ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
" ညနေ ၄ နာရီကျောင်းကနေ ဦပညာသီဟကို အပြီးထွက်သွားဖို့၊ဘုန်းကြီးဝတ်နဲ့ နိုင်ငံရေးမလုပ်ဖို့ လုပ်ချင်ရင် လူဝတ်လဲဖို့အတွက် စာထုတ်ထားတာပါ၊ ကျောင်းမှာဘုန်းကြီးကျောင်းသားတွေ လူတွေများတော့ ခိုက်ရန်တစ်ခုခု ဖြစ်သွားမှာစိုးလို့ လုံခြုံရေးယူထားတာပါ အခု ည ၇ နာရီလောက်အထိ ကျောင်းမှာ ရှိနေသေးတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့တွင် တရားဟောကြားခဲ့သဖြင့် ကြည်မြင်တိုင်သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့်လူဝတ်လဲရန် ၊နိုင်ငံတော်သံဃာ့နာယက အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်းမပြုလုပ်ရန် အချက်သုံးချက်ပါသည့် ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊တိုင်းဒေသကြီးသံဃနာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။

