အမေရိကန် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ကျန်းမာရေး ပညာရှင်များ လာရောက်မည်
မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ခြင်းနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံဂျွန်ဟော့ကင်းတက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာ ပါမောက္ခချုပ်နှင့် ပါမောက္ခများ လာမည့်ဖေဖော်ရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကြ မည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာ နေစိုးမောင်က ပြောသည်။
ယင်းသို့ အလည်အပတ် လာရောက်ခြင်းမှာ မြန်မာနိုင်ငံ၏ ကျန်းမာရေး ပညာရေးပိုင်းဆိုင်ရာ အခြေအနေများကို လာရောက်လေ့လာ ခြင်းဖြစ်ပြီး၊ နောက်ဆက်တွဲရလဒ် အနေဖြင့် ယင်းတက္ကသိုလ်နှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်အကြား ကျောင်းသားဖလှယ်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
၎င်းအစီအစဉ်ကြောင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာ ကျောင်းသားများ အဆင့်မြင့်ဆေးပညာရပ်များကို လေ့လာခွင့်ရကြမည်ဖြစ်ပြီး သင်ကြားပို့ချနေကြသည့် ဆရာများပါ သင်ကြားရေးဆိုင်ရာ အဆင့်မြင့်အတတ်ပညာများ ပိုမိုရရှိကြမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစီအစဉ် များ ရေးဆွဲရာတွင် အထောက်အကူပြုစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
လတ်တလောကာလများတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ ပိုမိုရရှိလာနေပြီး ယင်းနိုင်ငံများမှ ကျန်းမာရေးဆိုင်ရာ ပညာရှင် များ၊ တက္ကသိုလ်များမှ မြန်မာနိုင်ငံ ဆေးပညာလောကနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လိုကြောင်းကို ကမ်းလှမ်းလာနေ ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှစ်စဉ်ပူးတွဲ လေ့လာချက်များ ပြုလုပ်နေပြီး ဂျပန်၊ ကိုရီးယားအစရှိသည့် တောင် အာရှနိုင်ငံ အချို့ကပါ ၂ဝ၁၁ ခုနှစ် မှစတင်၍ ပူးပေါင်းလာကြကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Credit : နိုင်လင်း Popular News Journal