Latest Highlight

အောင်ဆန်း ဖောင်ဒေးရှင်း တည်ထောင်ပြီးကူညီသွားမည် ဖြစ်ကြောင်း ဂျော့ဆိုးရော့စ် ပြောကြား





Envoy — နိုင်ငံတကာတွင် ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုအတွက်အကူ အညီများ ပေးနေသည့် Open Society Institute ကိုထူထောင် သူ ဂျော့ဆိုးရော့စ် George Sorosသည် မြန်မာပြည် တွင်အောင်ဆန်း ဖောင်ဒေးရှင်း တစ်ခု တည်ထောင်ပြီး ကူညီ သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက် ညပိုင်းတွင် ပြည်တွင်း NGO များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အဆိုပါ တွေ့ဆုံစဉ် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

မစ္စတာ ဂျော့ ဆိုးရော့စ်သည် အင်းလေးကန်သို့ သွားရောက်ခဲ့ပြီး၊ ဇန်နဝါရီ ၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖြစ်ကြောင်း ယင်းပုဂ္ဂိုလ်က ပြောကြား ခဲ့ကြောင်း သိရသည်။ ”ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရာမှာ စိတ်လှုပ်ရှားနေကြောင်း ဂျော့ ဆိုးရော့စ်က ပြောပါတယ်။ ပြီးတော့ သူက အောင်ဆန်း ဖောင် ဒေးရှင်း တည်ထောင်ပြီး၊ မြန်မာ နိုင်ငံရှိ ပြည်သူတွေကို ကူညီသွား မည်ဖြစ်ကြောင်း သူက ပြောသွား တယ်” ဟု ဆက်လက်၍ ပြောကြားခဲ့သည်။

မစ္စတာ ဂျော့ဆိုးရော့စ် သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ထူထောင်ခဲ့ပြီး ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကတို့ ရှိနိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများ ထားရှိပြီး လူ့အခွင့်အ ရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့် စသည်တို့ အတွက် အမေရိကန် ဒေါ်လာသန်း ၈ဝဝဝ ကူညီခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မစ္စတာ ဂျော့ဆိုးရော့စ် ၁၉၉၇ ခုနှစ် အရှေ့ တောင်အာရှ စီးပွားရေးပျက်ကပ် မှု၏ အဓိကတာဝန်ရှိသူ တစ်ဦး လဲဖြစ်သည်။

နေထွန်း(အမိမြေ)
Envoy via Yoyalay

Write A Comment

Rohingya Exodus