Latest Highlight

ဆော်ဒီနိုင်ငံသို့ ဟခ်ျဘုရားဖူးသွား ဗီဇာရရှိ ခက်ခဲရှိသူများစုပေါင်း၍ ၂၈ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမည်

မြန်မာနိုင်ငံမှ ဆော်ဒီနိုင်ငံသို့ ဟခ်ျဘုရားဖူးသွား ဗီဇာရရှိ ခက်ခဲရှိသူများစုပေါင်း၍ နိုင်ငံတော်သမ္မတ ၊ ဆော်ဒီသံရုံး နှင့် သာသနာရေးဝန်ကြီးဌာန သို့ အဆိုပါအခက်အခဲကို ဖြေရှင်းပေးရန် စာပေးပို့ခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့အထိ မည်သို့သော ဖြေရှင်းမှုမျိုးမှ မလုပ်ဆောင်ပေးပါက ၂၈ရက်နေ့တွင်  ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဖြစ်ကြောင်း ဗီဇာရရှိရန် စောင့်ဆိုင်းနေသူများထံမှသိရသည်။

“စာစီတာ မနေ့က မပြီးလို့ ဒီနေ့ အကုန်စာစီ သဘောတူပြီးဒီနေ့ နိုင်ငံတော် သမ္မတ ဆီရယ် သာသနာရေးဝန်ကြီးဆီရယ် ဆော်ဒီသံရုံးဆီကို စာပေးပို့ထားတယ် အမြန်ဆုံးဖြေရှင်းပေးဖို့ပေါ့ ကျွန်တော်တို့ကလည်း စောင့်ကြည့်အုံးမယ် တကယ်လို့ လာမယ့်အပတ် ဗုဒ္ဒဟူး ၂၇ ရက်နေ့ မှာမှ မဖြေရှင်းပေးဘူးဆိုရင် ဆော်ဒီသံရုံးရှေ့မှာ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှာ” ဟု ဟခ်ျဘုရားဖူးသွားရန် ဗီဇာစောင့်ဆိုင်းနေသူ တစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ၊ အစ္စလမ်ဘာသာရေးရာအဖွဲ့အစည်း ငါးဖွဲ့ နှင့်ဆော်ဒီသံရုံးမှဝန်ကြီးများမှ တွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးလိုကြောင်း နှင့် ဗီဇာရရှိရန် ၇၀၀၀ ကျော်ခန့် စောင့်ဆိုင်းနေသူများလည်း ရှိကြောင်းသိရသည်။
“ နိုင်ငံတော် သမ္မတကြီးရယ် အစ္စလမ်ဘာသာရေးအဖွဲ့အစည်းက ငါးဖွဲ့ရှိတယ် သူတို့တွေရယ် ဆော်ဒီသံရုံးက ၀န်ကြီးတွေရယ် တွေ့ဆုံပြီး ဖြေရှင်းပေးစေလိုပါတယ် အရင်နေ့တွေက တစ်ထောင်ကျော်ရှိတာ အခု ဆော်ဒီသံရုံးရှေ့မှာ ဗီဇာစောင့်နေသူတွေက ခုနှစ်ထောင်လောက်ရှိနေပြီ  “ဟု ဟာရီ ဦးစိန်မြင့် ကပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့်လည်း ဘာသာရေးရာကိစ္စကို ဖြေရှင်းပေးစေလိုကြောင်း ၊ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးနေကြောင်းကိုယုံကြည်လိုသောကြောင့် ဆော်ဒီနိုင်ငံဟခ်ျဘုရားဖူးသွားနိုင်ရန် ဗီဇာရရှိရေးတွင် အဆင်ပြေလိုကြောင်း သိရသည်။

“ မြေနီကုန်းရဲစခန်းမှာလည်း  ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြဖို့ စာတင်ထားတယ် လွှတ်တော်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်တို့ဘာတို့ ဥပဒေအတည်ပြုဖို့ လုပ်နေတယ်လည်းကြားတယ် လွှတ်တော်ကိုဘဲ အားကိုးနေလို့ မရဘူးလေ အခုက လာမယ့် နိုဝင်ဘာ ၃ရက်နေ့ဆို ဆော်ဒီနိုင်ငံက လေယာဉ်ဆိုက်ခွင့် ရက်နားတော့မှာ ဖြေရှင်းမပေးခဲ့ရင်တော့ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မဟုတ်ဘူး ၊ ယုံကြည်ချက်လည်းမရှိတော့ဘူး ယုံကြည်ချင်တယ် အစိုးရသစ်လက်ထက်မှာပေါ့”ဟု ဗီဇာရရှိရန် ဆော်ဒီသံရုံးရှေ့တွင် လာရောက်စောင့်ဆိုင်းသူ တစ်ဦးက ပြောသည်။

ဗီဇာ အခက်အခဲကြောင့် ဆော်ဒီသံရုံးရှေ့တွင် ၇၀၀၀ ဦးရေခန့်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ ဖြေရှင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၂၇ရက်နေ့စောင့်ကြည့်မည်ဖြစ်ပြီး ဆောင်ရွက်ပေးခြင်းမရှိပါက ၂၈ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသွားမည်ဖြစ်ကြောင်းသိရသည်။

Credit: Myit Makha Media Group

Write A Comment

Rohingya Exodus