January 25, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Aman Ullah  RB History August 25, 2016 The ethnic Rohingya is one of the many nationalities of the union of Burma. And they are one of the two major communities of Arakan; the other is Rakhine and Buddhist. The Muslims (Rohingyas) and Buddhists (Rakhines) peacefully co-existed in the A...

Rohingya History by Scholars

Dr. Maung Zarni's Remark: The best research on Rohingya history: British Orientalism which created the pseudo-scientific biological notion of "Taiyinthar" or "real natives" of #Myanmar caused that country's post-colonial cancer of official & popular genocidal Racism.  This co...

Report @ RB

(Photo: Soe Zeya Tun, Reuters) RB News  October 5, 2013  Thandwe, Arakan – Rakhinese mob in Thandwe started attacking Kaman Muslims on September 28, 2013. As a result, 5 Kaman Muslims were mercilessly killed and 1 was died in heart attack while escaping the attack. 781 Kaman Mus...

Report by Media/Org

Rohingya families arrive at a UNHCR transit centre near the village of Anjuman Para, Cox’s Bazar, south-east Bangladesh after spending four days stranded at the Myanmar border with some 6,800 refugees. (Photo: UNHCR/Roger Arnold) By UN News May 11, 2018 Late last year, as violent repressi...

Press Release

(Photo: Reuters) Joint Statement: Rohingya Groups Call on U.S. Government to Ensure International Accountability for Myanmar Military-Planned Genocide December 17, 2018  We, the undersigned Rohingya organizations worldwide, call for accountability for genocide and crimes against...

Rohingya Orgs Activities

RB News December 6, 2017 Tokyo, Japan -- Legislators from all parties, along with Human Rights Now, Human Rights Watch, and Save the Children, came together to host the emergency parliament in-house event “The Rohingya Human Rights Crisis and Japanese Diplomacy” on December 4th. The eve...

Petition

By Wyston Lawrence RB Petition October 15, 2017 There is one petition has been going on Change.org to remove Ven. Wira Thu from Facebook. He has been known as Buddhist Bin Laden. Time magazine published his image on their cover with the title of The Face of Buddhist Terror. The petitio...

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ်မွေးနေ့





                                         ဆရာကြီးဦးရာဇတ်၏သား


အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ်မွေးနေ့အဖြစ် ဦးရာဇတ်နေ့ အခမ်းအနားကို ဒီကနေ့ နေ့လယ် ၁း၃၀ နာရီက မန္တလေးမြို့ ၆၄ လမ်း ၂၇ လမ်းထောင့်ရှိ အိုရီယမ်တ်ာဟောက်စ် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ဆရာကြီး ဦးရာဇတ်နေ့ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူအားလုံးမှ မိမိတို့ကိုးကွယ်ရာဘာသာအလိုက် ၂ မိနစ်ခန့်ငြိမ်သက်ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။ ယင်းနောက် ဆရာကြီးဦးရာဇတ်၏ အထ္တုပတ္တိကို ကိုကျော်မိုးအောင်ကဖတ်ကြားခဲ့ပါတယ်။


 အဲဒီနောက် မြန်မာမွတ်ဆလင်ပညာရေးနှင့်ယဉ်ကျေးမှုလူမှုအဖွဲ့အစည်းမှ ကိုဇော်မင်းထွန်းက ဆရာကြီးဦးရာဇတ်နေ့ ကျင်းပရခြင်းအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီးနောက်ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ဘုရာကြီး ၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် ရှင်ညာဏိဿရတို့မှ အသီးသီးသြ၀ါဒစကား မိန့်ကြားခဲ့ပါတယ်။ယင်းနောက် ဆရာကြီး၏သားဖြစ်သူမှ ဆရာကြီး ဦးရာဇတ်နှင့်ပတ်သက်၍ အမှတ်တရစကားပြောကြားခဲ့သလို ၊ ငြိမ်းချမ်းရေးစာဆို ကဗျာဆရာကြီး ဒဂုန်တာရာနှင့် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းမိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ် အောင်ဆန်းစုကြည် တို့မှ ပေးပို့သည့် သ၀ဏ်လွှာ အသီးသီးကို ဖတ်ကြားခဲ့ကြောင်းသိရပါတယ်။ ဆက်လက်၍ ဆရာကြီး ဦးရာဇတ်၏ အထ္တုပတ္တိကျမ်းကိုရေးသားခဲ့သည့် စာရေးဆရာဝမ်းအိုဝမ်းကျော်ဝင်းမောင်၊ ဆရာကြီး၏တပည့်တစ်ဦးဖြစ်ခဲ့ဖူးသည့် သိပ်ပံမှူးတင်တို့ကအမှတ်တရစကားများပြောကြားခဲ့ပြီး ဆရာကြီးဦးရာဇတ်နေ့ကျင်းပရေးကော်မတီကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာအခမ်းအနာကိုရတ်သိမ်းလိုက်ကြောင်းသိရပါတယ်။ ဆရာကြီးဦးရာဇတ်နေ့ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဘာသာပေါင်းစုံမှာ ပုဂ္ဂိုလ်များ၊ စည်စည်းကားကားတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။



