Latest Highlight

မန္တလေးသံဃာတော်များ သပိတ်မှောက် ( Monks Protest in Mandalay)




Mandalay Monks mobilize public for peace, freedom, dissident release and end to attack non-Bama ethnic people Their statement "From Burma's Peace to World Peace" calls on President Thein Sein to:

1. Release all our fellow Buddhist monks, as well as all other dissidents who have been imprisoned for their struggle for peace, justice and liberty for all;

2. Cease civil wars among fellow ethnic people and start the quest for genuine peace through political negotiations with representatives of ethnic communities and pro-democracy opposition;

3. Abolish the (current) ban on teaching of Lord Buddha for the purpose of foster intellectual growth and ethical worldview in the society at large and end the requirement for abbots and lay scholars and opinion makers to seek prior permission to do their educational work.

Towards "speedy peace" in Burma

Signed

peace-desiring monks


မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်း မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဆရာတော်ငါးပါးကို ညနေ ၄း၃၀ မှာ ဘုရားကြီးဝင်းအတွင်းမှာ ဆန္ဒပြနေတာ မသင့်တော်ဟု အကြောင်းပြချက်နှင့် ဘုရားကြီးဝင်း ဂေါပကပိုင် ကားနဲ့ မစိုးရိမ်ကျောင်းတိုက်သို့ ရွှေ့ခဲ့ပါတယ်။ထောက်ခံအားပေးတဲ့ ပရိသတ်တွေလဲ တပါတည်း ငြိမ်းချမ်းစွာ လိုက်ပါလာခဲ့ကြပါတယ်။



မစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ရောက်သောအခါ ဖိတ်ခေါ်ထားခြင်းမရှိဟု ငြင်းဆိုသည့်အတွက် မစိုးရိမ်ကျောင်းဝင်းထဲမှာရှိတဲ့ သုတ္တန္တကျောင်းမှာ ဆန္ဒပြဆရာတော်ငါးပါးကို ခေတ္တ နေရာချထားပြီး ဆရာတော်ကြီးတွေက လာရောက် ဆွေးနွေးညှိနှိုင်းနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အာဏာပိုင်တွေဘက်က ဖိအားပေးနေတာမျိုး တွေ့နေရပြီး မစိုးရိမ်ကျောင်းတိုက်က လက်မခံဘူးဆိုတာမျိုးထက် ကျောင်းတိုက်ကို ကြွရောက်လာခဲ့ဖို့ ဖိတ်ခေါ်တဲ့သူက ပျောက်နေပြီး အခုမှ ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးနေတာဖြစ်ပြီး အခုဆို အချိန်တော်တော်ကြာသွားပြီဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်းကလဲ စောင့်ကြည့်နေတာ အလွန်အမင်းများပြားနေပြီး ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်တွေကလဲ စောင့်ကြည့်အနေအထားနဲ့ ဝိုင်းရံထားတာကိုလဲ တွေ့ရပါတယ်။

ထောက်ခံအားပေးသူ ပရိသတ် အယောက် ၃၀၀ နီးပါးကလဲ ကျောင်းဝင်းပြင်ပမှာ ထွက်ခွာမသွားကြဘဲ ထုတ်ပြန်ချက်တခုခု ဆုံးဖြတ်ချက်ကျဖို့အတွက် စောင့်ဆိုင်းနေကြတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

အခုလို ငြိမ်းချမ်းစွာဆန္ဒပြတာကို လူထုက ကျေနပ်လက်ခံခဲ့ကြပြီး အများလက်ခံနိုင်လောက်တဲ့ အချက်တွေကို တောင်းဆိုခဲ့တဲ့အတွက် အားလုံး ငြိမ်းချမ်းစွာ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်လို့ မန္တလေးမြို့ခံက ပြောဆိုလိုက်ပါတယ်။




Write A Comment

Rohingya Exodus