Latest Highlight

မြန်မာနိုင်ငံသို့ IAEA စောင့်ကြည့်ရေးအဖွဲ့ သွားရောက်လို

(Reuters သတင်းမှ 15 Dec 2011 ရက်စွဲပါ “UN nuclear watch dog wants to visit Myanmar” သတင်းကို Transparency Myanmar မှဘာသာပြန်ဆိုသည်)

နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးစားနေသည်ပာူသော မနှစ်က ပြည်ပရောက် မြန်မာသတင်းဌာန တစ်ခု၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည့် မြန်မာနိုင်ငံမှ နျူကလီးယားနှင့် ပတ်သက်သည့်နေရာများသို့ သွားရောက်ခွင့်ရရှိရန် ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်လေ့လာသူများက ကြိုးစားနေကြောင်း ယင်းကိစ္စနှင့် အကျွမ်းတဝင်ရှိသူ သံတမန်တစ်ဦးက ပြောကြားလိုက်သည်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေး အလွန်တွင် အခြေခံကျကျပြုပြင်ပြောင်းလဲမှုများ စတင်နေသည့် မြန်မာနိုင်ငံသို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA မှ စစ်ဆေးရေးမှူးများ လာရောက်နိုင်ကြောင်း စက်တင်ဘာလအတွင်း ဆွေးနွေးမှုများတွင် မြန်မာတာဝန်ရှိသူများက ခွင့်ပြုလိုက်ကြပြီ ဖြစ်သည်။

IAEA အဖွဲ့ဝင်နိုင်ငံများ ညီလာခံ၏ အဝန်းအဝိုင်းတွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုသည် မြန်မာနျူကလီးယားကိစ္စ တိုးတက်ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်များကို မြှင့်တင်ပေးခဲ့သည်ပာု ပြောကြားသော အဆိုပါသံတမန်က IAEA သွားရောက်ကြည့်ရှုလိုသည့် နေရာများကိုမူ သတ်မှတ်ခဲ့ခြင်းမရှိပာု ဖြည့်စွက် ပြောကြားသည်။ ယင်းကိစ္စကို IAEA က လတ်တလော မှတ်ချက်မပေးသေးပါ။

အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံကို စွန့်ခွာလာသော တပ်ပြေးအရာရှိများက ၎င်းတို့ မြန်မာနိုင်ငံတွင် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မည့် နည်းလမ်းများ တိုးတက်အောင် လျို့ဝှက်စီစဉ်နေကြောင်း ဖွင့်ချ ဖော်ထုတ်ခဲ့ပြီးနောက်တွင် ၂၀၁၀ နှစ်လယ်ပိုင်း၌ နော်ဝေးအခြေစိုက် မြန်မာသတင်းဌာနက အထောက်အထားများဖြင့် သတင်းဖော်ပြခဲ့သည်။

IAEA အစီရင်ခံစာကို လေ့လာနေဆဲဖြစ်သည်ပာုသာ ထိုစဉ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် IAEA အဖွဲ့ဝင်ဖြစ်သည့်အပြင် နျူကလီးယားမပြန့်ပွားရေး စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် အနုမြူလက်နက်ထုတ်လုပ်နိုင်လောက်အောင် စီးပွားရေးတောင့်တင်းခြင်းမရှိပါပာု မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက စက်တင်ဘာလတွင် ပြောကြားခဲ့သည်။ မြန်မာတို့သည် နျူကလီးယားကိစ္စ အပေါ် စွပ်စွဲမှုများကို ယခင်းကလည်း အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နျူကလီးယားလက်နက် သုတေသနအစီအစဉ် ရှိနေကြောင်း ဆွေးနွေးထားသည့် ပြည်ပရောက် မြန်မာသတင်းဌာနနှင့် မြန်မာတပ်ပြေးအရာရှိများ အကြားမှ အင်တာဗျူးများ၏ စွပ်စွဲချက်သည် သက်သော အထောက်အထား ခိုင်မာမှု အားနည်းနေသည်ပာု အမေရိကန်အခြေစိုက် ‘ဉာဏ်ကျယ်’ အုပ်စုတစ်စုက ဆိုသည်။

