Latest Highlight

Press Statement from Burma VJ Team

အောက်တိုဘာလ ၁ ရက်နေ့တွင် ဒီမိုကရက်တစ်မြန်မာ့အသံ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် အင်တာနက်စာမျက်နှာတွင် ဒီဗွီဘီဖြင့် ဆက်စပ်လုပ်ကိုင်နေသော ပြည်တွင်းလှုပ်ရှားမှုလုပ်ငန်းများ၏ ဦးဆောင်မှုမှ ၂၀၁၀ ခုနှစ်အတွင်းအမေရိကန် ဒေါ်လာ ၃ သိန်းခန့် အလွဲသုံးစားမှု လုပ်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး၊ တီဗွီအစီအစဉ်တွင်လည်းထိုအကြောင်းကို ယာယီဒါရိုက်တာအဖြစ် တာဝန်ယူထားသည်ဟု ဆိုသည့် ဦးဟန်ညောင်ရွေ နှင့် မေးမြန်းသူသန်းဝင်းထွဋ္ဋ် တို့ က လိုသလို တဖက်သတ် မေးမြန်း စွပ်စွဲ ပြောကြားခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုကိစ္စအတွက် ဒီဗွီဘီဦးဆောင် တာဝန်ရှိသူနှစ်ဦးဖြစ်သည့် ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့မှ ၎င်းတို့ရဲ့ လက်ရှိရာထူးများမှ ယာယီနှုတ်ထွက် ပေးထားကြောင်းကို အသားပေးဖော်ပြထားပြီး ပြည်တွင်းနက်ဝက် အကြီးအကဲကိုတော့ ဘုတ်အဖွဲ့ညွန်ကြားချက်ဖြင့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ရာထူးမှ ရားဝင်ဖယ်ရှားလိုက်ပြီဖြစ်ကြောင်းကို လုံးဝဖော်ပြခဲ့ခြင်းမရှိပါ။



Please click on image to view larger





Write A Comment

Rohingya Exodus