April 08, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Aman Ullah  RB History August 25, 2016 The ethnic Rohingya is one of the many nationalities of the union of Burma. And they are one of the two major communities of Arakan; the other is Rakhine and Buddhist. The Muslims (Rohingyas) and Buddhists (Rakhines) peacefully co-existed in the A...

Rohingya History by Scholars

Dr. Maung Zarni's Remark: The best research on Rohingya history: British Orientalism which created the pseudo-scientific biological notion of "Taiyinthar" or "real natives" of #Myanmar caused that country's post-colonial cancer of official & popular genocidal Racism.  This co...

Report @ RB

(Photo: Soe Zeya Tun, Reuters) RB News  October 5, 2013  Thandwe, Arakan – Rakhinese mob in Thandwe started attacking Kaman Muslims on September 28, 2013. As a result, 5 Kaman Muslims were mercilessly killed and 1 was died in heart attack while escaping the attack. 781 Kaman Mus...

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

ကျားကွဲရင် ခွေးအ ဆွဲမယ် By ထွန်းအောင်ကျော်


ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတ်ပုံတင်ခြင်းနှင့်ရွေးကောက်ပွဲဝင်ရန်ဆုံး
ဖြတ်ခြင်းအပေါ်ဒီမိုကရေစီအင်အားစုများအတွင်းသဘောတူထောက်ခံသူများနှင့်သဘောမတူသူများအကြားအငြင်းပွါးလာခဲ့ပြီးစစ်အာဏာရှင်ကိုမတိုက်နိုင်တော့ဘဲအချင်းချင်း ငြင်းခုံကြရင်းဘုံရန်သူ ပျောက်၍စစ်အာဏာရှင်အကြိုက်တဦးနှင့်တဦးလက်ညှိုးထိုး၊ ရန်တွေ့ ရင်းတဝဲလည်လည်သွေး ကွဲကြ ပြန်သည်။ ကျားကွဲတော့ ခွေးအ များကဝိုင်းဆွဲခြင်းကိုခံရ တော့ မည့်ကိန်း ယနေ့ဒီမိုကရေစီအင်အား စုများအတွင်း ဆိုက် ရောက်နေသဖြင့်သတိပေးနှိုး ဆော် လိုက်ရပေတော့သည်။
ဒေါ်အောင်ဆန်းစုကြည်နေရာမှစဉ်းစားကြည့်ခြင်း။
