Latest Highlight

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွတ်တော်အမတ်ဂျိုးဆက်ခရော်လီတို့ တွေ့ဆုံ



 ဇန်န၀ါရီလ ၁၃ ရက်နေ့၊ မနက် ၁၁နာရီဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွတ်တော်အမတ် ဂျိုးဆက်ခရော်လီ တို့သည် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံခြားသတင်းဌာနတစ်ခုမှ ယနေ့ “လွတ်ငြိမ်းချမ်းသာခွင့်အပေါ်အမြင်” အား ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ရာ “ကျွန်မပြောထားသားပဲ လွတ်လာမှာပါလို့” ဟု သတင်းထောက်များ အား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့သည်။

မစ္စတာ ခရော်လီဟာသည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတို့၏ မိသားစုဝင်များ၊ အကျဉ်းကျနေ သော NLD အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ၊ အခြား အဖွဲအစည်းများနှင့်လည်း သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ (၆၅၁)ဦး လွှတ်ပေးခဲ့ကြောင်း ဇန်န၀ါရီ ၁၂ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အောင်ကိုကိုလတ်(ရွှေမြစ်မခ)


Credit here

Write A Comment

Rohingya Exodus