင် ၏ သ၀ဏ်လွှာ ဖတ်ကြားသွားပါသည်။ ဆက်လက်ပြီး မြန်မာမွတ်စလင် ဘာသာရေး အဖွဲ့အစည်း များဖြစ်ကြ သော အစ္စလာမ့် သာသနာရေး ရာကောင်စီ ၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်၊ မော်လ၀ီအဖွဲ့ချုပ်၊ တို့ကပေးပို့သော သ၀ဏ်လွှာများကိုဖတ်ကြားသွားပါသည်။

ထို့နောက် မ.မ.လအဖွဲ့ချုပ် ဥက္ကဌဦးသိန်းလှိုင်ကအဖွဲ့အမှာစကားပြောကြားခဲ့ပါသည်။ “နယ်ချဲ့တို့နှင့် ဖြစ်ပွားခဲ့တဲ့ ပထမ ၊ဒုတိယ ၊တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲများမှာ အစ္စလာမ် သာသာဝင် မြန်မာ့တပ်မတော်သားများဟာနယ်ချဲ့ရန်ကိုတိုင်းရင်းသားညီနောင်များနဲ့ အတူရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ အားချင်းမမျှ လို့ နယ်ချဲ့လက်အောက်ရောက်ခဲ့တဲ့တိုင်အောင် သူကျွန်မခံစိတ်ဓါတ် နဲ့တွန်းလှန်ခဲ့သူတွေ မှာလည်း မြန်မာမွတ်စလင်မ်တွေ ပါဝင်ခဲ့တာပါပဲ။ ” ဟုမြန်မာ မွတ်စလင် သမိုင်းနှင့်ပတ်သက်ပြီး အဖွင့် မိန့်ခွန်းတွင် ပြောကြားပါသည်။ ဆက်လက်ပြီး “ ဒီလိုအရင်းအနှီးတွေ ပေးခဲ့ကြပေမဲ့လည်းနယ်ချဲ့တွေ က အထက်စီး ကိုရောက်သွား တဲ့အတွက် နယ်ချဲ့ ခေတ်မှာ ဗမာမွတ်စလင်တွေ ဟာနယ်ချဲ့တွေ ခေါ်လာတဲ့ အိန္ဒိယသားတွေနဲ့ ရောပြီးဇေရဘာဒီ၊ မဟာမေဒင် ၊ ကုလားစသဖြင့် သိမ်းကြုံး သတ်မှတ် တာကိုခံခဲ့ရပါတယ်။ နန်းရင်းဝန် ဦးစောလက်ထက်မှာ ဗမာမွတ်စလင် နိုးကြားရေးအဖွဲ့ကလူဦးရေသန်းခေါင်စာရင်းမှာဗမာမွတ်စလင်တွေ ကိုအိန္ဒိယ နိုင်ငံသား တွေနဲ့ခွဲပြီးစာရင်းကောက်ဘို့ တောင်း ဆိုခဲ့တာမအောင်မြင်ခဲ့ပါဘူး” ဟုထည့်သွင်းပြောကြားသွားပါသည်။

   ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်လာကြသော မ.မ.လ အဖွဲ့ဝင်များ ကို တွေ့ရစဉ်


လူမျိုးရေးအရ ၊ဘာသာရေးအရခွဲခြားဆက်ဆံခံရသောကြောင့် အလုပ်အကိုင်ရရှိရန် ခက်ခဲနေကြသော မြန်မာမွတ်စလင်လူငယ်များအားမိမိတို့ ၏ လုပ်ငန်းများတွင် ခန့်ထားစေလိုကြောင်း မြန်မာမွတ်စလင် လုပ်ငန်းရှင်များကို၎င်း၏ အဖွင့် မိန့်ခွန်းတွင် တိုက်တွန်းခဲ့ပါသည်။ “အယူသီးမှုတွေ အကြမ်းဖတ်သမားတွေ မရှိတဲ့ တဲ့ မြန်မာမွတ်စလင်တွေ ရိုးရိုးသားသားနဲ့ နေထိုင်လိုကြပါတယ်။ သားသမီတွေ အာရဘီစာကိုသင်ချင်ကြပါတယ်။ အေးအေးချမ်းချမ်းနမားဇ်(ဆွလာသ်) ဖတ်ခွင်ပေးပါ။ ဗလီသေးလေးတွေ မှ အဖီလေးထုတ်ပြီးဆွလာသ် ၀တ်ပြုခွင့်ပေးပါ။ အဖွဲ့အစည်းတွေကဦးဆောင်ပြီးဟဂ်ျဝတ်ပြုခွင့်ပေးပါ။ အပိတ်ခံ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးပါ။ လို့ တောင်းဆိုပါတယ် ။ ” ဟုစသည့် တောင်းဆိုချက်တွေကို ၄င်းမိန့်ခွန်း တွင် ထည့်သွင်း ဟောပြော သွားပါ သည်။ ဆက်လက်ပြီး “ အစ္စလာမ်သာသနာဝင်တွေ နိုင်ငံ့ ၀န်ထမ်းတွေ လုပ်ချင်ပါ တယ် ။ စစ်ဗိုလ်ကြီးတွေလုပ်ချင်ကြပါတယ်။ ရေကြောင်းတက္ကသိုလ်တက်ချင်ကြပါတယ် ။ ဟု နိုင်ငံတော်သို့ တောင်းဆို သွားပါသည်။

