မြန်မာနိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့မှု ဥရောပသမဂ္ဂက အစည်းအဝေးကျင်းပမည်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်က “ပြုပြင်ပြောင်းလဲမှုတွေပေါ်လာတာနဲ့အမျှ ခိုင်မာပြီး အပြုသဘောဆောင်တဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ရပ်ဆီဦးတည်ဖို့နဲ့ ဥရောပသမ္မက ကလဲတုံ့ပြန်သွားဖို့အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဧပြီလ အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာထိ ဖြေလျှော့ပေးမယ်၊
စီးပွားရေးပိတ်ဆို့ မှုရုပ်သိမ်းမှု ရှိမရှိ ဆိုတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဝီလျံဟိတ်ဂ်က “ လုပ်ဆောင်ချက်၊ ဖြစ်ရပ်တွေကတစ်ဆင့် ခရီးရောက်မှုကို အကဲဖြတ်သွားမှာဖြစ်ပြီး ဆောင်ရွက်မှုတွေအပေါ် ရိုးရိုးသားသား
တုန့်ပြန်သွားမှာ ပြောပါတယ်” လို့ပြောပါတယ်။ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသားလွှတ်ပေးဖို့နဲ့ ဧပြီလ အစည်းအဝေး ကျင်းပမယ့်အကြောင်းကို မြန်မာအစိုးရအနေနဲ့ ခေါင်းထဲထည့်ဖို့ လိုအပ်ကြောင်း ၀ီလျံဟိတ်ဂ်က ပြောကြားခဲ့တယ်လို့ သိရတယ်။
နန်းလွင် ( ကုမုဒြာ ဂျာနယ် )