နိုင်ငံရေးဘေးဒဏ်သင့်နေရသောရိုဟင်ဂျာများ၊၊
ယနေ့ကမ္ဘာပေါ်တွင်သဘာဝဘေးဒဏ်၊နိုင်ငံရေးဘေးဒဏ်ကြောင့်လူ့အသက်ပေါင်းများစွာဆုံးရှုံးသွားခြင်း၊ ခိုကိုးရာမဲ့ဘဝအဖြစ်သို့ရောက်ရှိသွားခြင်း၊နိုင်ငံမဲ့ဘဝအဖြစ်သို့ရောက်ရှိသွားခြင်းတို့ကိုရင်ဆိုင်နေပါသည်၊၊
ကျွန်မတို့ရိုဟင်ဂျာလူမျိုးများ သည်လည်းနိုင်ငံရေးဘေးဒဏ်ကြောင့်နှစ်ပေါင်းများစွာဒုက္ခမျိုးစုံခံစားနေရ ပါသည်။
ကျွန်မတို့ရိုဟင်ဂျာလူမျိုးများ
မြန်မာ့နိုင်ငံရေးပြောင်းလဲတိုင်းရိုဟင်ဂျာတွေကမြေဇာပင်ဖြစ်ရသည်မှာအစဉ်အလာကဲ့သို့ဖြစ်နေပါသည်။
တရားမျှတမှုမရှိသောနိုင်ငံရေး အဓွန့်ရှည်နေသမျှကာလပတ်လုံး ရိုဟင်ဂျာများသည်နိုင်ငံမဲ့ဘဝြ ဖင့် ဒုက္ခမျိုးစုံ ခံစားနေရမှာဧကန်မလွဲပါ၊
တရားမျှတမှုမရှိသောနိုင်ငံရေး
ရိုဟင်ဂျာတို့သည်မြန်မာနိုင်ငံ တွင်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် နေထိုင်ကြသူများဖြစ်ပါသည်။ နိုင်ငံသားအခွင့်အရေးများလည်း ရရှိခံစားခဲ့ပါသည်။ မြေနိမ့်ရာလှံစိုက်ဆိုသကဲ့သို့ လူနည်းစုများဖြစ်သော ရိုဟင် ဂျာများကိုသာဘဂါင်္လီဟုခေါ်ဆိုသမု တ်ပြီး၊ အမျိုးမျိုးအနိုင်ကျင့်နေပါသည်၊ ၊ လူသားစစ်စစ်ဖြစ်ပါလျက် လူ့အခွင့် အရေးဆုံးရှုံးနေသည်မှာ ရင်နာစရာကောင်းလှပါသည်၊၊ ရိုဟင်ဂျာတို့နေထိုင်ရာဒေသသည် ဘင်္ဂလားဒေ့ရှ့်ု နိုင်ငံနှင့်နယ်နိမိတ်ချင်းထိ စပ်နေသောကြောင့် ဘင်္ဂါလီဟုသတ်မှတ်ရမည်ဆိုပါက တခြားနယ်စပ်မှာနေထိုင်သောလူမျိုးအာလုံးကိုမည်သို့သတ်မှတ်ခေါ်ဝေါ်မည်နည်း။ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း နယ်စပ်တလျှောက်နေထိုင်သောသူများစွာရှိပါသည်၊၊နယ်စပ်တွင်နေထိုင်သောကြောင့်တဖက်နိုင်ငံသားဟုစွပ်စွဲ
နေသည်မှာ ယုတ္တိ မရှိပါ၊
နေသည်မှ
