ဘင်္ဂလားက မြန်မာ မွတ်ဆလင် ဒုက္ခသည်တွေ မပြန်ချင် by BBC Burmese interview Rohingya Refugee
ဘင်္ဂလားဒေခ်ျ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နာရာပါရာနဲ့ ကိုတို့ပါလောင် ဆိုတဲ့ မြန်မာမွတ်ဆလင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ရေး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း စခန်းထဲမှာ ရှိနေတဲ့ ဒုက္ခသည်တွေကတော့ သူတို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ မရရင် မြန်မာနိုင်ငံကို မပြန်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဒုက္ခသည် တဦးဖြစ်သူ ဦးမောင်သိန်းက ဘီဘီစီကို ပြောပါတယ်။
ဒုက္ခသည်တွေ အချက် ၂၀ လောက် တောင်းဆိုထားတာ ဖြစ်ပြိး၊ အခု အချိန်ထိတော့ ဘင်္ဂလားဒေခ်ျ့ အစိုးရက တစုံတရာ အကြောင်းကြားတာမျိုး မရှိသေးသလို၊ ဖိအားပေးတာတွေ မရှိသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ရှိတ်ဟာဆီနာက မြန်မာနိုင်ငံက ဒုက္ခသည်တွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ လူမှုရေး မတည်မငြိမ်မှုတွေနဲ့ အတူ ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြတဲ့ အတွက် ဒုက္ခသည်တွေကို အမြန်ဆုံး ပြန်ပို့လိုကြောင်း မြန်မာအစိုးရက တာဝန်ရှိသူတွေကို ပြောကြခဲ့တယ်လို့ သိရပါတယ်။
BBC now calling us Myanmar Muslim because of the protest of Rakhine racists over BBC.But before,why did BBC called us Rohingya?I think BBC also lying over history like Rakhines. BBC can't be double-standard.Is BBC unbiased?