မြန်မာယဉ်ကျေးမှုကိုလိုက်နာထိန်းသိမ်းသောမျိုးချစ်စိတ်ဓါတ် ရှင်သန်နိုးကြား၍ တိုင်းပြည်အပေါ် တွင် သစ္စာရှိသည့် မွတ်စလင် မ် လူငယ်များပေါ်ထွန်းရေး ၊နိုင်ငံခြားတိုင်း တစ်ပါးကိုအထင်ကြီး အားကိုးခြင်း ကင်းစင်သည့် အမျိုးကောင်းသား၊ သမီးမျိုးဆက်သစ်လူငယ်များပေါ်ထွန်းစေရန် ပြုစုပျိုးထောင် ပေးရေး ၊ နိုင်ငံတော်အတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင် တို့၏ လိုအပ်ချက်နှင့် ဘာသာရေးဆိုင်ရာ


မွန်ပြည်နယ် ၊ပေါင်မြို့နယ် မုတ္တမမြို့ မ.မ.လ အဖွဲ့ဝင်များ




အခက်အခဲများ ကို နိုင်ငံတော် တာဝန်ရှိသူ အဆင့်ဆင့် တို့နှင့် ညှိ့နှိုင်းဆောင်ရွက်ပေးရေး ၊ မြန်မာမွတ်စလင်မ် အမျိုးသားထုတစ်ရပ်လုံး ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စွမ်းစွမ်းတမံဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက် ၄ရပ်အား ချမှတ်အကောင် အထည် ဖေါ်နေသည့် မ.မ.လအဖွဲ့ချုပ်အား ၁၉၄၅ စက်တင်ဘာ ၂၀ရက်နေ့တွင် ဦးကြွယ်ဝက စတင်ထူထောင်ခဲ့သည်။ နိုင်ငံတော် အစိုးရ အသိအမှတ်ပြုထား သောမ.မ.လအဖွဲ့ချုပ် အနေဖြင့် အစ္စလာမ့် ဓမ္မသတ် ထုတ်ပြန်ပေးခြင်း၊ လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်ခြင်း ၊ဟလလ် အသိအမှတ်ပြု လက်မှတ် ထုတ် ပေးခြင်း၊ နိုင်ငံတကာတွင် ကျင်းပသောအစ္စလာမ့် ညီလာခံများ ၊ ပြိုင်ပွဲများသို့ ရွေးချယ် စေလွတ်ခြင်း၊ အာရဘီစကားပြော ၊ ကွန်ပြူတာ ၊ ယာဉ်မောင်း ၊ စက်ချုပ်၊ ဘာသာပြန် စသောသင်တန်း များဖွင့်လှစ် ပေးခြင်း ၊ ၊မဟာတမန်တော်နေ့ သာသနာ့ မှတ်ကျောက်တင် စာပေပြိုင်ပွဲများ ၊သွေးလှူဒါန်း ပွဲများကိုဆောင် ရွက် ကျင်းပပေး လျက်ရှိပါသည် ။ ၂၁.၁.၂၀၁၂ မှ ၂၂ .၁.၂၀၁၂ အထိ ကျင်းပမည့် ၂ရက်ကြာကျင်းပမည့် မ.မ.လအစ္စလာမ့် ညီလာခံတွင် အလုပ်အမှုဆောင်သစ် ရွေးချယ်ခြင်း၊ ဘဏ္ဍာရေးရှင်းတမ်း တင်ပြခြင်း၊ အစီအရင် ခံစာ တင်ပြခြင်းများကို ပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။

credit here



Write A Comment

Rohingya Exodus