၁။ ဒေါ်စုနေအိမ်အကျယ်ချုပ်ဖြင့်စုစုပေါင်း၁၃နှစ်နေခဲ့စဉ်NLDပါတီသည်ပါတီဝင်သန်းကျော်မှ သောင်းဂဏန်းပင်မရှိသလောက်အဖွဲ့ဝင်ဦးရေကျဆင်းခဲ့ရသလိုနယ်ပါတီရုံးများသည်လည်း ဆိုင်းဘုတ်ပါမကျန် ဖြုတ်သိမ်းပိတ်ပင်ခြင်းခံခဲ့ရသည်မှာအများအသိပင်ဖြစ်သည်။
၂။ ပါတီခေါင်းဆောင်ပိုင်းတွင်လည်းသက်ကြီးရွယ်အိုများကအများစုဖြစ်နေပြီးပါတီကိုဦးမ ဆောင်နိုင် ဘဲရွှေဝါရောင်သံဃာ့အရေးအခင်းတွင် လူထုနှင့်မပေါင်းစပ်နိုင်ဘဲဘေးရှောင် နေခဲ့သည့်အထိအရုပ် ဆိုးအကျဉ်းတန်ခဲ့သည်။
ထိုအခြေအနေတွင်နေအိမ်အကျယ်ချုပ်မှလွတ်လာသောဒေါ်စုအနေနှင့်ဘယ်လိုရပ်တည်ရမလဲ? အင်အားချိနဲ့နေသောသူမပါတီကိုဘယ်လို ပြန်လည်တည်ဆောက်ယူမလဲ? နအဖနဲ့ဆက်လက်၍်ထိပ်တိုက်တွေ့ပြီးနေအိမ်အ ကျယ်ချုပ်ပြန်နေမလား?၊ ဒေါ်စုအနေနဲ့စဉ်းစားမှာအမှန်ပါ။ ဒီအချိန်မှာဦးသိန်းစိန်တို့ကလဲဗိုက်နာနေပြီ၊ သူ့ရဲ့စစ်ရုပ်သေး အစိုးရကို အာဆီယံကထောက်ခံ ပြီးလာမဲ့ အာဆီယံအစည်းအဝေး မှာဥက္ကဌ ရာထူးရဘို့ အရှေ့တောင်အာရှမှာလူရာဝင်ဘို့ရယ်၊ အနောက်နိုင်ငံ တွေ ကပိတ်ထားတဲ့စီးပွါးရေးပိတ်ဆို့မှု တွေကို ရုတ်သိမ်းဘို့ဒေါ်စုကိုချဉ်းကပ်လာခဲ့တယ်၊ မ ချည်းကပ် လို့ လဲမဖြစ်ဘူး၊ တိုင်းပြည်သံ ယံဇာ တတွေရောင်းလို့ရတဲ့ငွေတွေကသန်းရွှေနဲ့ခိုးသားငါးရာက ဗျောင် ယူထားပြီးပြီ၊သဘာဝ ဓါတ်ငွေ့ရောင်းရငွေဘီလီယံလိုက်သန်းရွှေကယူလိုက်တဲ့အတွက်သိန်းစိန်တို့အစိုးရနိုင်ငံခြားအကူလိုတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာဒီလိုအပ်ချက်ရဲ့အဖြေဖြစ်တယ်။ နိုင်ငံတကာကအသိ အမှတ်ပြုထားတဲ့ခေါင်းဆောင်ဒေါ်စုကို စည်းရုံးဘို့သူ့ရုံးခမ်းမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံကြီးကို ချိပ် ပြီး တွေ့ဆုံခဲ့တာအများအသိပါ။
ဒီနေရာမှာဒေါ်စုက NLD ပါတီရပ်တည်ရေး၊ ဗဟိုကော်မီတီကိုလူသစ်သွေးသစ်တွေ နဲ့ ပြန် လည် ဖွဲ့စည်း နိုင်ဘို့အရေးတွေကိုစဉ်းစားပြီးစစ်ရုပ်သေးအစိုးရနဲ့သူတို့ဘက်ကစပြီးကမ်း လှန်း လာမှုအပေါ်လက်တွေ့ကျကျပေးလာတဲ့အခြေအနေအရဦးသိန်းစိန်တို့ရဲ့ကစားကွက်ကိုပြန် လှန်ပြီးအောက်ကြေးကနေပြန်ကစားတယ်လို့ယူဆတယ်၊ ဘာကြောင့်လဲဆိုတော့ သန်းရွှေ တို့ မလုပ်တဲ့အလုပ်ကို သိန်းစိန်ကပျော့ပျော့ ပြောင်းပြောင်းလုပ်လာ တော့ဒေါ်စုကလဲနဂို တင်းမာ ရေးကနေပြောင်းလဲလာတဲ့အခြေအနေအရသူဆက်တိုက်တောင်းလာတဲ့တွေ့ဆုံဆွေး နွေးရေးလမ်း ပွင့်လာတဲ့အတွက်သူ့ဘက်ကလဲအစွမ်းကုန်တ ဖက်နဲ့တဖက်ပူးပေါင်းဆောင် ရွက်မှု တွေ  လုပ်လာခဲ့တာဖြစ်တယ်လို့မြင်တယ်။ သိန်းစိန်ဟာတကယ်ပြု ပြင်ပြောင်းလဲလို သူလား၊ ရုပ်ပြ လား ဆိုတာဘာလီအစည်းအဝေးမှာသူပြောလိုက်တဲ့နိုင်ငံရေးအကျဉ်း သားဆို တာမရှိဘူး၊ ပစ် မှု တခုခုကိုကျူးလွန်လို့အကျဉ်းကျနေတဲ့သူတွေဘဲရှိတယ်လို့ပြောလိုက်ခြင်း ကြောင့်“ဒီပုတ်ထဲ ကဒီပဲ” ဘဲဆိုတာထင်ရှားစေခဲ့တယ်။
ဒေါ်စုကလဲသူ့ကိုယ်သူအစားခံပြီးကင်းယူဘို့လုပ်တာထင်ရှားတယ်၊ပွင့်လာတဲ့အပေါက်ကလေးကိုချဲ့ပြီးတဖြေးဖြေးဝင်မယ်ဆိုတာသူမနဲ့ NLD ရဲ့သမိုင်းဘဲ၊ သူတို့ရဲ့ကြံရည်ဖန်ရည်၊ ကံဥာဏ် ဝိရိယ အ ပေါ်မှာမူတည်ပြီးဒီလမ်းကြောင်းဟာမှန်တယ်၊ မှားတယ်ဆိုတာသမိုင်းကဆုံး ဖြတ် သွား မှာဖြစ်တယ်။ အခုကတည်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပက်ပက်စက်စက်ဝေဖန် နေ သူတွေထဲမှာဆိုက်ဝါးတွေ ကြိမ်းသေပါတယ်၊သူ့လူကိုယ့်ဘက်သားတွေ အများကြီးဘဲဆို တာသတိရှိဘို့လိုတယ်။ အပြတ်သားဆုံး ပြောနိုင်တာကဒေါ်အောင်ဆန်းစုကြည် ဟာရန်သူမ ဟုတ်ဘူးဆိုတာဘဲ၊ ရန်သူရဲ့အဝန်းအဝိုင်းထဲ ကို တိုက်ဘို့စွန့်ပြီးဝင်သွားတဲ့သူရဲကောင်း တ ယောက် လို့မှတ်ယူနိုင်တာကပိုကောင်းတယ်လို့မြင်တယ်။ ဒီလိုမြင်တာဟာအားလုံးအတွက် အကောင်းဆုံးဖြစ်တယ်။ သူအခွင့်အရေးရဘို့၊သူနံမည်ကျော်ကြားဘို့ လုပ်နေတာမဟုတ်တာ တော့ကျိမ်းသေတယ်၊ ဘာကြောင့်လဲဆိုတော့သူမဟာကမ္ဘာသိကျော်ကြားပြီး သူဖြစ်နေလို့ပါ ဘဲ။ သူလုပ်နေတာတိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်ဘဲ၊ သူသွားတဲ့လမ်းကိုလက် မခံ နိုင်တောင်၊သူ့စေတနာကိုအနည်းဆုံးနားလည်ပေးနိုင်ဘို့လိုတယ်။
ပြည်ပကနေဒေါ်စုကိုဆဲနေသူ တွေကိုပြောချင်တာကဒေါ်စုသာသူတို့လိုပြည်ပကိုထွက်လာရင် ငွေသန်း ချီပုံပေးမဲ့သူတွေအများကြီးရှိတယ်ဆိုတာပါဘဲ၊ ပြည်ပမှာကောင်းကောင်း ဇိမ်နဲ့နေနိုင် ရဲ့သားနဲ့ပြည်တွင်းမှာသားတွေကိုပစ်ပြီး တိုင်း ပြည်နဲ့လူမျိုးကိုငဲ့ပြီးနေနေတာကိုက လေးစား ထိုက်တယ်ဆိုတာပါဘဲ။
ဒါကြောင့်ဒေါ်စုသွားတဲ့လမ်းကြောင်းကိုမကြိုက်ရင်ဘာလုပ်ကြမလဲ?
