Latest Highlight

၂၀၀၈ နဲ့ ဒေါ်အောင်ဆန်းစုကြည် by မိုးသီးဇွန်

၂၀၀၈ အခြေခံဥပဒေ ရဲ့ အနှစ်သာရတခုလုံးက ကန့်သတ်မှုနဲ့  ပိတ်ပင်မှု ဖြစ်တယ်။ ကန့် သတ်မှုက ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲမ၀င်နိင်အောင်၊ မြန်မာ နိင်ငံကိုဦးဆောင်ခွင့်မရ
အောင်၊ ပြုပြင်ပြောင်းလဲမှုတွေမလုပ်နိင်အောင်ပါ။ ပိတ်ပင်မှုက လူထု အတွက် ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး
တွေ မရအောင် ပိတ်ပင်ထားတာ။ ပုဒ်မ ၅၉(ခ) မှာ ဆိုရင် သမတ၊ ဒုသမတ ရဲ့  သူရော၊ သူခင်ပွန်း၊သားသမီး၊
ချွေးမ၊သားမက် ပါ နိင်ငံခြားသားမဖြစ်ရလို့ ပါတယ်။ သူကိုယ်တိုင်က နိင်ငံခြားသားမဖြစ်ရ ဆိုတာတော့ကြား
ကောင်းပါတယ်။ ဘာကြောင့် ခင်ပွန်း၊ သားသမီးနဲ့  ချွေးမ၊သားမက်တွေအထိ ခြည်နောင်ထားသလဲ။
ကျဉ်းမြောင်းတဲ့အခြေခံဥပဒေဖြစ်နေပါတယ်။


ပုဒ်မ ၅၉ ( ဃ) မှာတော့ သမတ ဟာ စစ်ရေးအမြင်ရှိရမယ်လို့ ဆိုပါတယ်။ စဉ်းစားကြည့်ပါဦး
သမတအိုဘားမားက စစ်တပ်ကလာတာမှမဟုတ်တာ။ တရုပ်သမတ - ဟူကျင်းတောင်လဲစစ်သားမဟုတ်။
ဒါပေမဲ့သူတို့ ဟာအခြေခံဥပဒေအရ သမတဖြစ်လာတာနဲ့  တပ်မတော်ရဲ့  စစ်သေနာပတိတွေ၊ စစ်ကော်မရှင်ဥက္ကဌ တွေဖြစ်လာတာပဲ ဖြစ်ပါတယ်။


ပုဒ်မ ၂၀၃ မှာတော့ ဒေါ်စုက သာလွတ်တော်အမတ်ဖြစ်လာရင် အစိုးရအဖွဲ့ မှာ ၀န်ကြီးနေရာတခုခုကိုယူခဲ့
ရရင် သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က နှုတ်ထွက်ရမယ်။ ကြပ်ပြေးမှာသွားနေနေရမယ်။


ရွေးကောက်ပွဲပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာတော့ ပါတီကိုမှတ်ပုံပြန်တင်ရင်
ဒေါ်စုနဲ့  ပါတီခေါင်းဆောင် ၁၅ ဦးဟာလက်မှတ်ထိုးရမယ်။ မှတ်ပုံတင်ဥပဒေပုဒ်မ ၄၊၅၊၆ ဆိုတာတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါတွေက ကျနော်တော်၊ကျွန်မ တို့ သည် ၂၀၀၈ အခြေခံဥပဒေကို
လေးစားလိုက်နာပါမည် ဆိုတဲ့ ခံဝန် ကတိကို လက်မှတ်ထိုးကြရပါလိမ့်မယ်။


တကယ်က ၂၀၀၈ အခြေခံဥပဒေဟာ သန်းရွှေက လမ်းညွန် ပေးခဲ့ပြီး ထွန်ရှင်နဲ့ သောင်းညွန့် ဆိုတဲ့
ရှေ့ နေ နစ်ယောက်က ရေးခဲ့တာပါ။ သူတို့ ဟာ သာမန် ရှေ နေ တွေမျှသာဖြစ်ပြီး
အခြေခံဥပဒေ ရေးဆွဲ တဲ့ ရှေ့ နေမဟုတ်ကြပါဘူး။ အခြေခံဥပဒေတိုင်းက လူထုကိုကာကွယ်ပေးပြီး
အစိုးရကို ဖိနိပ်မှုတွေမလုပ်နိင်အောင် ကန့် သတ်ကြတာပါ ။ မြန်မာ ပြည်အခြေခံဥပဒေက တော့
ပြောင်းပြန်ဖြစ်နေတယ်။ လူတွေကိုဖိနိပ်ချုပ်ခြယ်ပြီး သူတို့ က လွတ်လပ်စွာအာဏာကို အလွဲသုံးစား
ပြုခွင့်တွေယူထားတဲ့ဥပဒေဖြစ်နေပါတယ်။ ၂၀၈၈ အခြေခံဥပဒေကို လုံးဝ လက်ခံလို့ မရ ဘူးဆိုတာကို
အကြံပြုလိုပါတယ်။


Credit  :မိုးသီးဇွန်

Write A Comment

Rohingya Exodus