“ရခိုင်ပြည်ဖွား ရိုဟင်ဂျာဘ၀”
ရာစုတ၀က်၊ ခံစားစံစား
အမုန်းတရား၊ မြန်မာပြည်မှာ
ညှင်းဖမ်း နှိပ်စက်၊ တရားမဲ့စွာ
လူသားပမာ တန်ဖိုးမထား၊ စစ်ဝါဒီများ။
အို- ရိုဟင်ဂျာလူမျိုး၊ မြန်မာပြည်ဝယ်
လူမှုစီးပွါး၊ နိုင်ငံရေးအရ
ချုပ်ချည်ပိတ်ပင်၊ ဆေးဝါးကုသ
ကန့်သတ်ရက်နှင့်၊ နယ်မကျော်ရ
အမိန့်အရ၊ စစ်အစိုးရ။
အမျိုးဘာသာ၊ ပညာရေးကို
လူမျိုးတုံးစေ၊ မှုစနစ်များဖြင့်
အချိန်ကြာလေ၊ မျက်စိကန်းလေ
အမြင်မကျယ်၊ လူမျိုးဘ၀ ဖြစ်ပေါ်စေလို
မွေးရာဒေသ၊ ထောင်ကြီးပမာ
ရုန်းကန်နေရသည်ကား၊ ရိုဟင်ဂျာများ။
ရေမြေ တောတောင်၊ အထပ်ထပ်ကို
ကျော်လွှား၊ ဖြတ်သန်းခရီးကြမ်း၌
ရေစုန်ရေဆန် မျောနေရသည်၊
သမုဒ္ဒရာ လှိုင်းဂယှက်ကြား၊ ဦးတည်ရာမဲ့
သွားနေရသည်လမ်းဘေးဘ၀၊ ရိုဟင်ဂျာများ။
သြော်- အထဲအပြင်၊ ရိုဟင်ဂျာဘဝ
စစ်သွေးကြွများနှင့်အမျိုးသားဝါဒီ၊ ရက်စက်ကြမ်းကြုတ်
ရိုဟင်မျိုးနွယ်၊ မျက်ရည်ယိုစီး
ခြောက်သွေ့နေသည့်၊ ရေအိုင်ပမာ
ကမ္ဘာမကျေ၊ မြန်မာပြည်၌
ရခိုင်မြေဖွား၊ ရိုဟင်ဂျာများ
အစစ်အမှန် ဒီမိုကရေစီရေးကို၊ စောင့်မျှော်နေဆဲ
ဒီမိုကရေစီအရေး၊ ဒို့အရေး။
ရေးသူ-စောလွင်
(ရန်ကုန်တက္ကသိုလ်)
Author is Contributor of Free Rohingya Campaign (FRC)
Sawlwin@freerohingyacampaign.com