Latest Highlight

“တွေ့ဆုံဆွေးနွေး အဖြေရှာမှုကို လေ့လာခြင်း” အပိုင်း(၁)

"Learning the negotiated settlement"

“တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာဟာ စစ်အစိုးရအနိုင်ရဖို့လည်းမဟုတ်လို၊ ကျွန်မတို့ အနိုင်ရဖို့လည်း မဟုတ်ပါဘူး။ ပြည်သူတွေ အနိုင်ရဖို့သာဖြစ်ပါတယ်” (မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်- ၁၉၉၄ခုနှစ်က အမေရိကန် ကွန်ဂရက်အမတ် Bill Richardson တွေ့ဆုံအပြီး ပြောဆိုချက်)။

"Let us never negotiate out of fear". "But let us never fear to negotiate". John F. Kennedy.
“ကြောက်နေလို့(အကြောက်တရားကြောင့်)တော့ ဘယ်တော့မှ တွေ့ဆုံဆွေးနွေးခြင်း အမှုကိုမပြုလေနှင့်။ တွေ့ဆုံ ဆွေးနွေး ရမှာကိုသာ ဘယ်တော့မှ မကြောက်ကြနှင့်” အမေရိကန် သမ္မတ ဟောင်း ဂျွန်အဲ(ဖ်)ကနေဒီ။ 


 “တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း”ကို နားလည်ခံယူနိုင်ဖို့ဆိုရင် ဒီမိုကရေစီစိတ်ဓါတ်၊ ဒီမိုကရေစီအတွေးအခေါ် အလေ့အကျင့်ရှိဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ အာဏာရှင်ဝါဒ၊ အစွန်းရောက်ဝါဒ၊ အပြောင်းအလဲကို မလိုလားတဲ့၊ အတွေးအခ်ါသစ်ကို နေရာမပေးတဲ့ တရားသေ၀ါဒ တွေရဲ့ အငွေ့အသက်တွေဖြစ်တဲ့ အစွဲအလန်းဟောင်း အယူအဆဟောင်း တွေကို တော်လှန်ပြောင်းလဲ ပစ်ပြီး၊ မှားယွင်းနေတဲ့၊ ခေတ်မမှီတော့တဲ့ အတွေးအခေါ်ဟောင်းတွေကို စွန့်လွှတ်ပစ်နိုင်ရမှ သဘောပေါက်၊ ပိုက်ထွေးနိုင်မယ်လို့ ဆိုနေကြပါတယ်။ မိရိုးဖလာ ဘောင်ကန့် စဉ်းစားနည်းကို ကျော်လွန်ပြီး “Critical thinking” (အကန့်အသတ်၊ ဘောင်ကျော် စဉ်းစားနည်း)၊ “Creative thinking”(အစွဲအလန်းကင်းပြီး ဓမ္မဓိဌာန်ကျကျ စဉ်းစားနည်း)တွေကို အခြေခံပြီး စဉ်းစားဆင်ခြင်နိုင်ခြင်းမရှိပဲ၊ “To agree to disagree” (သဘောမတူမှုကို သဘောတူခြင်း) ဆိုတဲ့ လစ်ဘရယ်လ် သဘောထားကို မမွေးယူနိုင်ပဲနှင့်တော့ နားလည်လက်ခံဖို့ မလွယ်ဘူးလို့ သတိပေးကြပါတယ်။ Zero sum theory လို့ ခေါ်တဲ့ “သုံညကြွင်း နိယာမ” မိမိ(သို့)မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွားဟာ မိမိ(သို့)မိမိနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနှင့် အခါခပ်သိမ်း ဆန့်ကျင်နေတယ်”ဆိုတဲ့ အမြင်ကျဉ်းစဉ်စားနည်းထဲက ထွက်နိုင်ဖို့ပြီး “မိမိ(သို့) မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွားဟာ မိမိ(သို့)မိမိနှင့်ဆန့်ကျင်ဘက်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနှင့် အခါခပ်သိမ်း ဆန့်ကျင် မနေပါဘူး” Non-Zero sum theory ဆိုတာကို ကောင်းကောင်းနားလည်ဖို့ က သော့ချက် အကျဆုံးပဲလို့ ပြောနေကြပါတယ်။ ဒါတွေနှင့် တချိန်တည်းမှာ “မူ”အပေါ်မှာရပ်ပြီး။ “မူ”အရ ဆုံးဖြတ်လုပ်ကိုင်တတ်ဖို့ကလည်း မလွဲမသွေ လိုအပ်ကြောင်း ဖြည့်စွက်ပြောဆိုကြပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေးရဲ့ သော့ချက်ဟာ စိတ်ဓါတ်တော်လှန်ရေးဖြစ်တယ်၊ စိတ်ဓါတ်နှင့်စဉ်းစားနည်းပြောင်းဖို့လိုတယ်လို့ ဟိုးအစောကြီး ၁၉၈၈ခုနှစ် ကတည်းက စိုက်လိုက်မတ်တတ် ပြောဆိုသတိပေးလာတာ ဒီကနေ့အထိပါပဲ။ 

ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ၂၀၁၁၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ အခုလိုပြောခဲ့တာကို ပြန်ပြီးတင်ပြပါရစေ။ 

“ကျမတို့​ရဲ့​ ဒီမိုက​ရေစီ​တော်လှန်​ရေး​ဆိုတာ တကယ်​တော့​ စိတ်ဓာတ်​တော်လှန်​ရေး​ပဲ ဖြစ်တယ်။ ဒီမိုက​ရေစီ ခိုင်မာ​အောင် လုပ်ဖို့​ဆိုလို့​ရှိရင် ကိုယ့်​စိတ်​တွေက တကယ့်​ကို ဒီမိုက​ရေစီနဲ့​ ဆီ​လျော်တဲ့​စိတ်​တွေ ဖြစ်ရမယ်။ ဒီမိုက​ရေစီနဲ့​ဆီ​လျော်တဲ့​ စိတ်ဓာတ်​တွေကို ကျမတို့​မွေး​မြူရမယ်။ ကျမတို့​ပါး​စပ်က​နေပြီး​တော့​ ဘယ်လိုပဲ​ပြော​နေ​ပြော​နေ စိတ်က​နေ ပြီး​တော့​ မပါလို့​ ရှိရင် ကျမတို့ ​အောင်မြင်​အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး​။ ကျမတို့​ စိတ်ဓာတ်​တော်လှန်​ရေး​ဆိုတာ စိတ်ကို​ပြောင်း​လဲ ခြင်း​ပဲ။ ​တော်လှန်​ရေး​ဆိုတာဟာ အ​ခြေအ​နေတခုကို သိသိသာသာ တခါတည်း​ ​ပြောင်း​လဲပစ်လိုက်တာ ပဲ။ ထင်သာမြင်သာဖြစ်​အောင်လို့​ အ​ပြောင်း​အလဲ အကြီး​ကြီး​ ဖြစ်​အောင်လို့​ လုပ်လိုက်တာပဲ။”


“ကျမတို့​ ဒီမိုက​ရေစီ ရချင်တယ်ဆိုရင်၊​ ဒီမိုက​ရေစီ ခိုင်မြဲချင်တယ်ဆိုရင် ကျမတို့​ရဲ့​စိတ်​တွေကို ဒီမိုက​ရေစီနဲ့​ထိုက်တန်​အောင်လို့​ လုပ်ရမယ်။ ဒီမိုက​ရေစီနဲ့​ မသင့်​လျော်တဲ့​ စိတ်​တွေ၊​ ဒီမိုက​ရေစီနဲ့​ မသင့်​လျော်တဲ့​ အမြင့်​တွေကို ကျမတို့​ က​ပြောင်း​ကပြန်ကို ဖြစ်​အောင်လုပ်ပြီး​တော့​ ပြန်လှန်ပြီး​တော့​ ​တော်လှန်ပစ်လိုက်ရမယ်။ ​တော်လှန်ပြီး​တော့​မှ ဒီမိုက​ရေစီနဲ့​ထိုက်တန်တဲ့​ စိတ်ဓာတ်​တွေကို ကျမတို့​ ​မွေး​မြူရမယ်။”
“မူ”အပေါ်မားမားမတ်မတ်ရပ်ဖို၊့ အပြောင်းအလဲကို လက်ခံပြီး ပျော့ပြောင်းမှုရှိဖို့ အရေးကြီးပုံနှင့် တရာသေ ဆုပ်ကိုင်ထားမှုမှားယွင်းကြောင်းကိုလည်း အဖွဲ့ချုပ် ထူ​ထောင်ခြင်း​ ၂၃ နှစ်ပြည့်​အထိမ်း​အမှတ်နေ့က အခုလို ပြောပါသေးတယ်။ 

