အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အလောင်းအစားမဟုတ်-ဒေါ်အောင်ဆန်းစုကြည်က ပြော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓါတ်ပုံ- NLD မဲ မသမာမှုတွေအများကြီးရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ အများအပြားရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားတစ်ဖြစ်လဲ အငြိမ်းစား စစ်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အလောင်းအစား တစ်ခုလို ဖြစ်နေပါသလားလို့ RFA သောတရှင်တဦး မေးမြန်းထားတာကို ဒေါ်အောင်ဆန်းစုကြည်ကအဲဒီလို ဖြေကြားလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်တာဟာ နိုင်ငံရေး သိက္ခာကျတယ်လို့ ပြောဆိုဝေဖန် တာတွေကိုလည်း နိုင်ငံနဲ့ပြည်သူ့ အကျိုးအတွက် မှန်ကန်တဲ့ လမ်းစဉ်တစ်ခုကို လုပ်ကိုင်ရာမှာ သိက္ခာကျမလားလို့ စဉ်းစားတာဟာ တိုင်းပြည်အကျိုးထက် ကိုယ့်အတ္တကို ဦးစားပေး ရှေ့တန်းတင်တဲ့ ကိစ္စမျိုး ဖြစ်တဲ့အတွက် မရှိသင့်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။