သို့သော်လည်း Institute for Science and International Security(ISIS) က “နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအား နျူကလီးယားမပြန့်ပွားရေး ရည်မှန်းချက် စည်းကမ်းများကို အပြည့်အဝ တာဝန်ယူ လိုက်နာရန်နှင့် ၎င်းတာဝန်များကို အပြည့်အဝအကဲခတ်ခွင့်ပေးရန် တသမတ်တည်း ဆက်လက် ရပ်တည်တောင်းဆိုသွားရမည်” ပာု ပြောကြားထားသည်။

IAEA အနေဖြင့် ကမ္ဘာပေါ်တွင် အနူမြူဗုံးများ ပြန့်ပွားမှုကို တားဆီးရန်အတွက်၊ နျူကလီးယား ပစ္စည်းမှန်သမျှကို စစ်ရေးကိစ္စအတွက် ပြောင်းလဲခြင်းမပြုနိုင်အောင် ကြိုးစားခြင်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် နျူကလီးယားအသုံးချမှုဆိုင်ရာ တားမြစ်ကိရိယာများကို ရရှိအောင် တရားမဝင် ခက်ခဲစွာ ကြိုးပမ်းခြင်းနှင့် နျူကလီးယားကိစ္စ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်သော IAEA မေးခွန်းမှန်သမျှကို ဖြေကြားရန် လိုအပ်သည်ပာု ‘ISIS’ ကဆိုသည်။

ထို့အပြင် ယခင်က မြောက်ကိုရီးယာူးနှင့် နည်းပညာလွှဲပြောင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ပတ်သက်သော အချက်အလက်များကို တင်ပြခြင်း၊ ရုရှားသို့ နျူကလီးယားနှင့် ဒုံးကျည်အသုံးချမှုဆိုင်ရာ လေ့ကျင့်မှုအတွက် ကျောင်းသားများ ဆက်လက် စေလွှတ်နေခြင်းအပေါ် ရှင်းလင်းခြင်း တို့ကိုလည်း ပြုလုပ်သင့်သည်ပာု ISIS ဉာဏ်ကျယ်အုပ်စုက ဆက်လက်ပြောကြားခဲ့သည်။

ယခင်နှစ်က ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် မြောက်ကိုရီးယားနိုင်ငံသည် စီးပွားရေးနိမ့်ကျသော မြန်မာနိုင်ငံ အပါအဝင် အီရန်နှင့် ဆီးရီးယားနိုင်ငံများသို့ နျူကလီးယားတားမြစ်နည်းပညာများကို တိတ်တဆိတ် ဖြန့်ဖြူးနေဖွယ် ရှိသည်ပာု တင်ပြထားသည်။

သို့သော်လည်း အကဲခတ်လေ့လာသူအများစုက မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းရည်ကို ပိုင်ဆိုင်ရန် အလွန် အလှမ်းကွာဝေးနေဆဲပာု ယုံကြည်ထားကြပြီး အမေရိကန်တာဝန်ရှိသူများကလည်း မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးတွင် နျူကလီးယားအစီအစဉ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်နေသည် ပာူသော စိုးရိမ်မှုများကို အလေးမထားခဲ့ကြပေ။

ပြီးခဲ့သော နှစ်ပတ်ခန့်က သမိုင်းဝင်အထင်ကရ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်လာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က နျူကလီးယားလက်နက်နိုင်ငံဖြစ်အောင် ကြိုးစားမှုကြောင့် နိုင်ငံတကာက အရေးယူဒဏ်ခတ်ထားသော မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်သွယ်မှုများကို အဆုံးသတ်ရန် နေပြည်တော် အာဏာပိုင်များကို တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက်ပိုင်းတွင် မြန်မာနိုင်ငံက နျူကလီးယားနည်းပညာအတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါပာု ငြင်းဆို၍ အနုမြူလက်နက် နည်းပညာဖလှယ်ရန် ၎င်းတို့နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေကြသည် ပာူသော မှန်းဆချက်များအပေါ် ပထမဆုံးအကြိမ် တုန့်ပြန် မှတ်ချက်ပေးခဲ့သည်။

credit here

Write A Comment

Rohingya Exodus