“အချိန်ကာလ​တွေအတွက် အ​ကြောင်း​တရား​အား​ဖြစ် အတိတ်ရယ်၊​ ပစ္စုပ္ပန်ရယ်၊​ ​နောင်လာမယ့်​ အနာဂတ်ရယ် ဆိုပြီး​ရှိတယ်။ အဲ​တော့​ ကျမတို့​ အခု ပစ္စုပ္ပန်မှာ ​ရောက်​နေတဲ့​အခါမှာ အတိတ်ကို မှန်မှန်ကန်ကန် ရဲရဲဝံ့​ဝံ့​နဲ့​ ပြန်ပြီး​ကြည့်​နိုင်ရမယ်။ အတိတ်ရဲ့​ အဖြစ်အပျက်​တွေကို သင်ခန်း​စာယူရမယ်။ ပစ္စုပ္ပန်နဲ့​ အနာဂတ်အတွက် အကျိုး​ရှိ​အောင်၊​ တချိန်တည်း​မှာပဲ ကျမတို့​က အတိတ်ရဲ့​ ချုပ်​နှောင်မှုကို မခံရ​အောင် ​နေနိုင်ရမယ်။ ဒါမှလည်း​ ကျမတို့​ဟာ ပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန်နဲ့​ ဆက်ပြီး​သွား​နိုင်မှာ ဖြစ်ပါတယ်။
……………….အနာဂတ်ကို ရင်ဆိုင်ရဲတဲ့​သတ္တိဆိုတာ ပစ္စုပ္ပန်နဲ့​ အတိတ်ကို ရဲရဲဝံ့​ဝံ့​ ညှိနှိုင်း​မှ ဖြစ်​ပေါ်လာမှာပါ။ အတိတ်နဲ့​ ပစ္စုပ္ပန်ကို ရဲရဲဝံ့​ဝံ့​ မညှိနှိုင်း​တဲ့​လူ​တွေက အနာဂတ်ကို သတ္တိနဲ့​ ရင်ဆိုင်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး​။ ကျမတို့​ဟာ တ​လျှောက်လုံး​ သတ္တိကို လိုအပ်ခဲ့​တဲ့​သူ​တွေဖြစ်ပါတယ်။

……… အဖွဲ့​ချုပ်က ကနဦး​ကတည်း​က ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​နဲ့​ အ​ဖြေရှာမယ်။ အကြမ်း​မဖက်တဲ့​ လမ်း​စဉ်ကို သွား​မယ်ဆိုပြီး​ ဆုံး​ဖြတ်ခဲ့​တာဖြစ်တယ်။ ဒါ​တွေက မူ​တွေပါပဲ။ မူ​ပေါ်မှာ ကျမတို့​က မား​မား​မတ်မတ် ရပ်တည်မယ်။ ဒီမူ​ပေါ်မှာ ရပ်တည်ပြီး​ ကျမတို့​က ​ပြောင်း​သာပြင်သာ ရှိတဲ့​အ​နေအထား​မှာ အမြဲကျမတို့​ ​နေသွား​မှာဖြစ်ပါတယ်။ ဒီလိုဒီအတိုင်း​ ဘယ်​တော့​မှ မ​ပြောင်း​မလဲ လုပ်မယ်ဆိုတဲ့​ စိတ်ဓာတ်မျိုး​ ကျမတို့​မထား​ပါဘူး​။ ကမ္ဘာကြီး​က ​ပြောင်း​လဲ​နေတယ်။ အချိန်ကာလက ​ပြောင်း​လဲ​နေတယ်။ တရား​အရ ​ပြောရမယ်ဆိုရင် အနိစ္စတရား​ဆိုတာ အမြဲရှိ​နေတယ်။ ဒီလို​ပြောင်း​လဲ​နေတဲ့​ ​လောကကြီး​မှာ ကျမတို့​ မ​ပြောင်း​မလဲ သွား​မယ်ဆိုတာ​တော့​ မဖြစ်နိုင်ပါဘူး​။ ဒါ​ပေမယ့်​လည်း​ ကျမတို့​က မူ​တော့​ရှိရမယ်။ မူ​တွေ​ပေါ်မှာ ရပ်တည်ပြီး​တော့​ တရား​မှာလည်း​ တရား​ဆိုတာရှိတာပဲ ဒီတရား​ပေါ်မှာ ရပ်တည်ပြီး​တော့​ အနိစ္စကို လက်ခံရသလို ကျမတို့​က ကျမတို့​ရဲ့​ မူ​တွေ​ပေါ်မှာ ဒီမိုက​ရေစီ ရရှိ​ရေး​အတွက် ကျမတို့​ ကိုင်ဆုပ်ထား​တဲ့​မူ​တွေ​ပေါ်မှာ ရပ်​နေပြီး​တော့​ ​ပျော့​ပျော့​ပျောင်း​ပျောင်း​နဲ့​ ဆက်လုပ်သွား​မှာပါ။ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ခုနှစ်နှောင်းပိုင်းက ပြောဆိုခဲ့တဲ့ အောက်ပါ စကားလုံးတွေဟာလည်း မှတ်သား စရာကောင်းလှပါတယ်။

