Latest Highlight

ကိုမင်းကိုနိုင်ရဲ့မွေးနေ့ပွဲမှာအမှတ်တရရေးပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာမူရင်းနဲ့Bloggerနေဘုန်းလတ်ရဲ့ကဗျာ

အစိုးရဆိုတာ လွှတ်တော်ကို အခြေခံထားရတာဖြစ်လို့ ဘာလုပ်လုပ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ လုပ်ပါ။
0 Comments - 19 Oct 2011
အစိုးရပိုင်လို့ အတင်း နာမည်တပ်တာကိုက အစိုးရက ပြည်သူတွေကို အနိုင်ကျင့်တာ ဖြစ်တယ်။ဒါတွေက နိုင်ငံပိုင်၊ ပြည်သူပိုင်တွေ ဖြစ်တယ်။ အစိုးရပိုင်တာ မဟုတ်ဘူး။ အကြမ်းဖျဉ်းဆိုရင် အစိုးရဆိုတာ ခု ဖွဲ့စည်းပုံအရ ၅ နှစ် တကြိမ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အနိုင်ရ ပါတီက ဖွဲ့စည်းလိုက်တဲ့ အုပ်စုပဲ။ ဒါကြောင့် သူတို့က ကြိုက်သလို ပိုင်ဆိုင်ခွင့် လုပ်ပိုင်ခွင့် ပေးလို့ မဖြစ်ဘူး။ဒီလိုသာ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အဦတွေကို အာဏာရပါတီရဲ့ အစိုးရက အလိုအလျောက် ပိုင်ကြေးဆိုရ...

More Link
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက်မွေးနေ့ လက်ဆောင်အဖြစ် ယနေ့ ပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားလူရွှင်တော် ကိုဇာဂနာက တောင်းဆိုလိုက်သည်။

မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်း မြို့မပရိယတ္တိ စာသင်တိုက်တွင် ယနေ့နံနက် ကျင်းပပြုလုပ်သည့် မွေးနေ့ပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး လူရွှင်တော် ကိုဇာဂနာက ကိုမင်းကိုနိုင် စပ်ဆိုရေးသားသည့် ကဗျာတပုဒ်ကို ရွတ်ဆိုကာ သီချင်းသံပြိုင်ပိုဒ်ကို သီဆိုခဲ့ကြောင်း တက်ရောက်ခဲ့သည့် NLD အဖွဲ့ဝင် တဦးကပြောသည်။

“သမ္မတကြီး ခင်ဗျား ကိုမင်းကိုနိုင်ကို မွေးနေ့လက်ဆောင် ပေးတဲ့အနေနဲ့ ဒီနေ့ပဲ လွှတ်ပေးလိုက်ပါ ခင်ဗျားလို့ တောင်းလိုက်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါမွေးနေ့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဖြစ်သည့် သူရဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ အပြင် အနုပညာရှင်များဖြစ်သည့် ကိုဇာဂနာ၊ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇေယျာသော်၊ ဆောင်းဦးလှိုင်တို့ တက်ရောက်ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အေင်ဆန်းစုကြည်က အကျဉ်းချမထားသင့်သူများကို အကျဉ်းချထားခြင်းသည် မလုပ်သင့်သော လုပ်ရပ်ဖြစ်ကြောင်း၊ လူတိုင်း၏ လွတ်လပ်ခွင့်နှင့် ထူထောင်ခွင့်အတွက် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းသို့ ၀င်ရောက်လာသူများဖြစ်ကြောင်း ပြောဆိုသည်။



credit : downmanhon

Write A Comment

Rohingya Exodus