Latest Highlight

ပြည်တွင်းစစ် ရပ်ဖို့ မန္တလေးမြို့မှ တောင်းဆို


မန္တလေး၊ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှ ငြိမ်းချမ်းရေးတောင်းဆိုပွဲ

ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှာ ငြိမ်းချမ်းရေးဟောပြောပွဲနှင့် တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များ၏ ငြိမ်းချမ်းရေးတောင်းဆိုပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

စာရေးဆရာများဖြစ်ကြသော
၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း
တို့က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရပ်စဲရေးအကြောင်းများ ဟောပြောခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးပညာသင်ကျောင်းမှ တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များက

၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ပေးပါ
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင်

ဟူသော စာတမ်းများကိုင်ဆောင်ကာ

"စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။
ရှုံးသူလည်း ဒုက္ခရောက်၏။
အမြန်ဆုံး ရပ်ပေးပါ။"

ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြွေးကြော်သံများရွတ်ဆိုခဲ့ပါတယ်။

မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးကျောင်းမှ တိုင်းရင်းသူ တိုင်ရင်းသား ကျောင်းသားကျောင်းသူလေးများရဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲပါ။





ဒီဆုတောင်းပွဲမှာ မန္တလေးသား စာရေးဆရာများဖြစ်တဲ့ ဆရာညီပုလေး၊ ဆရာဆူးငှက်၊ ဆရာညီစေမင်း တို့ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။





ကချင်ပြည်နယ်မှာတော့ တဖက်နဲ့ တဖက် ငြိမ်းချမ်းရေးစကားတွေကို ပြောနေပေမယ့် စစ်အင်အားတွေ့ချဲ့ပြီး စစ်ဆင်ရေး လုပ်မယ့် အရိပ်အငွေ့တွေကို မြင်တွေ့နေရပါတယ်။

Credit here

Write A Comment

Rohingya Exodus