ဒေါ်စုသွားနေတဲ့လမ်းကိုမကြိုက်ရင်ကိုယ့်လမ်းကိုယ်ထွင်ယုံဘဲရှိတယ်၊ အချင်းချင်းပုတ်ခတ် တိုက်ခိုက်နေစရာမလိုဘူး၊ ရန်သူအားရအောင်လုပ်နေစရာမလိုအပ်ဘူး။ အခုဖြစ် နေတဲ့ပြသ နာကကိုယ်ကလဲဘာမှမလုပ်နိုင်လုပ်နိုင်သလောက်လုပ်နေသူတွေကိုတစ်တစ်ခွခွဆဲပြီးရဲရဲ တောက်သူရဲကောင်းကြီးတွေလိုလုပ်နေတာအတော်အကြည့်ရဆိုးပါတယ်၊ နှစ်၂၀ ကျော်ဖြတ် သန်း လာပြီးရင့်ကျက်လာသူတွေဖြစ်မလာကြဘူး၊ ကိုယ်ကဘာတွေလုပ်နေတယ်ဘာမှမပြော နိုင်ဘဲဒေါ်စုကို လက်ညှိုးထိုးပြောနေကြသူတွေကိုယ်ကိုယ်ကိုဘာလုပ်နိုင်သလဲ၊ ဘာတွေလုပ် ပြီးပြီလဲ မေးကြည့်ကြ ဘို့လိုပြီ။
ကျွန်တော်အနေနဲ့ကတော့ဒေါ်စုရွေးတဲ့လမ်းကရေရှည်ကြာနိုင်တယ်လို့မြင်တယ်၊ မ ဖြစ်နိုင်ဘူးလို့ တော့မပြောဘူး။
တခုပြောနိုင်တာကအခုလစ်လပ်သွားတဲ့ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် နေရာ၄၀ လောက်ကို ဝင် ပြိုင်ခြင်းဖြင့်ရလာမဲ့လက်တဆုပ်စာအမတ်လောက်နဲ့ ကြံဖွတ်ရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေကို ဒီမိုက ရေစီနည်းကျပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာဘဲ။ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ ၊ အား လုံး ပါ ဝင်နိုင်မှုမပေးဘဲလုပ်မဲ့ကြားဖြတ်ရွေး ကောက် ပွဲဟာ NLD ကအားလုံးနေရာရစေအုံးလွှတ်တော် ထဲ မှာ အခြေခံဥပဒေကိုပြင်ဆင် ဘို့တတ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ရေရှည်မယ်၊ဘာကြောင့်လဲဆို တော့ ၂၀၀၈ အခြေခံဥပ ဒေ ဟာ ၁၉၉၂ ခုနှစ်လောက်ကစပြီးစစ်အာဏာအသာစီးရရေးအတွက် နှစ် ပေါင်း ၁၅ နှစ် ကျော်စိမ်ပြေနပြေရေးဆွဲထားတဲ့သူတို့အသက်ပေးစောင့်ရှောက်ရမဲ့ဥပဒေဖြစ်တယ်။ ဒီဥပဒေ ကိုမပြင်နိုင် အောင်လွှတ်တော်အမတ် ၂၀%ကတင်သွင်းရမယ်၊ နောက်လွှတ်တော်အမတ် ၇၅% ကျော် က ထောက်ခံအ တည်ပြုရမယ်၊အတည်ပြုခဲ့ရင်လဲပြည်သူ့ဆန္ဒခံယူအတည်ပြု ရအုံး မယ်ဆိုတော့  အ တော်ခက်မဲ့အလုပ်ပါ။
