Latest Highlight

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အကြံပြုချက်များ တောင်းခံခြင်း။ (ABSDF)


သို့

ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများ 
ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၈)ရက်။

အကြောင်းအရာ။ ။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အကြံပြုချက်များ တောင်းခံခြင်း။

လေးစားအပ်ပါသော ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီချစ်မြတ်နိုးသော နိုင်ငံရေးအင်အားစုအပေါင်းတို့ခင်ဗျား

  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည် ၁၉၈၈ ခုနှစ် လူထု ဒီမိုကရေစီ အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသည့် နိုင်ငံရေး ရည်မှန်းချက်များကို ဆက် လက် ဖော်ဆောင်နိုင်ရန် ၁၉၈၈ ခုနှစ်မှ ယနေ့ကာလအထိ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသော တိုင်းရင်းသားအင်အားစုများနှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်အား တစိုက်မတ်မတ် လက်နက်ကိုင် တော်လှန် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ထို့အတူ အမိမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်း အဖြေရှာနိုင် ရေးကိုလည်း တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများနှင့် လက်တွဲကာ အစဉ်တစိုက် အားထုတ် ကြိုးပမ်းလျက်ရှိပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၀)ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူဆွေးနွေးနိုင်ရန် ပေးပို့သော ကမ်းလှမ်းစာကို မိမိတို့ လက်ခံရရှိခဲ့ပါသည်။

မိမိတို့ တပ်ဦးနှင့်တပ်မတော် အနေဖြင့်လည်း အမိမြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် နိုင်ငံရေးအရတန်းတူရည်တူ တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ ယခုကဲ့သို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်အား အလေးအနက် ကြိုဆိုခဲ့ပြီး အလွတ်သ ဘော စတင် တွေ့ဆုံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့ တပ်ဦးနှင့်တပ်မတော်သည် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ပြည်သူလူထုနှင့် နိုင်ငံရေးအင်အားစုအသီးသီး တို့၏ အမြင်သဘောထားများကိုထင်ဟပ်ကာ ကြိုးပမ်းအားထုတ်သွားရန် ရည်မှန်းထားပါသည်။

ထိုသို့ ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများနှင့် အလွှာအသီး သီးတို့၏ အမြင်သဘောထားများ၊ အကြံပြုချက်များ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် လူကြီးမင်းတို့၏ အမြင်သဘောထားများနှင့် အကြံပြု ချက်များအား လေးစားစွာဖြင့် တောင်းခံအပ်ပါသည်။

ချစ်ကြည်လေးစားစွာဖြင့် -


ရဲဘော်မျိုးဝင်း
အဖွဲ့ခေါင်းဆောင်
ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကော်မီတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်)



























Write A Comment

Rohingya Exodus