“Flexibility is not a weakness and rigidity is not a strength” (အပေးအယူ အလျှော့ အတင်း လုပ်ခြင်းဟာ အားနည်းပျော့ညံ့မှု မဟုတ်သလို အပေးအယူအလျှော့အတင်းမလုပ်ပဲ ခေါင်းမာ၊ သဘောထား တင်းခြင်း ဟာလည်း အားကြီးမှု၊ သတ္တိကောင်းမှု မဟုတ်ပါဘူး။ (တကယ်တော့ ခေါင်းမာ၊ သဘောထားတင်းသူ ဟာ ကြောက်ရွံ့မှုအောက်ကျရောက်နေလို့ပဲတဲ့)။

တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာနှင့် ပတ်သက်တဲ့ အထင်ရှားဆုံး ဥပမာ ကတော့ ၁၉၇၄ခုနှစ်က ကင့်ဒေးဗစ် (Camp David) အပန်းဖြေစခမ်းမှာ အမေရိကန်သမတ ဂျင်မီကာတာ အစိုးရရဲ့ ဦးဆောင်အောက်မှာ ဟားဗတ် တက္ကသိုလ်က ပညာရှင်များရဲ့ အကြံပြုချက်များနှင့် အီဂျစ်နှင့် အစ္စရေးတို့အကြား ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေး မှု ပါပဲ။ အဲဒီတွေ့ဆုံဆွေးနွေးမှုကို အဆင့်(၃)ဆင့်ခွဲပြီးလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီ အဆင့်(၃)ဆင့်ဟာ နောက်ပိုင်းမှာ ကမ္ဘာ့ စံနှုန်းတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ 

ပထမ အဆင့်ကို Minimum Agreement (အနိမ့်ဆုံး သဘောတူချက်)လို့ခေါ်ဆိုပြီး၊ နှစ်ဦးနှစ်ဖက် အနိမ့်ဆုံး သဘောတူနိုင်တဲ့ အချက်တွေကို ရှာပါတယ်။ မတူတာတွေကို ခဏဘေးဖယ်ထားပြီး၊ လက်တွေ့လုပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ရှာဖွေတာဖြစ်ပါတယ်။ ( အဲဒါက ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီးဦးအောင်ကြည်တို့အကြားနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမတဦးသိန်းစိန်တို့အကြား ကနဦးပိုင်းက ပြောဆိုဆွေးနွေးခဲ့တာတွေနှင့် ဆင်ဆင်တူပါတယ်။ "မတူတာတွေကို ခဏဘေးဖယ်ထားပြီး တိုင်းပြည်အတွက် အကျိုးရှိမယ့် ဟာတွေကို လုပ်ကြဖို့ သဘောတူခဲ့တာနှင့်ဆင်ဆင်တူပါတယ်" 

ဒုတိယအဆင့်က အနိမ့်ဆုံး သဘောတူနိုင်တဲ့ အချက်တွေအပေါ် အခြေခံထားတဲ့လုပ်ငန်းစဉ်တွေကို လုပ်ရင်းနှင့် Confidence Building Measures (ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်) တွေကို လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေဟာ အလွန်သိမ်မွေ့ ပြီး၊ အမှားမခံနိုင်တဲ့ အဆင့်ဖြစ်တာမို့ သတိကြီးကြီးထားပြီးလုပ်ရပါတယ်တဲ့။ ဒီလုပ်ငန်းစဉ်နှင့် သက်သေထူ ရတာတွေက

တဘက်နှင့်တဘက် ရန်လိုမုန်းတီးမှု မရှိကြောင်းသက်သေထူရပါတယ်။ တဘက်ရဲ့ အကျိုးစီးပွားဟာ အခြားတဘက်ရဲ့ အကျိုးစီးပွားနှင့် မဆန့်ကျင်ပဲ၊ နှစ်ဖက်အကျိုးတူ တိုင်းပြည်ကောင်းကျိုးကို လုပ်နိုင် ကြောင်းပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးသိန်းစိန်အစိုးရကပါ ကျိုးပမ်းနေတာကိုတွေ့နိုင်ပါတယ်။ 

တင်ဝင်း၊
FWUBC

  1. Thanking you!

Write A Comment

Rohingya Exodus