ဦးရာဇတ်၏ လေးစားဖွယ်စိတ်ဓာတ်


ဆရာကြီး ဦးရာဇတ်အကြောင်းကို လေ့လာတဲ့အခါ အခွင့်အရေးကို မမျှော်လင့်ဘဲ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာက တာဝန်ယူတတ်တဲ့ ဆရာကြီးရဲ့ စိတ်ဓာတ်ကို တွေ့နိုင်သလို ကိုယ်ကျိုးစွန့်လွှတ်နိုင်မှုတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုပဲ ကျောင်းသားလူငယ်တွေကို ပညာရေးနဲ့ နိုင်ငံရေးအသိ တပြိုင်တည်း ရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့တာတွေကို လည်း တွေ့ရှိရမှာဖြစ်ပါတယ်။

ဆရာကြီး ဦးရာဇတ်က သူ့ရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားတွေအားလုံး အင်္ဂလိပ်စကားကိုသာ ပြောဆိုစေပြီး အင်္ဂလိပ်လိုမပြောရင် ကြိမ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ကိုလိုနီအစိုးရကို တော်လှန်ဖို့ သူတို့ဘာသာစကား ကျွမ်းကျင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။



သူ့ကျောင်းမှာ ကျောင်းသားတွေ အတွက် သော့ကြီးတစ်ချောင်း ထားရှိပြီး အင်္ဂလိပ် မီးနင်းကို ပြန်မဖြေနိုင်တဲ့ ကျောင်းသားဆီ အဲဒီသော့ ရောက်သွားအောင်စီစဉ်ထားပါတယ်။ ဒီအခါ သော့ကြီး ရလိုက်တဲ့ ကျောင်းသားက တခြားကျောင်းသားကို အင်္ဂလိပ်မီးနင်း ပြန်မေးနိုင်ဖို့ ကြိုးစားရပါတယ်။ ဘယ်သူ့ကိုမှ မလွှဲနိုင်လို့ လက်ထဲမှာ သော့ကြီး ရှိနေရင်တော့ ညနေ ၄ နာရီ ကျောင်းဆင်းတဲ့အခါ အဲဒီကျောင်းသားက ဆရာကြီးရုံးခန်းကို သွားအပ်ရပါလိမ့်မယ်။ ဒါဆိုရင် အဲဒီကျောင်းသားကတော့ ဆရာကြီးရဲ့ကြိမ်လုံးနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဆရာကြီးက သော့ပေးစနစ်လို့ အမည်ပေးထားကြောင်း ညိုမြင့်(ဇေယျဝတီ)ရဲ့ ဝတ္ထုတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နာရီတွေ ရပ်နေရင် သော့ပေးမှ ဆက်ပြီး လည်ပတ်သလို လေ့လာဆည်းပူးမှု မရှိတဲ့လူဟာလည်း ရပ်နေတဲ့နာရီလို အသုံးမကျပါဘူး။ ဒါကြောင့် ဆက်လက်လှုပ်ရှား တိုးတက်နေအောင် သော့ပေးရမယ်၊ သော့ပေးမခံရအောင် ကိုယ့်ကိုကိုယ် အစဉ်ကြိုးစားနေကြပါလို့ ဆရာကြီးက အမြဲ သြဝါဒ ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိနဲ့ပတ်သက်လို့ ရေးသားထားတဲ့ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ရဲ့ ‘မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်’ စာအုပ်မှာတော့ သော့ခလောက်စနစ် (Lock System) လို့ ဖော်ပြထားပြီး အင်္ဂလိပ်လို မပြောတဲ့ကျောင်းသားဆီ လက်သီးဆုပ်လောက်ရှိတဲ့ သော့ခလောက်ကြီး ရောက်ရှိ သွားတယ်လို့ ဖော်ပြထားပါတယ်။