နောက်ပြီးလွှတ်တော်ထဲမှာစစ်ဗိုလ်တမတ်သားရှိနေတော့ကျန်၇၅% ကအားလုံးကိုယ့်လူတွေ ဖြစ်နေရ မယ်။ အဲဒိတမတ်သားထဲကအနည်းဆုံးတယောက်ပါလာရအုံးမယ်အဲဒီတော့မှပြင် ခွင့်ရမှာ အခုကြံ ဖွတ်ကလွှတ်တော်ထဲမှာအင်အားအကြီးဆုံးဆိုတော့ဦးသိန်းစိန်ရဲ့ သက် တမ်း ၅ နှစ်အတွင်း မှာဘယ်လိုနည်းနဲ့မှမပြောင်းလဲနိုင်ဘူး  ဒါပေမဲ့ပါတီကို ၄ နှစ် လောက် အချိန်ယူပြီးတောင့်တင်းလာအောင်ပြုစုပျိုးထောင်ဖို့အကျိုးအမြတ်တော့ရမှာပါ။   နောက်သက်တမ်း၂၀၁၅ မှာတော့ NLD အတွက် နိုင်ဘို့လမ်းရှိ တယ်၊ မဲလိမ်မဲခိုးမရှိရင်ပေါ့၊ ဒါကြောင့် NLD ရဲ့ရည်မှန်းချက်ဟာ ၂၀၁၅ ဖြစ်ဘို့များ တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာအကြွင်း အ ကျန် ကောက်ယူရတဲ့ရွေးကောက်ပွဲဖြစ်လို့ ဒေါ်စုတို့လိုအမျိုးသားခေါင်းဆောင်နေရာကိုရောက် နေတဲ့သူအနေနဲ့ဝင်မပြိုင်ဘဲပါတီခေါင်းဆောင်နေ ရာကနေပြီး ၂၀၁၅ အထိစောင့်မယ်ဆိုရင် တော့ဒေါ်စုအတွက်ကောတိုင်းပြည်အတွက်ကောအောင်မြင် မှုပိုရနိုင်မယ်လို့ခန့်မှန်းမိပါတယ်။
ဒါဖြင့်ရင်တခြားနည်းလမ်းကောမရှိနိုင်တော့ဘူးလား? ဒီမိုကရေစီပန်းတိုင်ရောက်ဘို့ဘယ်လမ်းကိုရွေးရရွေးရ၊ ရဘို့ကအရေးကြီးတယ်လို့မြင်တယ်၊ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကိုသန်တဲ့သူကလဲလက်နက်ကိုင်လမ်းစဉ်ကိုအင်အား ကောင်းလာအောင်လုပ်၊ လူထုလှုပ်ရှားမှုကိုယုံကြည်သူကလဲ၊ လူထုတွင်းဝင်ပြီးစည်းရုံးလူထု လှုပ်ရှားမှုတွေကိုတွန်းတင် ယုံကြည်ချက်တူသူတွေကိုစုစည်းပြီးလုပ်ကြမယ်ဆိုရင်ဘယ် သူ မှားတယ်ဘယ်သူမှန်တယ်လုပ်စရာမလိုဘဲကိုယ့်အလုပ်ကိုယ်လုပ်ကြရင်းဆုံချက်တခုမှာတွေ့ ကြမှာဘဲ၊ အဲဒီဆုံချက်ကတော့ဒီမိုကရေစီပန်း တိုင်ဘဲ။
လူထုလှုပ်ရှားမှုအားကောင်းလာတာနဲ့အမျှ လွှတ်တော်အတွင်းရှိဒီမိုကရေစီအင်အားစုတွေအ တွက် Leverage power လို့ခေါ်တဲ့အင်အားချိန်ခွင်လျှာလဲမြင့်တက်လာမှာ ဖြစ်တဲ့အတွက် တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်အကျိုးပြုတယ်ဆိုတာတွေ့ရမှာပါ၊ လွှတ်တော်တွင်းမှာလဲလွတ်လပ် သော လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) များလွတ်လပ် စွာဖွဲ့စည်းခွင့်ရရှိရေး၊ မိမိ လူတန်းစားများကို