ကျွန်မတို့ ရိုဟင်ဂျာလူမျိုးများသည် နိုင်ငံတော်အပေါ်သစ္စာရှိပြီး၊ နိုင်ငံတာဝန်ကိုလည်းထမ်းဆောင်ခွ င့်ရရှိခဲ့ပါ သည်။ မန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးမရှိပါ၊မကြားဘူးပါဟုပြောဆိုနေခြင်းမှာလိမ်လည်လှည့်ဖျားနေခြင်းသာ ဖြစ်ပါသည်။၁၉၆၁ခုနှစ်မေလ(၁၅)ရက်နေ့မှစ၍ရိုဟင်ဂျာလူမျိုးစုကိုလူနည်းစုတခုအဖြစ်အသိအမှတ်ပြုလျက် ရိုဟင်ဂျာဘာသာကိုမြန်မာ့အသံမှ တပတ်လျင်(၃)ကြိမ်မှန်မှန်အသံလွှ င့်ခဲ့သည်ကိုထောက်ရှုလျှင်မည်သူ မျှ ငြင်းနိုင်မည်မဟုတ်ပါ။
နိုင်ငံတော်၏မူဝါဒ၊ သဘောတရားပြောင်းလဲသွားသည်နှင့် တပြိုင်နက်ရိုဟင်ဂျာတို့အခွင့် အရေးများ ဆုံးရှုံးသွား ပါသည်၊၊ ရိုဟင်ဂျာလူမျိုးများအား မောင်းထုတ်ရေးစီမံချက်အဖြစ် နဂါးမင်းစီမံချက်ကို ရည်ရွယ်ချက် ကောင်းကောင်း ဖြင့်အကွက်ဆင်ကာတဖက်နိုင်ငံသို့ ထွက်ပြေးသွားအောင်လုပ်ဆောင်ခဲ့ ပါသည်။ ယင်းစီမံချက် အောင်မြင်ရေးအတွက်ကြိုတင်စီမံမှုများအဖြစ်အထောက်အထားမြောက်များ စွာတွေ့ရှိနိုင်ပါသည်။ထိုစီမံချ က်၏အဓိကရည်ရွယ်မှာရိုဟင်ဂျာတို့ အားနိုင်ငံမဲ့ဘဝရောက်ရှိရေးပင်ြ ဖစ်ပါသည်။
ရိုဟင်ဂျာများမှာနိုင်ငံမဲ့ဘဝသို့ရောက်ရှိခြင်းနှင့်အတူ သဘာဝဘေးဒဏ်နိုင်ငံသားမဟုတ်သေြာေ ကာင့် အနိုင် ကျင့်စော်ကားမှုဒဏ်၊စားဝတ်နေရေးဒဏ်စသည့်ဒဏ်အမျိုးမျိုးဖြင့်အလူးအလဲခံစားနေရပါသည်၊၊နိုင်ငံမဲ့ဘဝဖြင့် ဘယ်လောက်ကြာကြာနေရမည်နည်း၊။
အမှန်တရားကိုမြတ်နိုးသောလူလူချင်းညှာတာတောက်ထားပြီးစစ်မှန်သောဒီမိုကရေစီကိုလိုလားတောင့်တနေ
သောဒီမိုကရေစီအင်အားစုများသည်ရိုဟင်ဂျာအရေးကိုပါဝင်ကူညီပေးမည်ဟုကျွန်မတို့ယုံကြည်ပါသည်၊၊
သောဒီမိုကရေစီအင်အားစုများသည်ရိုဟင်ဂျာအရေးကိုပါဝင်ကူညီပေးမည်ဟုကျွန်မတို့ယုံကြည်ပါသည်၊၊
ဆုံးရှုံးမှုသည်အောင်မြင်မှုအတွကအင်အားတစ်ရပ်ဖြစ်ကြောင့်ရိုဟငဂျာများသည်လည်းဆက်လက်ကြိုးစားရ ဦးမှာဖြစ်ပါသည်။ အောင်ပွဲဆိုသည်မှာလူသားတို့အတွ က်သာဖြစ်ပါသည်၊၊
ရိုဟင်ဂျာအရေး ….. ဒို့အရေး
ဒေါ်ခင်လှ။
ရက်စွဲ။ ။၂၀၁၁ ခုနှစ် စက်တင်္ဘာလ (၁၀) ရက်။
Author Daw Khin Hla is Retired Senior High School Teacher in Rangoon , Burma. She can be reached at dkhksa@gmail.com