Latest Highlight

ရိုဟင်ဂျာတွေ ကော့သောင်းမှာ ဖမ်းပြိး ထောင်ချ။


ဘင်္ဂလား မြန်မာ နယ်စပ်ကနေပင်လယ်ဖြတ် ထွက်လာတဲ့ ရိုဟင်ဂျာ ခြောက်ဆယ်သုံးယောက်ကို တနသာင်္ရီတိုင်း ကော့သောင်းမြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေးပုဒ်မနဲ့ ထောင်းဒဏ် တနှစ်ခွဲစီ ချမှတ်ခဲ့ပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ် လုပ်ဖို့ လှေနဲ့ ပင်လယ်ဖြတ် ထွက်လာကြတာ ဖြစ်ပြီး ပွဲစားက ကော့သောင်းမြို့ ဆယ်မိုင် ကမ်းစပ်မှာ တင်ထားခဲ့တုန်း မြို့အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
သူတို့ဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပထမဦးဆုံး ဖမ်းဆီးထောင်ချခဲ့ရသူတွေဖြစ်ပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံက ရေပိုင်နက်ကနေ ပွဲစားကို တသိန်းခွဲကနေ သုံးသိန်းထိ ပေးပြီးထွက်လာကြ တာလို့ သိရပါတယ်။
ရိုဟင်ဂျာတွေကို ၁၉၄၇ ခုနှစ်က ပြဌာန်းထားတဲ့ လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် အက်အမှတ် (၃၁)ပုဒ်မ ၆ ပုဒ်မခွဲ ၂ အရ ထောင်ဒဏ် တနှစ်နဲ့ ခြောက်လ အမိန့်ချတာ ဖြစ်ပါတယ်။
အရင်က ထိုင်း။နိုင်ငံဘက်မှာသာ ဖမ်းဆီးထောင်ချတာမျိုး တွေ့ရပေမယ့် ခု မြန်မာနိုင်ငံဘက်ခြမ်းမှာ ထောင်ချတာခုအကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာလဲ ထိုင်းနိုင်ငံ ချုံဖော်နဲ့ ရနောင်းခရိုင် ရေပိုင်နက်မှာ ရိုဟင်ဂျာ တရာ့ သုံးဆယ် ကိုဖမ်းဆီးပြီး နောက်ပိုင်းမှာ ရေလမ်းကပြန်လွှတ်ပေးလိုက်တဲ့ အတွက် မလေးရှားရေပိုင်နက်ထဲ ရောက်သွား ခဲ့တယ်လို့ သတင်းရရှိပါတယ်။

တချို့ကတော့ စပြီး ခုလို ပွင့်လင်းရာသီ ရောက်တိုင်း ရိုဟင်ဂျာတွေဟာ ရာနဲ့ထောင်ချီပြီး ထိုင်းနိုင်ငံကို ခိုးဝင်နေကြတာ ဖြစ်ပါတယ်။ 

Credit : BBC Burmese

Write A Comment

Rohingya Exodus