ကိုယ်စားပြုလှုပ်ရှားခွင့်ရရှိရေးတို့ကိုတောင်းဆိုပေးမယ်၊ ကျိုးစားပြီးရလာ အောင်လုပ်ကြမယ်ဆိုရင်ဒီလိုအဖွဲ့ အစည်းတွေဟာသူတို့ရဲ့ရပိုင်ခွင့်တွေကိုတောင်းဆို တိုက်ပွဲ ဝင်ရင်းလူထုလှုပ်ရှားမှုထဲမှာပါလာမှာဖြစ်တယ်၊ အဓိကနားလည်ထားဘို့က လွှတ်တော်ထဲက ဘဲတိုက်တိုက်၊ လူထုလှုပ်ရှားမှုနဲ့ဘဲတိုက်တိုက်၊ လက်နက်ကိုင်နည်းနဲ့ဘဲတိုက်တိုက် တခုနဲ့တ ခုအပြန် အလှန်အကျိုးပြုကြတယ်ဆိုတာပါဘဲ။ သူမှားတယ်ငါမှန်တယ်မရှိပါဘူး၊ ကြိုးစားလုပ် ကြတာချင်း အတူ တူ ကံ၊ဥာဏ်၊ဝိရိယ သာတဲ့သူကတက်သွားမှာဘဲ။ နောက်ဆုံးဘယ်နည်းနဲ့ဘဲအောင်ပွဲခံခံအားလုံးလို ချင်တဲ့ပန်းတိုင်ရောက်ဘို့ကလိုရင်းဘဲလေ၊ ဘယ်သူအောင်အောင်အားလုံးအကျိုးခံစားကြရမှာဘဲ။
ဦးသိန်းစိန်အစိုးရနေရာမှကြည့်ခြင်း ။
ဦးသိန်းစိန်အစိုးရဖွဲ့စည်းပြီးနောက်ကမ္ဘာသိမဲလိမ်မဲခိုးမှုကြောင့်ဂုဏ်သိက္ခာမရှိခြင်းမှ ဂုဏ်သိက္ခာရှိလာ စေရန်နှင့်တရားမဝင်ခြင်းမှတရားဝင်ဖြစ်လာစေရန်ဆောင်ရွက်ရာ၌ ပထမဦးစွာ-
(၁) ဒေါ်အောင်ဆန်းစုကြည်နှင့်နေပြည်တော်တွင်တွေ့ဆုံခြင်း။
(၂) မြစ်ဆုံရေကာတာစီမံကိန်းကိုရပ်တန့်လိုက်ခြင်း ။
(၃) စာပေစီစစ်ရေးတင်းကြပ်မှုကိုလျော့ချလိုက်ခြင်း ။
(၄) အင်တာနက်တင်းကြပ်ထားမှုကိုလျော့ချလိုက်ခြင်း ။
တို့ကိုပြုလုပ်ပြခဲ့သည့်အတွက် ဇော်ဦး ဦးစီးသည့် ဗဟုအဖွဲ့၊ ဟန်ညောင်ဝေ ဦးစီးသည့် ယူရိုဘားမားရုံး၊ပြည်တွင်းအင်ဂျီအိုတပိုင်းစာနယ်ဇင်းတပိုင်းနံမည်ခံထားသောအီးဂရက်ပိုင်ရှင်နေဝင်းမောင်၊ ပညာရှင်အမည်ခံကျော်ရင်လှိုင် တို့မှဘေးတီး၊ ဖျာခင်းခြင်းတို့ဖြင့်ထောက် ခံခဲ့ ကြသည်။ ထိုသို့အပြုသဘောဆောင်ကြောင်းအပေါင်းလက္ခဏာဖြစ်သည်ဟုသာကူးများ နအဖအလိုတော်ရိများကပြောနေ သည့်အထက်ပါအချက်လေးချက်ကိုလေ့လာလျှင်-
၁။ ဒေါ်စုနှင့်တွေ့ဆုံခြင်းအတိမ်အနက်ကိုယနေ့အထိထုတ်ဖေါ်ပြောဆိုခြင်းမရှိခြင်း ။
၂။ မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းထားခြင်းသာဖြစ်သည်၊ အချိန်မရွေးပြန်စနိုင်သည်။
