Latest Highlight

ခေတ်မီအောင် တိတ်တိတ်ကလေး ရေးတဲ့စာ


ကျမ မှာ ရိုဟင်ဂျာ အသိ တယောက်မှ မရှိပါဘူး။ ရိုဟင်ဂျာ တွေ နေ တဲ့ ဒေသ လည်း တခါ မှ မရောက်ဖူးပါဘူး။ အဲဒါကြောင့်..ရိုဟင်ဂျာ တွေ အကြောင်း လည်း ကောင်းကောင်း မသိ နိုင်ပါဘူး။

ဒါပေမဲ့.. ရိုဟင်ဂျာ တွေ ကို အသဲအသန် ခုခံ မုန်းတီး နေ တဲ့.. ရခိုင် မိတ်ဆွေ.. မြန်မာ မိတ်ဆွေ တွေ တော့ ၊ အများ ကြီး ရှိ ပါတယ်။ သူတို့ ပြောပြ တဲ့.. မုန်းစရာ ကောင်း လှ တဲ့..ရိုဟင်ဂျာ တွေ ရဲ့.. ဇတ်လမ်း တွေ ကို လည်း ..အများကြီး ကြားဖူး ပါတယ်။ အများကြီး ဖတ်နေ ရ ပါတယ်။ အခု ကိုပဲ.. face book ဆို တဲ့.. လွတ်လပ် တဲ့..လမ်းမ ကြီး ပေါ် မှာ.. ရိုဟင်ဂျာ ဆန္ဒပြ နေ ကြတဲ့.. မိတ်ဆွေ တွေ ကို .. မိုးလင်း တာ နဲ့.. လမ်းတခု လုံး ပြည့် ကျပ်နေ အောင် ခဲခဲ လှုပ် မြင် နေ ရ ပါတယ်။ ဘီဘီစီ ကို သပိတ်မှောက် ကြ .. ၃ ရက် အတွင်း တောင်းပန် ပါ ဆို တဲ့.. .. စကားလုံး ကြီး တွေ က လည်း.. မျက်စိ ထဲကို အတောင့် လိုက် .. ၀င်ဝင် လာ နေ ပါတယ်။ ဒုတိယ ဧရာဝတီ လို့ တောင် ကြွေးကြော် သံ တွေ ကြားရ ပါတယ်။ Occupy face book များ ဖြစ် နေ ပြီ လား မသိ၊   ဆန္ဒပြ နေတဲ့ သူ တွေ ဆိုတာ..ဘယ်လို မှ ကို တိုး မပေါက်ပါဘူး။ အဲဒါကြောင့်.. ကိုယ့် ဘလော့ လေးပဲ ကိုယ် တိတ်တိတ် ကလေး ပြန် လာပြီး.. ဒီစာ လေးကို..တိတ်တိတ် ကလေး ရေး လိုက်ပါတယ်။

ကိုယ့်လို ဂဂျိုးဂဂျောင်..ဘလော့ လောက်ပဲ ရေး တတ် တဲ့..သူ တယောက်က.. ရိုဟင်ဂျာ သမိုင်း ကြောင်း တွေ ကို..အထူးပြု လေ့လာ ဖို့..ကျမ်းကြီး ကျမ်းငယ် တွေ လည်း လိုက် မဖတ် ဖူး ပါဘူး။ စိတ်လည်း မ၀င်စား လှ ပါဘူး။

ဒါပေမဲ့.. ပျမ်းမျှ ယေဘုယျ အတိုင်း အတာ လောက် တော့.. ဦးနု က.. ပါလီမန် မှာ.. မဲပေးပိုင်ခွင့် ရှိတဲ့ လူမျိုးစု အဖြစ် ကြေငြာ ထဲ့သွင်း ပေး ခဲ့ တာ (ဘာကြောင့် ညာကြောင့်..ထင်မြင် သုံးသပ်ချက် တွေ အသာထား )၊ အကြမ်းဖက် ကွန်ယက် တွေ နဲ့ စပ်ဆက် နေ နိုင် တယ် လို့ ၀ီကီလိ က ပြောတာ.. ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဦးတင်ဦးက.. လောလော လတ်လတ် ဘယ်လို ပြော လိုက် လို့.. ပြည်ပရောက် .. ရိုဟင်ဂျာ လှုပ်ရှား သူ တွေ က.. ရေဒီယို သတင်း ဌါန တွေကို ဘယ်လို လာ ချေပတာ ၊ စသဖြင့်.. သာမာန် လူ ပြိန်း အဆင့် လောက် တော့..သတင်းတွေ နဲ့ အဆက်မပြတ် ရှိ နေ ခဲ့ ပါတယ်။