ဆရာကြီးက သူ့ကျောင်းမှာ ကျောင်းသားတွေကို သမဂ္ဂဖွဲ့စည်းစေပြီး ကိုနု၊ ကိုအောင်ဆန်း စတဲ့ တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီလိုပဲ ကျောင်းသားတွေကို နဂါးနီတိုက်က ထုတ်တဲ့ စာအုပ်တွေ ဖတ်ခိုင်းပြီး နဂါးနီစာအုပ်အသင်း ဝင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

၁၉၃၈ ခုနှစ် မြန်မာတနိုင်ငံလုံး ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့အခါ မန္တလေးမြို့က မျက်နှာဖြူ ပညာဝန်နဲ့ အရေးပိုင်တို့က ဆရာကြီးအုပ်ချုပ်တဲ့ အမျိုးသားကျောင်းကို ရောက်လာပြီး အဲဒီကျောင်းသားတွေ သပိတ်မှောက် မမှောက် မေးကြပါတယ်။ ဒီအခါ ဆရာကြီးက “ကျုပ်ကျောင်းကို ကျောင်းသားတွေက ဘယ်တော့မှ သပိတ်မမှောက်” လို့ ဖြေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအရေးပိုင်တို့ ပြန်သွားပြီး နာရီဝက်လောက် ကြာတဲ့အခါ ဆရာကြီးရဲ့ ကျောင်း ခေါင်းလောင်းတီးပြီး သပိတ်မှောက်လိုက်ပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ပညာဝန်နဲ့ အရေးပိုင်က ဆရာကြီးကို ထပ်တွေ့ပြီး သူတို့ကို ညာတယ်လို့ ပြောသတဲ့။ ဒီတော့ ဆရာကြီးက ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို ခေါ်ပြီး ကျောင်းသားတွေရဲ့ သဘောထားကို ပြောစေပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌက “ကျနော်တို့ ဆရာကြီး ကျောင်းကို သပိတ်မမှောက်ပါဘူး။ ပညာရေးစနစ်ကိုသာ သပိတ်မှောက်တာပါ”လို့ ဖြေတော့မှ မျက်နှာဖြူအရာရှိတွေ သဘောပေါက်ပြီး ပြန်ထွက်သွားပါတယ်။ ဆရာကြီးက ကျောင်းသားတွေရဲ့ လုပ်ပိုင်ခွင့်ကို အဲဒီလို ပေးခဲ့တာပါ။



ဆရာကြီးဦးရာဇတ်ဟာ အရာရှိတွေ၊ ဂုဏ်ရည်တူ လူကြီးတွေနဲ့ဆက်ဆံတဲ့အခါ မျက်နှာထား ခပ်တည်တည်နဲ့ ဆက်ဆံလေ့ရှိပေမယ့် ကျောင်းသားတွေနဲ့ဆက်ဆံတဲ့အခါမှာတော့ အပြုံးနဲ့ဆက်ဆံတယ်လို့ သိရပါတယ်။ ဆရာကြီးရဲ့ စိတ်စေတနာ ဖြူစင်ကောင်းမွန်တဲ့အတွက် တပည့်များက ချစ်ခင်ကြပြီး ဆရာကြီး ကျဆုံးရတဲ့အခါ အားလုံး ယူကျုံးမရ ဖြစ်ကြရပါတယ်။ ဂျပန်ခေတ် ဆရာကြီးကို ဖမ်းပြီးထောင်ချတော့ ဆရာကြီးကို ရွှေဘိုထောင်ကနေ မန္တလေးထောင်ကို အပြောင်းမှာ တပည့်တွေက သူတို့အသက်ကို စွန့်ပြီး ကယ်ဖို့ကြိုးစားခဲ့တဲ့ အထိပါပဲ။ ဒါပေမယ့် အဲဒီအစီအစဉ်ကို ဆရာကြီးက လက်မခံခဲ့ပါဘူး။