၃။ စာပေစီစစ်ရေးတင်းကြပ်မှုကိုလျော့ချလိုက်သော်လည်းဆင်ဆာဘုတ်အဖွဲ့သည်ဆက် လက်တည်ရှိနေပြီးလွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကိုတားဆီးနေသည့်ယန္တရားအဖြစ်အလုပ်လုပ်နေစဲဖြစ်ခြင်း။
၎။ အင်တာနက်တင်းကြပ်မှုကိုလျော့ချလိုက်သော်လည်း၊ ကမ္ဘာ့အနှေးဆုံးအင်တာနက်အဖြစ် လည်း ကောင်း၊ ခေတ်နှင့်အညီတိုးတက်ဖွံ့ဖြိုးသောချမ်းသာကြွယ်ဝသည့်နိုင်ငံကြီးများ ထက်စံ ချိန်တင်လောက် အောင်တလဒေါ်လာ၈၀ခန့်အထိပြည်သူများကပေးနေရသဖြင့်ဆင်းရဲသော ကျောင်းသားလူငယ်များမတတ်နိုင်ခြင်း။(ခေတ်မှီသောအမေရိကန်နိုင်ငံတွင်၁၉ မှ ၃၀ ဒေါ်လာ အတွင်းသာအမြန်နှုန်းအလိုက်ပေးရသည်) ။
ထိုပြောင်းလဲလာခြင်းအားလုံးသည်အပြည့်အဝပြောင်းလဲခြင်းမျိုးမဟုတ်ဘဲတဝက်တပျက်တိုးလို့တန်းလန်းပြောင်းလဲပြထားခြင်းသာဖြစ်သည်။ ထိုကဲ့သို့ဟန်ပြပြောင်းလဲခြင်းကြောင့်ရရှိလာ သောအကျိုးအမြတ်မှာလည်းကြီးမားလှသည်။ လူအများကဒလံများ၊ အလံရှူးများ၏ သမိုင်းတ ဆစ် ချိုးလာခြင်း၊ ဒီမိုကရေစီလမ်းပေါ်သို့ပထမ ခြေလှမ်းစသည် ဖြင့် ပြောစကားများကြောင့် အကောင်းမြင်လာကြပြီးအမှန်တကယ်ပြောင်းတော့မည်ဟုထင်လာကြသည်။ ထို့ပြင်အကျဉ်း သားတသောင်းကျော်လွှတ်ပေးလိုက်ပြန်သောအခါ နိုင်ငံရေးအကျဉ်းသားအားလုံးကိုမကြာ မှီလွှတ်တော့မယောင်အစိုးရအကြံပေးများကဘေးတီးပေးကြပြန်သဖြင့်ပြည်တွင်းပြည်ပမှမယုံတဝက်ယုံတဝက် ဖြင့်မျှော်လင့်ကြီးစွာစောင့်စားရင်းမိမိတို့လင်၊သား ၊တူ ၊ညီ ၊ညီမ တို့ များလွှတ်လေ မလား ဟုမျှော်ကြပြန်သည်။
အရှေ့တောင်အာရှနိုင်ငံများမှလည်းသိန်းစိန်လုပ်ရပ်ကိုရွှန်းရွှန်းဝေအောင်ခြီးကြုးရင်းဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်လာပြီဟုဆိုလာရင်းအာစီယံ၏ ဥက္ကဌ အဖြစ်လွယ်လွယ်ကူကူလက် ခံလိုက်ကြသည်။
ထိုမှတဆင့်ရွေးကောက်ပွဲဥပဒေကိုစတိပြင်ဆင်ပေးလိုက်သောအခါ NLD မှတ်ပုံခြင်းနှင့်ဒေါ်စု ပါ ရွေး ကောက်ပွဲဝင်တော့မည်အထိ ဗိုလ်သိန်းစိန်တို့ကစိတ်ဓါတ်ရေးရာတိုက်ပွဲတွင် ဆရာ ကြီးဗိုလ် သန်းရွှေ၏အကွက်ဆင်မှုအောက်မှနေ၍လှလှပပကပြသွားခဲ့သည်။