ဒါပေမဲ့.. ခု လို.. အလှည့် အပြောင်း မြန် နေတဲ့..နေ့စဉ် နဲ့ အမျှ ထူးခြား နေ တဲ့.. လက်ရှိ နိုင်ငံ ရေး အခြေအနေ တွေ ကို လူတွေ သိပ်စိတ်ဝင် တစား ရှိ နေ တဲ့...အချိန် မှာ.. ဒီလို ဘယ်တော့မှ အဆုံးသပ် မရ တဲ့.. လူမျိုးရေး လှုံ့ဆော်မူ .. ဆိုင်းဘုဒ် ကြီး တွေ တကားကား ဖြစ်နေတာကို.. နားမလည် နိုင် အောင် ဖြစ် ရ ပါတယ်။ ကောက်ရိုးမီး တမျှ ဟုမ်းကနဲ များ ထ ကြ တာ ပေ ပဲ လား ။  နေ အုံး.... အဲဒီတော့.. ဒီ .. သိန်း နဲ့ သန်း နဲ့.. ဗမာပြည် ထဲ မှာ ရှိ နေ တဲ့..လူမျိုးစု တွေကို.. ပင်လယ် ထဲ တွန်းချ ရ မှာ လား..၊ တယောက်မကျန် သတ်ပြစ် ချင် ကြ သ လား...၊ ဘင်္ဂလားဒေ့ရှ် ကို လည်ပင်းညှစ် ပြီး.. မင်းတို့ လူ တွေ မင်းတို့ ပြန် မယူ ဘူးလား..ယူမလား လို့.. စစ်သွား တိုက် ချင်သလား..၊။ ဘယ်သူ့ကို မေးရ မှန်း မသိ အောင်ပါပဲ..။

ဘာဖြစ် လို့ ဆို.. ဖေ့စ်ဘွတ် မှာ.. ခင်သမျှ.. သိသမျှ ..ရင်းနှီးသမျှ..လူ အကုန် နီးပါး ကလည်း..အဲဒီ ဆိုင်းဘုဒ် ကြီး တွေ နဲ့ ဗျ...။ အဲဒါ နဲ့..အသာလေး ငြိမ်ပြီး.. ကုပ်ချောင်းချောင်း ဖြစ်နေတာ.. တရက် နှစ် ရက် ရှိပြီ။ ဟော..ဗြုန်းကနဲ ဆို.. ဒေါက်တာဇာနည်က.. ထုံးစံ အတိုင်း..မောင်းကွဲ ကြီး ထ ထု လိုက်တာ.. ပုရိသ နွယ်ဝင် သူတော်စင် တွေ တယောက် မကျန် အပြေး အလွှား.. နင် ငါ ကလော် တုတ် ကြ တော့ တာပဲ..။ ကိုယ် လည်း အဲဒီ မောင်းကွဲ ကြေးနန်းစာ ကြီး ကို.. ကုပ်ချောင်းချောင်းလေး သွားဖတ် ကြည့် ပါ တယ်။ ခပ်ရွတ်ရွတ်..ခပ်ရင့်ရင့် ရေး ထား တဲ့..သူ့စတိုင် ကို ဖတ် ပြီး.. ခေါင်းခါ လိုက်..ခေါင်းညိတ် လိုက် ပေါ့...။ နောက်ဆုံး.. long live Rohingha လို့.. အဆုံးသပ် ထား တာ ကို တော့.. အသေ အချာ ကို.. ပြုံးမိ လိုက် ပါတယ်။