ဆရာကြီး ဦးရာဇတ် ရဲ့ လုပ်ဆောင်မှုတွေထဲမှာ စာပေရေးသားခြင်းလည်း ပါဝင်ပါတယ်။ ဆရာကြီးက ပါဠိ၊ မြန်မာ နဲ့ အင်္ဂလိပ် ကျွမ်းကျင်သူဖြစ်ပြီး မြန်မာ အင်္ဂလိပ် ၂ ဘာသာနဲ့ စာပေရေးသားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဆရာကြီးက အမည်မခံဘဲ ရေးသားခဲ့တဲ့အတွက် ဆရာကြီးစာရေးတယ်ဆိုတာ လူသိနည်းခြင်းဖြစ်ပါတယ်။ ထင်ရှားတဲ့စာအုပ်ကတော့ ‘ရွှေနန်းတွင်း အရေးတော်ပုံ’ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဆရာကြီး သက်ရှိထင်ရှားရှိစဉ် ၁၉၃၆ ခုနှစ်မှာ ‘ရွှေနန်းတွင်းအတ္ထုပ္ပတ္တိခေါ် လက်ထက်တော်တွင်း အဖြစ်အပျက်စာတမ်း’ ဆိုတဲ့အမည်နဲ့ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး အဲဒီတုန်းက စာရေးသူ အမည်ကို မဖော်ပြခဲ့ပါဘူး။ ဒုတိယအကြိမ် ထုတ်ဝေတဲ့ ၁၉၅၉ ခုနှစ်ကျမှ သူရိယဦးသန်းမောင်က အမှာစာရေးပြီး ဆရာကြီးအမည်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးရဲ့ မင်္ဂလာရတု အရေးအဖွဲ့ဟာလည်း ရှေးခေတ်စာဆိုတို့ရဲ့ အရေးအဖွဲ့နဲ့မခြား ကောင်းမွန်လှတယ်လို့ ဆိုပါတယ်။ ဆရာကြီးကတော့ တိုင်းပြည်အတွက် လိုအပ်တယ်လို့ ယူဆမိတာတွေကို တာဝန်အရ ရေးသားခဲ့ပုံရပါတယ်။ ဒါကြောင့် စာပေအများအပြားကို အမည်မခံဘဲ ရေးသားခဲ့တာဖြစ်ပါတယ်။
         
အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက်မှာ လုပ်ကြံမှုဖြစ်ပြီးတာနဲ့ ရောက်သွားသူတွေကို ဆရာကြီးဦးရာဇတ် ပြောခဲ့တဲ့ နောက်ဆုံးစကားဟာ ဆရာကြီးရဲ့ စိတ်ဓာတ်ကို ပိုပြီးလေးစားစေပါတယ်။ အဲဒီတုန်းက ဆရာကြီးကို သွေးအိုင်ထဲက ပွေ့ပိုက်ပြီး ထူမ ပေးတဲ့အခါ ဆရာကြီးက “ကျနော်က အရေးမကြီးပါဘူး။ ဗိုလ်ချုပ်နဲ့ သခင်မြတို့က ပိုဆိုးပုံရတယ်။ သူတို့ကို ဂရုစိုက်ကြပါ” လို့ ပြောကြားခဲ့တဲ့အကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဆရာကြီးရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှု ဘယ်လောက်ရှိတယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။

ဆရာကြီးနဲ့ သက်တော်စောင့် ကိုထွေးရဲ့ ဈာပနအခမ်းအနားကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန် တာမွေသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိစစ်အစိုးရရဲ့ သင်္ချိုင်းစီမံကိန်းတွေမှာ ဖျက်သိမ်းပစ်ခဲ့တဲ့အတွက် ဆရာကြီးရဲ့ဂူဗိမာန် ဘယ်မှာရှိမယ်ဆိုတာ သူ့ရဲ့ မိသားစုဆွေမျိုးများသာ သိရှိတော့မယ့် အနေအထားဖြစ်သွားပါပြီ။ ဒီလိုဆိုတော့ အာဇာနည် ၉ ဦးရဲ့ ဂူဗိမာန်တွေကို မြောက်ကိုရီးယားနဲ့ လက်ရှိ အာဏာပိုင်တွေက ဖျက်ဆီးပစ်တယ်လို့ ပြောရမယ့် အနေအထားပါပဲ။ ။

ထိန်လင်း  (၈၊ ၇၊ ၂ဝဝ၉)


Credit :Popular News & The voice weekly  and  ထိန်လင်း 




Write A Comment

Pages 22123456 »
Rohingya Exodus