အမေရိကန်ကလည်းနှစ်ငါးဆယ်အတွင်းအမြင့်ဆုံးသံတမာန်ဖြစ်သည့်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကိုစေလွှတ်လိုက်ပြန်သည်၊ မြန်မာအစိုးရအကြံပေးဦးကိုကိုလှိုင် ကလည်းအစိုးရကလုပ် သင့်သောလုပ်ရပ်ကြီးကိုလုပ်ပေးပြီးဖြစ်သဖြင့်အမေရိကန်အစိုးရမှ စီးပွါးရေးပိတ်ဆို့မှုကိုရုပ် သိမ်း တော့မည်ဟုမျှော်လင့်ကြောင်းစကားကြောင်းလာခဲ့သည်။
သမတအကြံပေးဦးကိုကိုလှိုင်၏ လုပ်သင့်သောလုပ်ရပ်ကြီးလုပ်ပေးပြီးပြီဆိုသည်မှာ ဘာလုပ် ရပ်ကိုဆိုလိုပါ သလဲ? ကျွန်တော်မြင်သောအဓိက လုပ်သင့် သောလုပ်ရပ်မှာ နိုင်ငံရေးအကျဉ်း သားများအားလုံး လုံးဝလွတ်မြောက်ရေးပင် ဖြစ်သည်။ အမေရိကန်သည်ထိုအချက်ကိုကောင်း စွာသဘောပေါက် မည်ဟုမျှော်လင့်မိသည်။ ထိုလုပ်ရပ်ကြီးကိုမလုပ်သ၍ စီးပွါးရေးပိတ်ဆို့မှု ကို ဆက်လက်ထား ခြင်းဖြင့်နအဖ၏ လည် ပင်း ကိုညစ်ထားပြီးသေဖော်သေဖက်ရဲဘော် များ လွတ်မြောက်ရေးကိုမျှော်မှန်းရင်းလူထုအုံကြွမှုကြီးကိုမြှင့်တင်ရပေတော့မည်။
ကျွန်တော့်အမြင်အရ အာရပ်အုံကြွမှုကဲ့သို့အုံကြွမှုမျိုးမြန်မာနိုင်ငံတွင်များစွာဖြစ်နိုင်ချေရှိနေပါ သည်။  မြန်မာနိုင်ငံသည်တော်လှန်ရေးတခုအဖြစ်ပေါက်ကွဲလာရန်တာစူလျက်ရှိနေပြီဖြစ်သည် သိန်းစိန်အစိုးရညစ်ပတ်၍ရွေးကောက်ပွဲအနိုင်ရသွားခြင်းကိုအလွန်ကြိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံလိုလူမှုရေး ၊စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ငြိမ်းချမ်း ရေးစသည်တို့အဖက်ဖက်မှချွတ်ခြုံကျနေသောနိုင်ငံကိုဘယ်လိုနည်းနှင့်မျှတိုးတက်ဖွံ့ဖြိုးလာစေရန်သိန်းစိန်အစိုးရကမတတ်နိုင်ပါ၊ ထိုကြောင့်သူ့သက်တန်းပြည့်အုပ်ချုပ်ရေးကာလတွင်ပြည် သူ၏လိုလားထောက်ခံမှုကိုရနိုင်လိမ့်မည်မဟုတ်ပေ။တိုင်းပြည်စီးပွားရေးပိုမို၍ကြပ်တည်းလာဘို့သာရှိပါသည်၊ ကြပ်တည်းလာလေအုံကြွမှုဖြစ်နိုင်ချေများလေဖြစ်သဖြင့်လူထုကြီးကိုဦး ဆောင်နိုင်သောခေါင်းဆောင်လူငယ်များကိုစံနစ်တကျလေ့ကျင့်ပေးထားဘို့သာလိုကြောင်း တင်ပြအပ်ပါသည်။
ထွန်းအောင်ကျော်
နိုဝင်ဘာလ ၂၈ ရက် ၂၀၁၁
ည၁၀နာရီ ၃၆ မိနစ်
အီသီကာမြို့၊ နယူးယောက်ပြည်နယ်။



Write A Comment

Pages 22123456 »
Rohingya Exodus