ကိုယ်က တော့.. ရွတ်လည်း မရွတ် တတ်.. ရင့်လည်း မရင့် ရဲ ပေ မဲ့.. မရဲ တရဲ လေး တော့.. ဆုတောင်း ပေး ချင် ပါတယ်။

ဆယ်စုနှစ် ပေါင်း များ စွာ.. ခွေးနေရာ မရ သလို ဖြစ် နေ ရ တဲ့.. ဒီ လူ မျိုးစု တွေ အတွက်..၊ ဖြေရှင်း လို့ မရ နိုင် ဖြစ် နေတဲ့.. နယ်စပ် ပြသာနာ တွေ ကို ၊ သက်ဆိုင်ရာ နှစ်ဖက် အစိုးရ ခြင်း ၊ တာဝန်သိသိ၊ သိက္ခာရှိရှိ နဲ့  အောင်အောင်မြင်မြင် ပြေပြေ လည်လည်..ညှိနှိုင်း အဖြေ ရှာ နိုင် ပါစေ... ။

ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုး ချစ်စိတ် ..ကာကွယ် စိတ် ဆိုတာ ကို၊ ..သူများ တိုင်းပြည်..သူများ လူ မျိုး ကို..မုန်းတီး ရွံရှာ စိတ်၊  နှိပ်ကွပ် ချင် စိတ် အဖြစ် နဲ့ .. မရှင်သန် ပါစေ နဲ့..။

ခွေးတွေ ကြောင် တွေ ကို ချစ်တတ် တဲ့ ... နွားတွေ ငါး တွေ ကို တောင် .. ညှာတာ တတ် တဲ့..သက်သက်လွတ် စား နိုင် တဲ့.. လူ သား တွေ ဟာ..အမျိုးတူ လူသားခြင်း ကျမှ.. အသားမဲ လို့...သွားကျဲ လို့.. ဘာသာမတူ လို့.. စာမတတ် လို့ ဆို ပြီး.. မုန်းတီး စက်ဆုပ် မူ တွေ.. အလွန်အကျွံ မဖြစ် ကြ ပါ စေ နဲ့...။

တကမ္ဘာလုံး အနှံ့ .. ရေကြည်ရာ မျက်နု ရာ .. ထွက်ပြီး နေ နေ ကြ တဲ့.. မြန်မာ ပြည် အနှံ့က.. မြန်မာလူမျိုး တွေ.... သူများ နိုင်ငံ မှာ ..နိုင်ငံသား စတေတပ်စ် တခု ရဖို့..ဒါမှ မဟုတ်.. အသိအမှတ် ပြု ခံ ရ ဖို့... မက်မက် မောမော ဆုတောင်း ပဌနာ ပြု တတ် ကြ သလို.. ..သူတပါးကို လည်း ကိုယ်ချင်း စာတတ် ကြ ပါစေ..။

ဒေါ်အောင်ဆန်းစုကြည် ပြောသလို.. ဒီမိုကရေစီ ဆိုတာ..လူသား တယောက်ခြင်း ရဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာကို အသိအမှတ် ပြု ခြင်း ပဲ ဆို တဲ့.. အဓိပ္ပါယ် ဖွင့် ဆို ချက် အတိုင်း.. ဒီမိုကရေစီ ကို တန်ဖိုးထား လေးစား တတ် ကြ ပါစေ...

လို့ သာ...။

( XXXX )
နာမည် မခံ ရဲ လို့..း)




Credit : here

  1. လူကိုလူလိုသဘောထားပြီးခေတ်မီအောင် တိတ်တိတ် ကလေးရေးတဲ့စာ အတွက်ကျေးဇူးပါ။ xxxx နာမည် မခံရဲလို့ … ဒါကနားမလည်ပါ။ စာရေးသူ ရိုဟင်ဂျာ သမိုင်းလေ့လာပါက နာမည်ကိုရဲရဲဝံ့ဝံ့ခံနိုင်ပါမယ်။

Write A Comment

Rohingya Exodus